သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အရှေ့အလယ်ပိုင်းဒေသ စစ်ရေးတင်းမာမှု ကန် သတိနဲ့စောင့်ကြည့်


အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်က အမျိုးသားလုံခြုံရေးကောင်စီ အဖွဲ့ဝင်တွေနဲ့ အိမ်ဖြူတော်မှာ စည်းဝေးခဲ့။
အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်က အမျိုးသားလုံခြုံရေးကောင်စီ အဖွဲ့ဝင်တွေနဲ့ အိမ်ဖြူတော်မှာ စည်းဝေးခဲ့။

အစ္စရေးအပေါ် အီရန်ရဲ့ တိုက်ခိုက်မှုနဲ့ ပတ်သက်ပြီး စိုးရိမ်မှုတွေ မြင့်တက်လာနေချိန်မှာပဲ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်ဟာ သူ့ရဲ့ အမျိုးသားလုံခြုံရေးအဖွဲ့နဲ့ တွေ့ဆုံဆွေးနွေးဖို့ စီစဥ်းပြီး အရှေ့အလယ်ပိုင်းက တင်းမာလာနေတဲ့ အခြေအနေကို စောင့်ကြည့်ဖို့ ရှိပါတယ်။ ဘိုင်ဒန်ဟာ သူ့ရဲ့ ဒလာဝဲ Delaware ပြည်နယ် ကမ်းခြေနေအိမ်မှာ သီတင်းပတ်ကုန် အားလပ်ရက်ယူဖို့ စီစဥ်ထားရာကနေ ချက်ချင်းပဲ အိမ်ဖြူတော်ကို ပြန်လာခဲ့ရပါတယ်။

အစ္စရေးက တိုက်ခိုက်တယ်လို့ ယူဆရတဲ့ ဆီးရီးယားက အီရန်ကောင်စစ်ဝန်ရုံးတိုက်ခိုက်မှုအတွင်း အီရန်အကြီးတန်းဗိုလ်ချုပ် ၂ ဦးအပါအဝင် လူ ၁၂ ဦးသေဆုံးခဲ့ပြီးနောက် အခြေအနေ ပိုဆိုးရွားလာနေတာမှာ ဒါဟာ အစ္စရေးနဲ့ ဟားမတ်စ်စစ်ပွဲနောက်ပိုင်း တင်းမာမှုမှာ အမြင့်ဆုံးဖြစ်ပါတယ်။ အမေရိကန်နဲ့ အစ္စရေး တာဝန်ရှိသူတွေက အခု သီတင်းပတ်ကုန်ထဲမှာ အီရန်ဘက်က တိုက်ခိုက်မှာ မျှော်လင့်ခဲ့ကြတာပါ။ ဒါဟာ ပဋိပက္ခတွေ ပိုမိုကျယ်ပြန့်လာကာ ဒေသတွင်းစစ်ပွဲကြီး ဖြစ်လာမှာကိုလည်း စိုးရိမ်မှုတွေ မြင့်တက်လာနေတာဖြစ်ပါတယ်။


ကာကွယ်ရေးဝန်ကြီး လွိုက်အော်စတင် က ဒေသတွင်း ခြိမ်းခြောက်မှုတွေကို အစ္စရေးနဲ့ အရေးပေါ် ဆွေးနွေးခဲ့ကြောင်း အမေရိကန် ပင်တဂွန် စစ်ဌာနချုပ်ကလည်း သတင်းထုတ်ပြန်ထားပါတယ်။ အီရန်က အစ္စရေးကို တိုက်ခိုက်လာရင် အပြည့်အဝ အကာအကွယ်ပေးပြီး အစ္စရေးအပေါ် အပြည့်အဝ ထောက်ခံပေးမယ်လို့ ဆိုပါတယ်။ အမေရိကန် သမ္မတရဲ့ အမျိုးသားလုံခြုံရေး အကြံပေးပုဂ္ဂိုလ် Jake Sullivan ကလည်း အစ္စရေးက သူနဲ့ ရာထူး လုံခြုံရေး အကြံပေးနဲ့ စကားပြောခဲ့ပြီး အမေရိကန် ပြည်ထောင်စုအနေနဲ့ “အစ္စရေးလုံခြုံရေးအတွက် အခိုင်အမာ ကတိကဝတ် ထားရှိကြောင်း” ပြောခဲ့ပါတယ်။

အမေရိကန်အနေနဲ့ အစ္စရေးကို ကာကွယ်ဖို့ သန္နိဌာန်ချထားပြီး “အီရန် အနေနဲ့ အောင်မြင်မှာမဟုတ်ဘူး” လို့ သောကြာနေ့တုန်းကလည်း ဘိုင်ဒန်က သတိပေးထားပါတယ်။ အီရန်ကို ဘယ်လို သတင်းစကားပေးချင်လဲ ဆိုပြီး မေးမြန်းတဲ့ သတင်းထောက်ရဲ့ မေးခွန်းကို သမ္မတဘိုင်ဒန်က စစ်မတိုက်ဖို့ သတိပေးချက် အဖြစ် “မလုပ်နဲ့” ဆိုပြီး သမ္မတ ဘိုင်ဒန်က ပြန်လည်ဖြေကြားခဲ့တာ ဖြစ်ပါတယ်။ အမေရိကန် အနေနဲ့ အီရန်ကို တိုက်ရိုက်တုံ့ပြန်ဖို့က ဘယ်အရာက ဆုံးဖြတ်မလဲ ဆိုတဲ့ မေးခွန်းကိုတော့ ဘိုင်ဒန်က ပြန်လည် မဖြေကြားခဲ့ဘဲ အစ္စရေးအပေါ် အီရန်က သိပ်မကြာခင် တိုက်တော့မယ်လို့ မျှော်လင့်ထားကြောင်းသာ ဖြေကြားခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG