သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သမ္မတ Biden ရဲ့ အကျပ်ကိုင်တောင်းဆိုမှု ကြောင့် ဂါဇာကိုအကူအညီပိုပေးဖို့ အစ္စရေး ခွင့်ပြု


အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန်နဲ့ အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နာတန်ရာဟုတို့ ယခင် တွေ့ဆုံခဲ့ကြတဲ့ မှတ်တမ်း ဓာတ်ပုံ။
အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန်နဲ့ အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နာတန်ရာဟုတို့ ယခင် တွေ့ဆုံခဲ့ကြတဲ့ မှတ်တမ်း ဓာတ်ပုံ။

ဂါဇာစစ်ပွဲမှာ အစ္စရေးရဲ့ လုပ်ရပ်ကို မပြင်ရင် အမေရိကန်က မူဝါဒပြောင်းမှာ ဖြစ်ကြောင်း သမ္မတဂျိုးဘိုင်ဒန်က အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နာတန်ရာဟုကို သတိပေးလိုက်ပြီး နောက်တနေ့ ဖြစ်တဲ့ သောကြာနေ့မှာပဲ အစ္စရေးက ဂါဇာအတွက် အကူညီတွေ ပိုလာရောက်ခွင့် ပြုလိုက်သလို ဒီသီတင်းပတ် အစောပိုင်းက နိုင်ငံတကာ ကူညီရေး လုပ်သား ၇ ဦးသေဆုံးရာမှာ တာဝန်ရှိတဲ့လေကြောင်း တိုက်ခိုက်မှု အတွက် တာဝန်ရှိသူ အရာရှိ ၂ ဦးကို အလုပ်က ထုတ်ပစ်မှာ ဖြစ်ကြောင်း ကြေညာလိုက်ပါတယ်။

ဧပြီလ ၁ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ ဒီဖြစ်စဥ်အတွက် စုံစမ်းစစ်ဆေးမှု အပြီးမှာ တပ်မမှူးတဦး နဲ့ တပ်ရင်းတပ်ဖွဲ့များဆိုင်ရာ ဦးစီးချုပ် တို့မှာ တာဝန်ရှိတဲ့ အတွက် သူတို့၂ ဦးကို ထုတ်ပယ်မှာ ဖြစ်ကြောင်း အစ္စရေး ကာကွယ်ရေးဌာန IDF က ကြေညာချက်ထုတ်ပြန်ခဲ့တာပါ။ နောက်တပ်မမှူးတဦး၊ တပ်ခွဲမှူးတဦးနဲ့ တောင်ပိုင်းတိုင်းစစ်ဌာနချုပ် အကြီးအကဲ တို့ကိုလည်း သတိပေးချက်တွေ ထုတ်ပြန်ခဲ့ပါတယ်။

စစ်တပ်အရာရှိတွေဟာ နိုင်ငံတကာ စားနပ်ရိက္ခာ အကူညီပေးရေး အဖွဲ့ WCK ရဲ့ ထရပ်ကား ၃ စင်းထဲမှာ ဟားမတ်စ် သေနတ်သမားတွေ ပုန်းခို လိုက်ပါလာတယ် လို့ ယုံကြည်တဲ့ အတွက် မှားယွင်းပြီး ပစ်ခတ်ခဲ့တာ ဖြစ်ပြီး ဒါဟာ IDF ရဲ့ တိုက်ခိုက်ရေးဆိုင်ရာ စံလုပ်ထုံးတွေနဲ့ မကိုက်ညီပဲ အမိန့်ချိုးဖေါက်တဲ့ ကြီးမားတဲ့ ပြစ်မှုဖြစ်ကြောင်းလည်း IDF က ပြောပါတယ်။

ဘရပ်ဆဲလ်မှာ ဥရောပခေါင်းဆောင်တွေနဲ့ တွေ့ဆုံခဲ့တဲ့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Anthony Blinken ကတော့ IDF ရဲ့ စုံစမ်းမှု အစီရင်ခံစာကို သေချာ ဆန်းစစ်မှာ ဖြစ်ပြီး အစ္စရေး အရာရှိတွေ၊ လူသားစာနာမှု အဖွဲ့စည်းတွေနဲ့ ဆက်လက်ဆွေးနွေးဖို့ ရှိကြောင်း သောကြာနေ့မှာ ပြောပါတယ်။ အစ္စရေးက ပြန်ဖွင့်ပေးမယ့် အကူညီပေးရေး လမ်းကြောင်းတွေထဲမှာ ဂါဇာ အဝင်အထွက် အတွက် တခုထည်းသော လမ်းကြောင်း ဖြစ်တဲ့ Erez နယ်စပ်ဂိတ် နဲ့ Ashdot ဆိပ်ကမ်းတွေလည်းပါဝင် တာကြောင့် ဝန်ကြီး Blinken က ကြိုဆိုလိုက်ပါတယ်။

Forum

XS
SM
MD
LG