သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရုရှားရဲ့ ဒရုန်း ၉ စင်း ယူကရိန်း ပစ်ချ


Russia War Coming Home
Russia War Coming Home

ရုရှားရဲ့ ဒရုန်း ၉ စင်း ယူကရိန်း ပစ်ချ

ယူကရိန်းနိုင်ငံ အလယ်ပိုင်းနဲ့ တောင်ပိုင်းဒေသတွေဆီ ဦးတည် လာနေတဲ့ ရုရှားတို့ ပစ်လွှတ်လိုက်တဲ့ ဒရုန်းလက်နက် ၁၄ စင်းအနက် ၉ စင်းကို ပစ်ချနိုင်ခဲ့တယ်လို့ ယူကရိန်းလေတပ်က စနေနေ့မှာ ပြောပါတယ်။

ရုရှားက အီရန်လုပ် Shahed ရွှာဟစ် ဒရုန်းတွေနဲ့ ပစ်ခတ်တာဖြစ်ပြီး၊ Dnipropetrovsk နီပရိုးပက်ထရို့စ် ဒေသက စွမ်းအင်နဲ့ဆိုင်တဲ့ အဆောက်အအုံတွေကို အဓိက ပစ်မှတ်ထား ပစ်ခတ်တာဖြစ်တယ်လို့ လေတပ်အရာရှိတွေက ဆိုပါတယ်။ ပစ်ခတ်မှုအတွင်း အထိအနာဆုံးကတော့ ယူကရိန်းသမ္မတVolodymyr Zelenskyy ရဲ့ မွေးရပ်ဇာတိ ကရီဗီရီး Krivy Rig မြို့ပဲဖြစ်ပါတယ်။

ပစ်ခတ်မှုကြောင့် ခုချိန်ထိ သေဆုံး ဒဏ်ရာရတဲ့ သတင်းတော့ မရသေးပေမဲ့ ၊ ပစ်ခတ်မှု ဝန်းကျင်က လူ ၁၅,၀၀၀ လောက် လျှပ်စစ်မီး ပြတ်တောက်နေတယ်လို့ AFP သတင်းမှာ ဖေါ်ပြပါတယ်။

တဖက်မှာတော့ ယူကရိန်းရဲ့ လယ်ယာထွက်ကုန်တွေကို အရင်ထက်စာရင် ပြီးခဲ့တဲ့ ဒီဇင်ဘာလထဲ နိုင်ငံရပ်ခြားကို တင်ပို့နိုင်ခဲ့တယ်လို့ ဗြိတိန်ကာကွယ်ရေး ဝန်ကြီးဌာနက စနေနေ့မှာ ပြောပါတယ်။ ယူကရိန်းရဲ့ ပင်လယ်နက် ဆိပ်ကမ်းတွေ ပြန်ဖွင့်လိုက်တာက ကမ္ဘာစားနပ်ရိက္ခာ ဖြန့်ဖြူးရေးအတွက်ရော နိုင်ငံတကာ ကုန်သွယ်မှုအတွက်ပါ အရေးပါတယ်လို့ ဗြိတိန်ဝန်ကြီးဌာနက ဆိုပါတယ်။

ယူကရိန်း ဒုံးကျည်စနစ်နဲ့ တပ်သားတွေ လိုက်ပါခြင်းမရှိတဲ့ စစ်သင်္ဘောတွေ ဖြန့်ကျက်ချထားနိုင်တာက ပင်လယ်နက် အနောက်ဘက်ခြမ်းမှာ ရုရှားတို့ရဲ့လှုပ်ရှားမှုကို အတော်ကြီး တားဆီးနိုင်ခဲ့တယ်လို့ ဗြိတိန်ကာကွယ်ရေး ဝန်ကြီးဌာနက ပြောပါတယ်။

XS
SM
MD
LG