သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အစ္စရေးရဲ့ ဂါဇာထိုးစစ်ဆန့်ကျင်တဲ့ဆန္ဒပြပွဲတွေ ကန် တက္ကသိုလ်ကြီးတွေမှာပြုလုပ်


ဂါဇာဒေသက ပါလက်စတိုင်းပြည်သူတွေအရေး တောင်းဆိုဆန္ဒပြနေစဉ် (ဧပြီ ၂၄၊၂၀၂၄)
ကိုလံဘီယာတက္ကသိုလ်၊ နယူးယောက်မြို့
ဂါဇာဒေသက ပါလက်စတိုင်းပြည်သူတွေအရေး တောင်းဆိုဆန္ဒပြနေစဉ် (ဧပြီ ၂၄၊၂၀၂၄) ကိုလံဘီယာတက္ကသိုလ်၊ နယူးယောက်မြို့

ဂါဇာဒေသက ပါလက်စတိုင်းပြည်သူတွေအရေး တောင်းဆိုဆန္ဒပြမှုတွေ အမေရိကန်ပြည်ထောင်စုတဝန်း တက္ကသိုလ်ကြီးတွေမှာ ပိုပြီး ကျယ်ပြန့်လာတာနဲ့အတူ ဗုဒ္ဓဟူးနေ့က တချို့တက္ကသိုလ်တွေမှာ ကျောင်းသားတွေ ဖမ်းဆီးခံခဲ့ရပါတယ်။ Southern California တက္ကသိုလ်ရဲ့ Los Angeles မြို့ကျောင်းဝန်းထဲကို ဝင်ရောက်ကျူးကျော်မှုနဲ့ ၉၃ ယောက်ကို ဖမ်းဆီးခဲ့တယ်လို့ Los Angeles ရဲဌာနက X လူမှုကွန်ရက်ပေါ်မှာ ရေးသားခဲ့ပါတယ်။ လူစုခွဲဖို့ သတိပေးခဲ့ပြီး ညနေပိုင်းမှာ ဖမ်းဆီးခဲ့တာဖြစ်ပြီး ဒီနေ့ ကြာသပတေးနေ့အထိလည်း ကျောင်းဝန်းထဲမှာ ရဲတွေ ရှိနေမယ်လို့ပြောပါတယ်။

ဆန္ဒပြပွဲတွေကနေ ဖျက်ဆီးတာတွေ ထိပ်တိုက်တွေ့မှုတွေ ဖြစ်လာတယ်လို့ ဆိုပြီး ကျောင်းအာဏာပိုင်တွေက ပင်မကျောင်းပရဝဏ်ကို ဗုဒ္ဓဟူးနေ့ညနေပိုင်းကစပြီး ပိတ်ထားပါတယ်။ ကျောင်းသားတွေ၊ ဆရာတွေနဲ့ ကျောင်းထဲမှာ ကိစ္စရှိသူတွေအနေနဲ့အထောက်အထားပြပြီး ဝင်ရောက်နိုင်မှာဖြစ်တယ်လို့ အသိ ပေးထားပါတယ်။

Austin မြို့က Texas တက္ကသိုလ်မှာလည်း ဗုဒ္ဓဟူးနေ့က ကျောင်းသားတွေ ကျောင်းဝန်းထဲ ချီတက် မသွားနိုင်အောင် ဒေသန္တရ ရဲတပ်ဖွဲ့နဲ့ ပြည်နယ်ရဲတပ်ဖွဲ့ဝင်တွေက တန်းစီရပ်ပြီး တားဆီးခဲ့ကြပါတယ်။ အဲဒီကနေ ဆန္ဒပြသူတွေနဲ့ ရဲတွေ ထိပ်တိုက်တွေ့ခဲ့ကြပြီး တချို့ ဖမ်းဆီးခံခဲ့ရပါတယ်။ ၃၄ ယောက်ဖမ်းဆီးခံရတယ်လို့ Texas ပြည်နယ် အများပြည်သူ ဘေးကင်းလုံခြုံရေးဆိုင်ရာ ဌာနက X လူမှုကွန်ရက်ပေါ်မှာ ရေးသားခဲ့ပါတယ်။

အခုလို အမေရိကန်တဝန်း တက္ကသိုလ်တွေမှာ ဆန္ဒပြမှုတွေ ကျယ်ပြန့်နေတာမှာ ထိပ်တန်းတက္ကသိုလ်ကြီးတွေဖြစ်တဲ့ Harvard၊ Brown နဲ့ MIT နည်းပညာတက္ကသိုလ်တွေမှာလည်း ဆန္ဒပြသူတွေဟာ ကျောင်းဝန်းထဲမှာ စခန်းချ ဆန္ဒပြနေကြပါတယ်။

ဂါဇာဒေသက ပါလက်စတိုင်းပြည်သူတွေအရေး တောင်းဆိုဆန္ဒပြနေစဉ် (ဧပြီ ၂၄၊၂၀၂၄) MIT, Massachusetts
ဂါဇာဒေသက ပါလက်စတိုင်းပြည်သူတွေအရေး တောင်းဆိုဆန္ဒပြနေစဉ် (ဧပြီ ၂၄၊၂၀၂၄) MIT, Massachusetts

အစ္စရေးစစ်တပ် စစ်ဆင်မှုကြောင့် ဂါဇာဒေသမှာ ပါလက်စတိုင်းအရပ်သားတွေ သေဆုံးမှု များလာတဲ့အပေါ် မကျေနပ်တဲ့အတွက် New York မြို့က Columbia တက္ကသိုလ်မှာ ကျောင်းသားတွေ ပြီးခဲ့တဲ့ သီတင်းပတ်ဆန္ဒပြပွဲကို ရဲတွေဝင်ရောက် လူစုခွဲခဲ့တာကနေ ခုလို ဆန္ဒပြပွဲတွေ နိုင်ငံအနှံ့ကျယ်ပြန့်လာခဲ့တာပါ။

ပါလက်စတိုင်းလိုလားသူတွေရဲ့ ဆန္ဒပြပွဲဟာ ဂျူးဆန့်ကျင်မှုလို ဖြစ်ပြီး သူတို့ကို ခြိမ်းခြောက်ရာ ရောက်နေတယ်လို့ ဂျူးကျောင်းသားတွေကပြောပြီး ရဲခေါ်ခဲ့တာဖြစ်ပါတယ်။ တဲထိုးဆန္ဒပြနေကြတဲ့ Columbia တက္ကသိုလ်ကျောင်းသားတွေဘက်က ယာယီတဲ တော်တော်များများကို ဖယ်ရှားပေးဖို့ သဘောတူခဲ့ကြပေမဲ့ ဆန္ဒပြပွဲတွေ ဆက်ရှိနေမှာဖြစ်တယ်လို့ တက္ကသိုလ်က ပြောပါတယ်။

အခုလိုဖြစ်နေချိန်မှာပဲ အောက်လွှတ်တော် ဥက္ကဋ္ဌ Mike Johnson ဟာ ဗုဒ္ဓဟူးနေ့က Columbia တက္ကသိုလ်ကို သွားပြီး ကျောင်းအကြီးအကဲ Minouche Shafik ကို ရာထူးကနေဆင်းပေးဖို့ တောင်းဆိုခဲ့ပါတယ်။ သူ့ကို ဆန္ဒပြကျောင်းသားတွေက လှောင်ပြောင်ခဲ့ကြပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG