သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြဝတီမြို့အတွက် စစ်ကူပို့တဲ့ စစ်ကောင်စီတပ်တွေကို တိုက်ထုတ်ခဲ့ကြောင်း KNU ကြေညာ


မြဝတီမြို့ကို ဦးတည်လာနေတဲ့ စစ်ကောင်စီယာဉ်တန်း (ဧပြီ ၁၁၊ ၂၀၂၄)
မြဝတီမြို့ကို ဦးတည်လာနေတဲ့ စစ်ကောင်စီယာဉ်တန်း (ဧပြီ ၁၁၊ ၂၀၂၄)

ထိုင်းမြန်မာနယ်စပ် မြဝတီမြို့ကို ပြန်လည် သိမ်းပိုက်ဖို့တက်လာတဲ့ စစ်ကောင်စီတပ်တွေကို KNU ကရင်အမျိုးသား အစည်းအရုံးနဲ့ ပူးပေါင်းတပ်တွေက တိုက်ထုတ်လိုက်တဲ့အကြောင်း KNU ကရင်အမျိုးသား အစည်းအရုံး ပြောခွင့်ရ စောတောနီး က Reuters သတင်းဌာနဲ့ ဆက်သွယ်မေးမြန်းရာမှာ မနေ့က ပြောဆိုပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်ကတည်းက ထိုင်းမြန်မာနယ်ခြား အဓိကကျတဲ့ မြဝတီမြို့ကို ထိန်းချုပ်နိုင်ပြီ ဖြစ်တဲ့အကြောင်း KNU၊ PDF နဲ့ ပူးပေါင်းတပ်တွေက ကြေညာခဲ့တာပါ။ မဲဆောက် မြဝတီ ချစ်ကြည်ရေးတံတား အမှတ် ၂ နားမှာ မြန်မာစစ်ကောင်စီ ခလရ ၂၇၅ က တပ်သား ၁၀၀ ကျော် လောက် ရှိနေပြီး လက်နက်ချဖို့ ငြင်းဆန်နေသလို၊ မြန်မာစစ်တပ်ဘက်က စစ်ကူ စောင့်နေတဲ့အကြောင်း ဘန်ကောက်ပို့စ်သတင်းစာမှာတော့ ရေးသားထားပါတယ်။

BGF (ခ) KNA နယ်ခြားစောင့်တပ်ကလည်း မြဝတီမြို့ကို ထိမ်းချုပ်ဖို့ပြင်ဆင်နေတယ်ဆိုတဲ့ သတင်းတွေ ထွက်နေပြီး မြ၀တီမြို့ အုပ်ချုပ်ရေးကို KNU က တာဝန်ယူ ကိုင်တွယ်မလား၊ တခြားလက်နက်ကိုင်တွေနဲ့ ဘယ်လိုညှိနိုင်းထားသလဲဆိုတာကို ရှင်းရှင်းလင်းလင်းမရှိသေးပါဘူး၊ လောလောဆယ်မှာတော့ နယ်စပ် ကုန်သွယ်ရေး အချက်အချာ ဖြစ်တဲ့ မြဝတီမြို့ကနေ ထိုင်းကုန်တွေ မြန်မာနိုင်ငံဘက် ပို့တဲ့ ကုန်သွယ်ရေး ရပ်ဆိုင်းသွားတာကြောင့် ပင်လယ်လမ်းကနေ ပို့နေတဲ့အကြောင်း ထိုင်းကုန်သည်တွေက ပြောပါတယ်။ စစ်ကောင်စီကလည်း တရုတ်၊ ထိုင်းတို့နဲ့ အဓိက နယ်စပ် ကုန်သွယ်ရေး စခန်းကြီးတွေ ပုံမှန် မလည်ပတ်နိုင်တဲ့ အချိန်မှာ တာချီလိတ် ကုန်သွယ်ရေး စခန်းနဲ့ ပင်လယ်ရေကြောင်း ကုန်သွယ်ရေးတွေကို ပြောင်းလဲခွင့်ပြုကြောင်း ကြေညာထားပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG