သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Kharkiv မြို့မှာ ရုရှားဒရုန်းတိုက်ခိုက်မှု ၆ ယောက် သေဆုံး


ယူကရိန်းနိုင်ငံရဲ့ ဒုတိယအကြီးဆုံးမြို့ဖြစ်တဲ့ Kharkiv ကို ရုရှားတို့က ဒရုန်းယာဉ်နဲ့ တိုက်ခိုက်ခဲ့တဲ့အတွက် အနည်းဆုံး လူ ၆ ဦး သေဆုံးပြီး ၁၀ ဦး ထိခိုက် ဒဏ်ရာရရှိသွားတယ်လို့ ဒေသဆိုင်ရာ အာဏာပိုင်တွေက ပြောပါတယ်။ ယူကရိန်း တာဝန်ရှိသူတွေက ထုတ်ပြန်တဲ့ ဓာတ်ပုံတွေထဲမှာတော့ မီးလောင်နေတဲ့ အဆောက်အဦးတွေနဲ့ လမ်းမတွေ ပါဝင်ပါတယ်။

တိုက်ခိုက်ခံရတဲ့ Shevchenkivskyi ခရိုင်အတွင်း အခုမနက်အထိ သေဆုံးသူစာရင်း ၆ ဦးနဲ့ ထိခိုက် ဒဏ်ရာရသူ ၁၀ ဦး ရှိတယ်လို့ Kharkiv ဒေသ အုပ်ချုပ်ရေးမှူး Mayor Ihor Terekhov က Telegram လူမှုကွန်ယက်မှာ ရေးပါတယ်။ မိုးမျှော်အဆောက်အဦးတွေ၊ အုပ်ချုပ်ရေးဆိုင်ရာ အဆောက်အဦးတွေ၊ ဓာတ်ဆီဆိုင်နဲ့ တခြားဝန်ဆောင်မှု လုပ်ငန်းဆိုင်ရာ အဆောက်အဦးတွေ အပါအဝင် လူနေအိမ်ခြေတွေ ရှိတဲ့နေရာကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

ဒီ တိုက်ခိုက်မှုဟာ ညဉ့် သန်းခေါင်ကျော်ကျော်မှာ ဖြစ်သွားခဲ့တာလို့ ဒေသတွင်း သတင်းမီဒီယာတွေမှာ ဖော်ပြကြပါတယ်။

ယူကရိန်းနိုင်ငံ အရှေ့မြောက်ပိုင်းရှိတဲ့ ဒီ Kharkiv ဒေသဟာ ရုရှားတို့ရဲ့ မကြာခန ပစ်မှတ်ထား တိုက်ခိုက်ခြင်းကို ခံနေရတဲ့ နေရာလည်း ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့ကဖြစ်သွားခဲ့တဲ့ တိုက်ခိုက်မှုအတွင်းမှာလည်း လူ ၄ ဦး သေဆုံးပြီး လူနေတိုက်ခန်းတွဲတခု ထိခိုက် ပျက်ဆီးခဲ့ပါတယ်။

Kharkiv ဒေသဟာ လာမယ့် မေ နဲ့ ဇူလိုင်လအတွင်း ရုရှားတို့က အဓိက ပစ်မှတ်ထားတိုက်ခိုက်မယ့် ဒေသဖြစ်လာနိုင်တယ်လို့ ယူဆကြောင်း ယူကရိန်းသမ္မတရဲ့ ပြောရေးဆိုခွင့်ရှိသူ Andriy Yermak က အမေရိကန်အခြေစိုက် Politico သတင်းဌာနနဲ့ပြုလုပ်တဲ့ မေးမြန်းခန်းမှာ ထုတ်ဖော် ပြောဆိုခဲ့ပါတယ်။

Forum

XS
SM
MD
LG