သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်ဝမ်ငလျင် အပျက်အစီးများ

ထိုင်ဝမ်မှာ ၂၅ နှစ်အတွင်း အဆိုးရွားဆုံး ငလျင်လှုပ်ခဲ့ပြီးတဲ့နောက် အပျက်အစီးတွေကြားမှာ ပိတ်မိနေတဲ့သူ ဒါဇင်နဲ့ချီကို ကယ်တင်နိုင်ဖို့အတွက် ကယ်ဆယ်ရေးအဖွဲ့တွေက ဒီနေ့မှာ ဆက်လက်ကြိုးပမ်းနေကြပါတယ်။ ဧပြီလ ၃ ရက်နေ့ မနက်အစောပိုင်းက လှုပ်ခဲ့တဲ့ ပြင်းအား ၇.၂ မက်ဂနီကျူရှိတဲ့ နောက်ဆက်တွဲငလျင်ကြောင့် နောက်ထပ် လူ ၁၀ ယောက်ထက်မနည်းသေဆုံးပြီး၊ ၁ ထောင်ကျော် ဒဏ်ရာရခဲ့တယ်လို့ ထိုင်ဝမ်အာဏာပိုင်တွေက ပြောပါတယ်။

ငလျင်ကြောင့် အခုထိ သေဆုံးသူ အနည်းဆုံး ၁၈ ဦးရှိပြီး ၃ ဦးက သြစတြေးလျနဲ့ ကနေဒါနိုင်ငံသားတွေဖြစ်တယ်လို့ သိရပါတယ်။ ပြတ်ရွေ့ကြောနှစ်ခုဆုံရာအနီးတည်ရှိတဲ့ ထိုင်ဝမ်မှာ ၁၉၉၉ ခုနှစ်တုန်းက ပြင်းအား ၇.၃ ရှိတဲ့ငလျင်ကြောင့် လူ ၂၀၀၀ ကျော်သေဆုံးခဲ့ရပြီး ၂၀၁၆ ခုနှစ် ထိုင်ဝမ်တောင်ပိုင်း ငလျင်ကြောင့် လူ ၁၀၀ ကျော်သေဆုံးခဲ့ပါတယ်။


နောက်ထပ်ကြည့်ရှုရန်

XS
SM
MD
LG