သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပြင်ဦးလွင်တိုက်ခိုက်မှု အတိုက်အခံ အင်အားစုတွေ လက်ချက်အဖြစ် စစ်ကောင်စီစွပ်စွဲ


ပြင်ဦးလွင်ဆေးရုံ အရိုးကုသဆောင် ဗုံးထိမှန်ခဲ့ပြီး သေဆုံးဒဏ်ရာရသူတွေရှိခဲ့ (ဧပြီ ၁၄၊ ၂၀၂၄)
ပြင်ဦးလွင်ဆေးရုံ အရိုးကုသဆောင် ဗုံးထိမှန်ခဲ့ပြီး သေဆုံးဒဏ်ရာရသူတွေရှိခဲ့ (ဧပြီ ၁၄၊ ၂၀၂၄)

မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့မှာ မနေ့တုန်းက သံဃာတော် ၂ ပါး အပါအဝင် ၄ ဦး သေဆုံးတဲ့ တိုက်ခိုက်မှုဟာ အတိုက်အခံလက်နက်ကိုင် အင်အားစုတွေ လက်ချက်အဖြစ် စစ်ကောင်စီက စွပ်စွဲလိုက်ပါတယ်။

"အဓိကနောက်ကွယ်ကနေ ပံ့ပိုးပေးတာကတော့ EAO အဖွဲ့တွေပဲဖြစ်တယ်။ EAO အဖွဲ့ဆိုတာ အများအားဖြင့်တော့ KIA နဲ့ TNLA အဖွဲ့တွေရှိတယ်ဆိုတာကိုတော့ သုံးသပ်ရတယ်။ တကယ်လက်တွေ့ကိုင်တွယ်အသုံးပြုပစ်ခတ်တဲ့နေရာမှာတော့ PDF အဖွဲ့တွေနဲ့ ၊ NUG PDF အဖွဲ့တွေလို့ပဲ သုံးသပ်ရပါတယ်"

ရှော့တိုက်ဒုံးတွေနဲ့ တိုက်ခိုက်မှုကြောင့် စစ်တက္ကသိုလ်က ဗိုလ်လောင်း ၃ ဦး အပါအဝင် ၁၂ ဦး ဒဏ်ရာရတယ်လို့လည်း ပြောပါတယ်။

ပြင်ဦးလွင်မြို့ စစ်တက္ကသိုလ်၊ ဆေးရုံကြီးနဲ့ ဘုန်းတော်ကြီး ကျောင်းတကျောင်းနဲ့ လူနေအိမ်အနီးနားနေရာတချို့ကို မနေ့ညပိုင်းက လက်နက်ကြီးကျည်တွေ ကျရောက်ပေါက်ကွဲရာက ထိခိုက်သေကျေမှုတွေ ကြုံခဲ့ရပြီးနောက် ဒီနေ့မှာတော့ လုံခြုံရေးတွေ တင်းကြပ်ထားတယ်လို့ မြို့ခံတွေက ပြောပါတယ်။

မနေ့အစောပိုင်းမှာပဲ မန္တလေးမြို့တော်ဝန်မဏ္ဍပ်အနီး ပေါက်ကွဲမှုမှာတော့ ကလေးငယ် ၅ ဦးအပါအဝင်လူ ၁၂ ဦး ထပ်မနည်းဒဏ်ရာရခဲ့တာပါ။ အဲဒီလက်လုပ်မိုင်းနဲ့ တိုက်ခိုက်မှုကိုလည်း အတိုက်အခံ လက်နက်ကိုင် အုပ်စုတွေ လက်ချက် အဖြစ်နဲ့ စစ်ကောင်စီက သတင်းထုတ်ပြန်ခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG