သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အီရန်က အစ္စရေးကို ဒရုန်းနဲ့တိုက်ခိုက်


IRAN-MILITARY/
IRAN-MILITARY/

အီရန်က အစ္စရေးကို ဒရုန်းနဲ့တိုက်ခိုက်

အစ္စရေးနိုင်ငံကို အီရန်နိုင်ငံက ဒရုန်းတွေနဲ့ တိုက်ခိုက်ခဲ့လို့ တနင်္ဂနွေမနက် လင်းအားကြီးအချိန် မြို့တော် ဂျေရုဆလင်ရဲ့ ကောင်းကင်ယံ တဝန်း ပေါက်ကွဲသံတွေ ကြားနေရသလို လေကြောင်းတိုက်ခိုက်မှု သတိပေးချက် ဥသြသံတွေ အနှံအပြား ထွက်ပေါ်နေပါတယ်။

အနည်းဆုံး ပေါက်ကွဲသံခြောက်ခါ ကြားခဲ့ရတယ်လို့ ဒေသခံတွေကို ကိုးကားပြီး အေပီသတင်းက ဆိုပါတယ်။ ဒီပေါက်ကွဲသံတွေဟာ အီရန် ဒရုန်းတွေရဲ့ တိုက်ခိုက်မှု ကျရောက်တာလား ဒါမှမဟုတ် အစ္စရေး လေကြောင်းရန်ကာကွယ်ရေးက ကြားဖြတ်ဟန့်တား ဖျက်ဆီးနိုင်ခဲ့လို့ ပေါ်ထွက်လာတဲ့ ပေါက်ကွဲသံတွေလား ဆိုတာတော့ ရှင်းရှင်းလင်းလင်းမသိသေးသလို အစ္စရေးတာဝန်ရှိသူတွေက သတင်းမထုတ်ပြန်သေးပါဘူး။

အစ္စရေးနိုင်ငံကို ဦးတည်ပြီး အီရန်နိုင်ငံက ဒရုန်း ဒါဇင်နဲ့ချီ အမြောက်အမြားနဲ့ ပစ်လွှတ်ခဲ့ကြောင်း အစ္စရေး စစ်တပ် ပြောရေးဆိုခွင့်ရှိသူ ရေတပ်ဗိုလ်ချုပ် ဒန်နီရယ် ဟာဂရီက စနေ ညပိုင်းက ပြောထားပြီး ဒီ့အတွက် ပြင်ဆင်ထားတယ် ဆိုပါတယ်။

အစ္စရေးအနေနဲ့ ခံစစ်နဲ့ ထိုးစစ် နှစ်ခုစလုံးအတွက် “ပြင်ဆင်ထားပြီး အသင့်အနေအထားဖြစ်နေပြီ” လို့ ဟာဂရီက ပြောပါတယ်။ အမေရိကန်နဲ့ ဒေသတွင်းရှိ အခြားမိတ်ဖက်နိုင်ငံတွေနဲ့ “အနီးကပ်” ပူးပေါင်းဆောင်ရွက်မှုရှိကြောင်းပြောပါတယ်။

အီရန်ဘက်က တိုက်ခိုက်မှု စတင်ခဲ့ကြောင်း အမေရိကန်ကလည်း အတည်ပြုခဲ့ပြီး အမေရိကန်က အစ္စရေးပြည်သူတွေနဲ့ အတူ ရပ်တည်ကာ အီရန်ရဲ့ ခြိမ်းခြောက်မှုတွေခံကာကွယ်သွားမယ်လို့ ကြေညာပါတယ်။ အိမ်ဖြူတော် အမျိုးသားလုံခြုံရေးကောင်စီ ပြောရေးဆိုခွင့်ရှိသူ Adrienne Watson က " သမ္မတ ဂျိုးဘိုင်ဒန်ရဲ့ သဘောထားက ရှင်းပါတယ်။ အစ္စရေးရဲ့ လုံခြုံရေးအတွက် အမေရိကန်ရဲ့ ရပ်တည်ချက် ပံ့ပိုးကူညီမှုက သံမဏိသားလို့ ခိုင်ခန့်နေတယ်” လို့ပြောပါတယ်။

အစ္စရေးလေကြောင်း အာဏာပိုင်တွေကလည်း နိုင်ငံရဲ့လေပိုင်နက် အတွင်း ပျံသန်းမှုအားလုံးကို ပိတ်လိုက်တယ်လို့ ပြောပါတယ်။ ပိတ်သိမ်းမှုက ဒေသစံတော်ချိန် နံနက် ၁၂း၃၀ မှာ စတင် အသက်ဝင်မယ်လို့ လေဆိပ်အာဏာပိုင်တွေက ပြောပါတယ်။

အီရန်နိုင်ငံပိုင် ရုပ်မြင်သံကြားကလည်း အစ္စရေးကို တိုက်ခိုက်မှု စတင်ခဲ့ကြောင်း ကြေညာထားပါတယ်။

အီရန်ဘက်က အဝေးထိန်း ဒရုန်း ဒါဇင်နဲ့ချီ ပစ်လွှတ်ခဲ့ကြောင်း အမည်မဖော်လိုတဲ့ အမေရိကန် အရာရှိတဦးကလည်း အေပီ သတင်းကို အတည်ပြုထားပါတယ်။ စနေနေ့အစောပိုင်းကတည်းက အစ္စရေးစစ်တပ်က လုံခြုံရေး အရ ကြိုတင် ပြီး လူ ၁,၀၀၀ ထက်ပိုတဲ့ လူစုဝေးမှုကို ပိတ်ပင်သလို ကျောင်းတွေကိုလည်း ပိတ်လိုက်ပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်က ဆီးရီးယားမှာ အီရန်ဗိုလ်ချုပ် နှစ်ဦး သေဆုံးခဲ့ရတဲ့ လေကြောင်းတိုက်ခိုက်မှုအပြီးကတည်းက အစ္စရေးမှာ လုံခြုံရေး သတိပေးချက် တိုးမြှင့်ထားတာပါ။ တိုက်ခိုက်မှုနောက်ကွယ်မှာ အစ္စရေးရှိတယ်လို့ အီရန်က စွပ်စွဲခဲ့ပြီး လက်စားချေမယ်လို့ ကတိပြုခဲ့ပါတယ်။ အစ္စရေးကတော့ ဆီးရီးယားက တိုက်ခိုက်မှုနဲ့ ပတ်သက်ပြီး တစုံတရာ မှတ်ချက်မပေးပါဘူး။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG