သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာနိုင်ငံမှာ တိုက်ခိုက်မှုတွေရပ်ကြဖို့ တရုတ်အစိုးရတိုက်တွန်း


တရုတ်နိုင်ငံခြားရေးဌာန ပြောခွင့်ရ Lin Jian
တရုတ်နိုင်ငံခြားရေးဌာန ပြောခွင့်ရ Lin Jian

ထိုင်း-မြန်မာနယ်စပ်အနီး စစ်ကောင်စီတပ်တွေနဲ့ တော်လှန်ရေးအင်အားစုတွေအကြား တိုက်ပွဲတွေ ပြင်းထန်နေချိန်မှာဘဲ အပစ်ရပ်ကြဖို့နဲ့ လက်ရှိ ပဋိပက္ခကို တွေ့ဆုံ ဆွေးနွေးပြီး ငြိမ်းချမ်းတဲ့နည်းနဲ့ အဖြေရှာကြဖို့ တရုတ်နိုင်ငံက ဒီကနေ့ တိုက်တွန်းလိုက်ပါတယ်။

“လက်ရှိ သတင်းတွေထွက်ပေါ်နေတဲ့ အခြေအနေတွေကို ကျနော်တို့ သတိထား စောင့်ကြည့်နေပါတယ်။ သက်ဆိုင်သူအားလုံးအနေနဲ့ ပစ်ခတ် တိုက်ခိုက်မှုတွေ ရပ်ကြဖို့နဲ့ အခြေအနေတွေ ပိုမို ဆိုးရွားမလာအောင် မတူ ကွဲပြားမှုတွေကို တွေ့ဆုံ ဆွေးနွေးတဲ့နည်းနဲ့ ငြိမ်းချမ်းစွာ အဖြေရှာကြဖို့ တိုက်တွန်းလိုပါတယ်” - လို့ တရုတ်နိုင်ငံခြားရေးဌာန ပြောခွင့်ရ Lin Jian က ဒီကနေ့ ဧပြီလ ၁၆ ရက်နေ့မှာပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲအတွင်း ပြောကြားခဲ့တာပါ။

KNLA/PDF ပူးပေါင်းတပ်ဖွဲ့တွေက ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း မြဝတီမြို့ကို သိမ်းပိုက်လိုက်ပြီးတဲ့နောက် မြို့ပေါ်မှာ KNU အလံကို လွှင့်ထူလိုက်ပြီး စစ်ကောင်စီအတွက်လာနေတဲ့ စစ်ကူတွေကိုလည်း လမ်းခုလပ်မှာ ကြားဖြတ် တိုက်ခိုက် ချေမှုန်းနိုင်ခဲ့တဲ့အကြောင်း တပ်မှူးတဦးကို ကိုးကားပြီး ရိုက်တာ သတင်းမှာ ရေးပါတယ်။

ထိုင်း-မြန်မာနယ်စပ်ကုန်သွယ်ရေးအတွက် အရေးပါတဲ့ မြဝတီမြို့ကျဆုံးသွားတာဟာ ဆုံးရှုံးမှုတွေနဲ့ ရင်ဆိုင်နေရပြီးဖြစ်တဲ့ စစ်ကောင်စီအတွက် စစ်ရေးအရ ကြီးမားတဲ့ ဆုံးရှုံးမှုကြီးလည်း ဖြစ်ပါတယ်။ မြဝတီမြို့ လက်လွှတ်ခဲ့ရပြီးနောက် စစ်ကောင်စီဟာ နယ်စပ်ကုန်သွယ်ရေးရဲ့ ၆၀ ရာခိုင်နှုန်း ဆုံးရှုံးသွားပြီဖြစ်ကြောင်း မြန်မာ့အရေး ဆန်းစစ်လေ့လာနေတဲ့ ISP-Myanmar ရဲ့ လေ့လာချက်မှာ ဖော်ပြခဲ့တာပါ။

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလမှာ အာဏာသိမ်းခဲ့ပြီးတဲ့နောက် စစ်ကောင်စီဟာ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေနဲ့ နိုင်ငံတဝန်းက PDF တော်လှန်ရေးတပ်ဖွဲ့တွေကို စစ်ရေးအရ ကြီးမားတဲ့ ဆုံးရှုံးမှုတွေနဲ့ ရင်ဆိုင်နေရတာမှာ စစ်စခန်းတွေနဲ့ မြို့နယ်အများအပြား လက်လွှတ် ဆုံးရှုံးခဲ့ရပြီး ဖြစ်ပါတယ်။ သူ့နိုင်ငံ နယ်စပ်အနီးမှာ တိုက်ပွဲတွေ ဖြစ်ပေါ်နေတာကြောင့် နှစ်ဘက် တွေ့ဆုံ ဆွေးနွေး အဖြေရှာကြဖို့ ထိုင်းဝန်ကြီးချုပ်နဲ့ နိုင်ငံခြားရေးဝန်ကြီးတို့ကလည်း တိုက်တွန်းထားပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG