သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အီရန်ကောင်စစ်ဝန်ရုံးတိုက်ခိုက်ခံရမှု ကုလလုံခြုံရေးကောင်စီဆွေးနွေး


An excavator clears rubble after a suspected Israeli strike on Iran's consulate, in Damascus
An excavator clears rubble after a suspected Israeli strike on Iran's consulate, in Damascus

ဆီးရီးယားနိုင်ငံမြို့တော် ဒမတ်စကပ် က အီရန် ကောင်စစ်ဝန်ရုံးကို အစ္စရေးလေကြောင်းတိုက်ခိုက်ခဲ့တဲ့ကိစ္စအပေါ် အီရန်နိုင်ငံရဲ့ တောင်းဆိုချက်အရ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အရေးပေါ်အစည်းအဝေး အင်္ဂါနေ့ က ခေါ်ယူခဲ့ပါတယ်။ တနင်္လာနေ့ တိုက်ခိုက်မှုကြောင့် အီရန်အကြီးတန်း စစ်အကြံပေးများ အပါအဝင် လူအနည်းဆုံး ၇ ယောက် သေဆုံးသွားခဲ့တယ်လို့ အီရန် တော်လှန်ရေး အစောင့်တပ် က ပြောပါတယ်။

ဒီကိစ္စကြောင့် ဒေသတွင်း တင်းမာမှု ပိုဆိုးစေနိုင်ပြီး၊ တခြားနိုင်ငံတွေ ပဋိပက္ခထဲပါလာနိုင်ဖွယ် ပိုများလာတယ်လို့လည်း တနင်္လာနေ့က ပို့လိုက်တဲ့ စာမှာ ကုလသမဂ္ဂဆိုင်ရာ အီရန်သံအမတ်ကြီး Zahra Ershadi က ပြောထားပါတယ်။ အစ္စရေးရဲ့ ရာဇဝတ်မှုနဲ့ အကြမ်းဖက်လုပ်ရပ် အပေါ် အပြင်းထန်ဆုံး အသုံးအနှုန်းနဲ့ ရှုတ်ချဖို့လည်း ကုလသမဂ္ဂ လုံခြုံရေးကောင်စီကို အီရန်က တိုက်တွန်းလိုက်ပါတယ်။

မတည်ငြိမ်တဲ့ဒေသမှာ အတွက်အချက်လွဲသွားရင် ပိုမိုကျယ်ပြန့်တဲ့ ပဋိပက္ခ ဖြစ်သွားနိုင်တာကြောင့် သက်ဆိုင်သူတွေ ထိမ်းထိမ်းသိမ်းဆောင်ရွက်ကြဖို့ ကုလ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူသရက်စ် က ပြောရေးဆိုခွင့်ရှိသူကတဆင့် တိုက်တွန်းလိုက်ပါတယ်။ ဒီ လေကြောင်း တိုက်ခိုက်မှုကို အမေရိကန်က ကြိုတင် သိရှိတယ်ဆိုတဲ့ စွပ်စွဲချက် ကို အမေရိကန်အမျိုးသားလုံခြုံရေးကောင်စီ ပြောရေးဆိုခွင့်ရှိသူက ငြင်းဆိုလိုက်ပါတယ်။

Forum

XS
SM
MD
LG