အမေရိကန်ပြည်ထောင်စုထဲက နွေရာသီမှာ အထူးပူပြင်းတတ်တဲ့ အရီဇိုးနားပြည်နယ်ထဲက သဲကန္တာရဒေသထဲက အင်္ဂလိပ်လို အသုံးအနှုန်းတွေကို လေ့လာနိုင်မှာပါ။ မကြေးမုံ အင်္ဂလိပ်လိုရော၊ နောက် အင်္ဂလိပ်၊ ဗမာအရော Burglish ဘားဂလိစ်ရှ်လိုရော ပြောပြထားပါတယ်။
မြန်မာနိုင်ငံမှာ စစ်မှုထမ်းဥပဒေ အကောင်အထည်ဖော်မယ်လို့ ကြေညာကတည်းက နိုင်ငံကနေ ထွက်ခွာသူ အထူးများလာတာပါ။ ပြည်ပနိုင်ငံတွေကို နည်းလမ်းမျိုးစုံနဲ့ ထွက်ကြတာမှာ ထိုင်း၊ မြန်မာ နယ်စပ်မှာ တည်ရှိတဲ့ မဲဆောက်မြို့က အရေးပါတဲ့ ခရီးတထောက် ဖြစ်ပါတယ်။ မညိုညိုလွင် နေရာပေါင်းစုံ၊ အကြောင်းစုံ အစီအစဉ်မှာ တင်ပြထားပါတယ်။
မြန်မာနိုင်ငံမှာ ပြင်းထန်တဲ့ စစ်ရေးပဋိပက္ခကြား ကလေးတွေရတဲ့ စိတ်ဒဏ်ရာတွေကို ဂီတနဲ့ ကုစားပေးနိုင်တယ်လို့ ထဲပိုး ဂီတသင်တန်းကျောင်းကို ထူထောင်သူ ကရင်နီလူငယ် မော်ဖရေမြာက ပြောပါတယ်။ ဂီတသံတွေကပေးတဲ့ စိတ်ခွန်အားအကြောင်း ဂီတသင်တန်း ကျောင်းတည်ထောင်သူနဲ့ မခင်လေးက GenZ ပရိသတ်အတွက် စကားပြောထားပါတယ်။
ဂျပန်နိုင်ငံ တိုကျိုမြို့က ဘုရားကျောင်းတခုမှာ ကလေး ဆူမို အငိုပြိုင်ပွဲ ကျင်းပ၊ ဗြိတိန်နိုင်ငံက ကလေးငယ်လေး စင်ရော်သံတုပြိုင်ပွဲ ဥရောပ ပြိုင်ပွဲမှာ အနိုင်ရ၊ ဒီလို ထူးခြားဆန်းပြား သတင်းများကို ကိုငြိမ်းချမ်းနဲ့ မမြသဇင်အောင်တို့ တင်ဆက်ထားပါတယ်။
"နိုင်ငံတကာ သတင်းလွတ်လပ်ခွင့်နေ့" က မေလ ၃ ရက်နေ့ဆိုပေမဲ့ မြန်မာ့မီဒီယာလောကကတော့ အပြင်းထန်ဆုံး နှိပ်ကွပ်ခံနေရတာပါ။ ဒီလိုအခြေအနေမှာ မြန်မာမီဒီယာတွေ ဘယ်လိုရပ်တည်နေကြလဲဆိုတာ ဧရာဝတီ သတင်းအယ်ဒီတာချုပ် ဦးအောင်ဇော် ၊ မဇ္ဇျိမသတင်း အမှုဆောင်အယ်ဒီတာ ဦးစိန်ဝင်းတို့နဲ့ ဦးကျော်ဇံသာ အပိုင်း ၂ ဆွေးနွေးထားပါတယ်။
ပွဲရုံတွေက အာလူးဝယ်ယူမှု လျော့ကျလာတဲ့အတွက် စိုက်ပျိုးစာရိတ် ရှုံးတဲ့အထိ အာလူးစျေးတွေ ထိုးကျ၊ ဒီသတင်းတွေအပြင် တပတ်အတွင်း လယ်ယာထွက်ကုန် သီးနှံဈေးနှုန်း အတက်အကျက ဘယ်လိုရှိပါသလဲ။ လယ်ယာစီးပွား သတင်းတွေကို စုစည်းပြီး Farmer Times Media က တင်ဆက်ပေးထားပါတယ်။
စစ်တွေမြို့နဲ့ ကျောက်ဖြူမြို့တွေကို သိမ်းဖို့ ပြင်ဆင်နေတယ်လို့ အာရက္ခတပ်တော် (AA) က VOA ကို ပြော၊ နှစ်ပေါင်း ၅၆ နှစ်အတွင်း မြန်မာနိုင်ငံမှာ အပူချိန် လွန်ကဲမှုဒဏ်ကို အပြင်းထန်ဆုံး ခံစားနေရ၊ ဒီလို တပတ်အတွင်း ထိပ်တန်းရောက် သတင်းတွေကို မခင်လေးနဲ့ ကိုဝင်းခန့်မောင် တင်ပြထားပါတယ်။
အမေရိကန်ရွေးကောက်ပွဲကိုယ်စားလှယ်လောင်းတွေနဲ့ ပတ်သတ်တဲ့ လူငယ်တွေရဲ့ မျှော်လင့်ချက်၊ အကျဥ်းထောင်ထဲက Book Club ၊ လာအိုလူမျိုး အမေရိကန်ထီဆုကြီးပေါက်သူအကြောင်း ကိုအောင်အောင် တင်ဆက်ပေးထားပါတယ်။
ရဝမ်ဒါနိုင်ငံမှာ ၁၉၉၄ ခုနှစ်က ဖြစ်ခဲ့တဲ့ တူဆီလူမျိုးတုန်းသတ်ဖြတ်မှု အနှစ် ၃၀ ကြာပြီးတဲ့နောက် လူမျိုးတုန်း သတ်ဖြတ်မှု ကင်းရှင်းတဲ့ ရဝမ်ဒါနိုင်ငံဖြစ်အောင် အရပ်ဖက်လူ့အဖွဲ့အစည်း အုပ်စုတွေအနေနဲ့ လူငယ် တက်ကြွလှုပ်ရှားသူတွေကို ဖိဖိစီးစီး လေ့ကျင်သင်ကြားပေးနေပါတယ်။
တောရိုင်းသတ္တဝါဖြစ်တဲ့ ခြင်္သေ့တွေကို တောင်အာဖရိကနိုင်ငံမှာ ခြံခတ်မွေးမြူပြီး အပျော်တမ်းအမဲလိုက်ခွင့်ပေးတဲ့ လုပ်ငန်းကြောင့် တိုင်းပြည်ဂုဏ်သိက္ခာကျဆင်းလာတဲ့အတွက် ဒါကို တရားဝင် ရပ်ဆိုင်းပစ်ဖို့ တောင်အာဖရိကအစိုးရက စတင်လုပ်ဆောင်နေပါပြီ။
တချို့နိုင်ငံတွေက သတင်းလွတ်လပ်ခွင့်ကို ဂုဏ်ပြုကျင်းပနေကြတဲ့ "နိုင်ငံတကာ သတင်းလွတ်လပ်ခွင့်နေ့" မှာ မြန်မာနိုင်ငံရဲ့ မီဒီယာလောကဟာ အပြင်းထန်ဆုံး ချုပ်ချယ် နှိပ်ကွပ်ခံနေရချိန်လို့ ဆိုရမှာဖြစ်ပါတယ်။ ဒီလိုအခြေအနေမှာ မြန်မာမီဒီယာတွေ ဘယ်လိုကြံ့ကြံ့ခံ ရပ်တည်နေကြပါသလဲ။
ဖိလစ်ပိုင်မှာ ဘတ်စ်ကားအဟောင်းတွေကို ဖယ်ရှားမယ့် အစိုးရရဲ့အစီအစဉ်ကြောင့် ဂျစ်ကား−ခေါင်းကိုသုံးပြီး အလှဆင်ထားတဲ့ ဘတ်စ်ကားလုပ်ငန်းတွေ အနာဂတ် မရေမရာ ဖြစ်လာ၊ ပညာသင်ကြားခွင့်နဲ့ အလုပ်လုပ်ခွင့်တားမြစ်ခံနေရတဲ့ အာဖဂန်အမျိုးသမီးတွေကို ကော်ဇောထုတ်စက်ရုံတွေက အလုပ်ပေးနေတဲ့အကြောင်း ကိုဉာဏ်ဝင်းအောင် တင်ပြထားပါတယ်။
နောက်ထပ်ကြည့်ရှုရန်