သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ယူကရိန်းနိုင်ငံတဝှမ်း ရုရှားဒရုန်းတွေနဲ့ ငါးနာရီကြာတိုက်ခိုက်ခဲ့


ရုရှားဒုံးကျည်ထိမှန်မီးလောင်နေတဲ့ လူနေရပ်ကွက်ထဲကနေ မီးသတ်ရဲဘော်တွေက ခွေးလေးတကောင်ကို ကယ်ဆယ်လာပုံ။ (ဖေဖေါ်ဝါရီ ၁၀၊ ၂၀၂၄)
ရုရှားဒုံးကျည်ထိမှန်မီးလောင်နေတဲ့ လူနေရပ်ကွက်ထဲကနေ မီးသတ်ရဲဘော်တွေက ခွေးလေးတကောင်ကို ကယ်ဆယ်လာပုံ။ (ဖေဖေါ်ဝါရီ ၁၀၊ ၂၀၂၄)

ရုရှားက ယူကရိန်းနိုင်ငံတလွှားကို ဒရုန်း ၄၅ စင်းနဲ့ ငါးနာရီခွဲကြာ တနင်္ဂနွေနေ့ က တိုက်ခိုက်ခဲ့တယ်လို့ ယူကရိန်းတာဝန်ရှိသူတွေက ပြောပါတယ်။ ကိဗ်မြို့စွန်နေရာတွေအပါအဝင် ဒေသ ၉ ခုမှာ အီရန်လုပ် ရှားဟက်ဒ်ဒရုန်း ၄၀ ကို ပစ်ချခဲ့ကြောင်း ယူကရိန်းလေတပ်က သတင်းထုတ်ပြန်ပါတယ်။

လယ်ယာစိုက်ပျိုးရေးဆိုင်ရာ အဆောက်အုံတွေနဲ့ ကမ်းခြေမှာရှိတဲ့ အခြေခံ အဆောက်အအုံတွေကို ပစ်မှတ်ထားတိုက်တာဖြစ်တယ်လို့ ယူကရိန်း တောင်ပိုင်း ကာကွယ်ရေးတပ်များက တာဝန်ရှိသူတွေက တယ်လီဂရမ် လူမှုစာမျက်နှာ မှာ ရေးကြပါတယ်။ စစ်တပ်ခေါင်းဆောင်ပိုင်းအပြောင်းအလဲကို သမ္မတ ဗိုလိုဒီမာ ဇယ်လင်စကီးက ဆက်လုပ်နေစဥ်မှာ ခုလို တိုက်ခိုက်လာတာပါ။

ယူကရိန်းမြေပြင်တပ်တွေရဲ့ တပ်မှူးသစ်အဖြစ် အရင်ကာကွယ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး အလက်ဇန်းဒရား ပက်ဗ်လီယာ့ခ် (Alexander Pavlyuk) ကို ခန့်ထားကြောင်း တနင်္ဂနွေနေ့မှာ ကြေညာသလို လက်နက်ကိုင်တပ်ဖွဲ့များရဲ့ ဦးစီးချုပ်အဖြစ် ယခင် ကမ်းခြေစောင့်တပ်များ အကြီးအကဲ ဒုတိယ ဗိုလ်ချုပ်ကြီး ယူရီ ဆိုဒေါ်လ်ကို ခန့်ထားလိုက်ပါတယ်။

သူ့နေရာအသစ်ခန့်ထားတာကို မီဒီယာကပြောမှ သိရပါတယ်လို့ ယခင် ဦးစီးချုပ် ဒုတိယဗိုလ်ချုပ်ကြီး ဆာဟီး နိုင်အိဗ် (Serhii Naiev) က တယ်လီဂရမ်မှာ ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG