သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်ဝမ်ငလျင်ကြောင့် သေဆုံးသူ ၁၂ ဦးအထိ ရှိလာ


ပင်ထန်းမီးသတ်တပ်ဖွဲ့က ထုတ်ပြန်တဲ့ ဓာတ်ပုံထဲမှာတော့ တာရိုကိုအမျိုးသားဥယျာဉ်ကနေ အသက်မဲ့ရုပ်အလောင်းကို သယ်ထုတ်လာကြတာ တွေ့ရပါတယ်။ ဧပြီ ၄၊ ၂၀၂၄
ပင်ထန်းမီးသတ်တပ်ဖွဲ့က ထုတ်ပြန်တဲ့ ဓာတ်ပုံထဲမှာတော့ တာရိုကိုအမျိုးသားဥယျာဉ်ကနေ အသက်မဲ့ရုပ်အလောင်းကို သယ်ထုတ်လာကြတာ တွေ့ရပါတယ်။ ဧပြီ ၄၊ ၂၀၂၄

ထိုင်ဝမ်မှာ ဗုဒ္ဓဟူးနေ့ကလှုပ်ခဲ့တဲ့ အင်အားပြင်း ငလျင်ကြောင့် သေဆုံးသူ ၁၂ ယောက်ထက် မနည်းရှိသွားပြီး ထိခိုက်ဒဏ်ရာရသူ ၁ ထောင်ကျော် ရှိခဲ့ပါတယ်။ ငလျင်ဗဟိုပြုလှုပ်ခတ်ခဲ့တဲ့နားမှာရှိတဲ့ Hualien ဒေသက မြေအောက်လှိုဏ်ဂူတွေ၊ စတည်းချခရီးထွက်တဲ့ Camping နေရာတွေမှာ ပိတ်မိနေသူတွေကို ကယ်ဆယ်ရေးတွေ ဆက်ပြီးရှာဖွေနေကြပါတယ်။ ငလျင်လှုပ်မှုကြောင့် ၄၅ ဒီဂရီလောက် စောင်းသွားတဲ့ အဆောက်အဦကြီးကိုတော့ ဒီနေ့စတင်ပြီး ရှင်းလင်းနေပါတယ်။
လူနေအိမ်တွေ ဈေးဆိုင်ခန်းတွေပါတဲ့ သက်တမ်း ၄၀ နီးပါးရှိပြီဖြစ်တဲ့ အထပ်မြင့် အဆောက်အဦးကြီးကို ဖျက်ချဖယ်ရှားနိုင်ဖို့ လုပ်နေပြီလို့ အာဏာပိုင်တွေက ပြောပါတယ်။ သေဆုံးသူ အလောင်း ၂ လောင်းကို ဒီနေ့ ထပ်မံရှာတွေ့တာမို့ ငလျင်ကြောင့် စုစုပေါင်း သေဆုံးသူ ၁၂ ယောက်ရှိသွားပြီလို့ တာဝန်ရှိသူတွေက ပြောပါတယ်။ ငလျင်ကြီးလှုပ်ခတ်ပြီး နောက်ဆက်တွဲ ငလျင်ပေါင်း အမြောက်အများလှုပ်ခတ်ခဲ့တာကြောင့် မြေပြိုကျမှုတွေ တောင်တွေပေါ်က ကျောက်ခဲတွေ ပြိုကျမှုတွေကြောင့် လမ်းတွေပြတ်တောက်နေတာကြောင့် ကယ်ဆယ်ရေးလုပ်ငန်းတွေ အခက်တွေ့နေကြပါတယ်။ ကမ္ဘာလှည့်ခရီးသည်တွေ အသွားများတဲ့ Hualien မြို့က အမျိုးသားဥယျာဉ်ကြီးထဲမှာ လူပေါင်းရာနဲ့ချီ ပိတ်မိနိုင်တယ်လို့ ခန့်မှန်းရပါတယ်။

Forum

XS
SM
MD
LG