သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာနဲ့ နိုင်ငံတကာပြဿနာတွေမှာ တည်ငြိမ်မှုရရေး ဦးစားပေးမည် (တရုတ်နိုင်ငံခြားရေးဝန်ကြီး)


တရုတ်နိုင်ငံခြားရေးဝန်ကြီး Wang Yi
တရုတ်နိုင်ငံခြားရေးဝန်ကြီး Wang Yi

မြန်မာနိုင်ငံ အပါအဝင် နိုင်ငံတကာနဲ့ ဒေသတွင်း ပြဿနာတွေကို ဖြေရှင်းရာမှာ တည်ငြိမ်မှုရရှိရေး ဦးစားပေး ကြိုးပမ်းမဲ့အကြောင်း တရုတ်ထိပ်တန်းသံတမန်က ပြောလိုက်ပါတယ်။ မြန်မာနိုင်ငံ မြောက်ပိုင်းမှာ ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်မှုရဖို့ တရုတ်နိုင်ငံ ကူမင်းမြို့မှာ သက်ဆိုင်ရာ အဖွဲ့အစည်းတွေ အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးနိုင်အောင် တရုတ်နိုင်ငံက ပံ့ပိုးပေးခဲ့ကြောင်းလည်း ဝါရှင်တန်အခြေစိုက် တရုတ်သံရုံးက မနေ့က ရက်စွဲနဲ့ ထုတ်ပြန်ခဲ့တဲ့ တရုတ်နိုင်ငံခြားရေးဝန်ကြီး Wang Yi ရဲ့ ကြေညာချက်မှာ ဖော်ပြခဲ့တာပါ။

ပြည်တွင်းရေးကို စွက်ဖက်ရာမရောက်စေဘဲ မြန်မာ့အရေးကို ပြေလည်အောင် ဖြေရှင်းဖို့ အရှေ့တောင်အာရှ နိုင်ငံများအသင်း (အာဆီယံ) ကို တိုက်တွန်းကြောင်းလည်း ပြောဆိုထားပါတယ်။ MNDAA ကိုးကန့်တပ်ဖွဲ့၊ TNLA တအာင်း တပ်ဖွဲ့နဲ့ AA ရက္ခိုင့်တပ်တော်တို့ ပါဝင်တဲ့ မြောက်ပိုင်း မဟာမိတ်ညီနောင်သုံးဖွဲ့ရဲ့ ပြီးခဲ့တဲ့နှစ် အောက်တိုဘာလက စစ်ဆင်ရေးနောက်ပိုင်း မြန်မာနိုင်ငံမြောက်ပိုင်းမှာ တိုက်ပွဲတွေ ပြင်းထန်ခဲ့တာပါ။ ဒါပေမဲ့လည်း တရုတ်နိုင်ငံက ကမကထလုပ် ဆွေးနွေးမှုတွေ လုပ်ခဲ့ပြီးနောက်ပိုင်း ဇန်နဝါရီလ ၁၁ ရက်နေ့မှာ စစ်ကောင်စီနဲ့ တိုင်းရင်းသားမဟာမိတ်အဖွဲ့တွေကြား ဖြစ်ပွားနေတဲ့ တရုတ်နိုင်ငံနဲ့ နယ်စပ်က တိုက်ပွဲတွေကို ရပ်ဆိုင်းဖို့ သဘောတူညီချက် ရခဲ့တာ ဖြစ်ပါတယ်။

ဒါပေမဲ့လည်း AA တပ်ဖွဲ့တွေနဲ့ ရခိုင်ပြည်နယ်၊ ချင်းပြည်နယ်တွေမှာ တိုက်ပွဲတွေဆက်လက်ပြင်းထန်နေဆဲဖြစ်သလို KIA ကချင်လွတ်မြောက်ရေးအဖွဲ့၊ KNU ကရင်အမျိုးသားအစည်းအရုံး တပ်ဖွဲ့တွေ ပြည်သူ့ကာကွယ်ရေး အဖွဲ့တွေနဲ့ မြန်မာနိုင်ငံ နေရာတော်တော်များများမှာ တိုက်ပွဲတွေ ဆက်လက် ဖြစ်ပွားနေပါတယ်။

XS
SM
MD
LG