သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ့အရေး ဖြေရှင်းနိုင်ရေး အမေရိကန်နဲ့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးတွေ ဆွေးနွေး


 ထိုင်းနိုင်ငံခြားရေးဝန်ကြီး Parnpree Bahiddha-Nukara နဲ့ ကန် နိုင်ငံခြားရေးဝန်ကြီး Antony Blinken တို့ ဆွေးနွေးကြစဉ် (ဖေဖော်ဝါရီ ၁၂၊ ၂၀၂၄)
ထိုင်းနိုင်ငံခြားရေးဝန်ကြီး Parnpree Bahiddha-Nukara နဲ့ ကန် နိုင်ငံခြားရေးဝန်ကြီး Antony Blinken တို့ ဆွေးနွေးကြစဉ် (ဖေဖော်ဝါရီ ၁၂၊ ၂၀၂၄)

မြန်မာနိုင်ငံက ပဋိပက္ခတွေကြောင့် ထွက်ပြေးလာတဲ့ ဒုက္ခသည်တွေကို အရေးပေါ် လူသားချင်းစာနာမှု အကူအညီပေးနိုင်ဖို့နဲ့ မြန်မာနိုင်ငံ ဒီမိုကရေစီ လမ်းကြောင်းပေါ် ပြန်ရောက်ရေး ကိစ္စတွေကို ဝါရှင်တန်မြို့တော်ကို ရောက်လာတဲ့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးလဲဖြစ် ဒုဝန်ကြီးချုပ်လည်းဖြစ်တဲ့ Parnpree Bahiddha-Nukara နဲ့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony Blinken တို့ ဆွေးနွေးကြပါတယ်။

ဒေသတွင်းနဲ့ ကမ္ဘာ့အရေး ကိစ္စတွေအပြင် ပိုမိုဆိုးဝါးလာနေတဲ့ မြန်မာနိုင်ငံရဲ့ အခြေအနေ ဖြေရှင်း‌ရေး ထိုင်းနဲ့ အာဆီယံနိုင်ငံတွေရဲ့ ကြိုးပမ်းမှုတွေနဲ့ ပတ်သက်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနမှာ တွေ့ဆုံ ဆွေးနွေးကြတဲ့အကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရက မနေ့က နေ့စွဲနဲ့ ကြေညာချက် ထုတ်ပြန်ထားပါတယ်။

မြန်မာနိုင်ငံရေး သက်ဆိုင်ရာ အဖွဲ့အစည်းအားလုံးပါဝင်တဲ့ ဆွေးနွေးပွဲတွေ ပေါ်ပေါက်လာဖို့၊ မတရား ဖမ်းဆီးခံရသူတွေ လွတ်မြောက်ဖို့၊ အကြမ်းဖက်မှုတွေ အဆုံးသတ်ဖို့ကိစ္စတွေလည်း ဆွေးနွေးတဲ့အထဲမှာ ပါဝင်တဲ့အကြောင်း ကြေညာချက်မှာ ဖေါ်ပြထားပါတယ်။ ထိုင်းနိုင်ငံခြားရေးဝန်ကြီး Parnpree ဟာ အမေရိကန်ပြည်ထောင်စုကို မလာရောက်ခင် ပြီးခဲ့တဲ့ သီတင်းပတ်ကပဲ ထိုင်းနယ်စပ် မဲဆောက်မြို့ကို သွားရောက်ပြီး မြန်မာဒုက္ခသည်တွေအတွက် လူသားချင်းစာနာတဲ့ အကူအညီပေးရေး ကိစ္စတွေကို လေ့လာခဲ့ပါတယ်။ တာခ့်ခရိုင်အတွင်းမှာ မြန်မာဒုက္ခသည်တွေအတွက် လူသားချင်းစာနာကူညီမှု ပေးရေး လုပ်ငန်းတွေကို ဒီလအတွင်း နှစ်နိုင်ငံ ပူးပေါင်း စတင်မယ်ဆိုပြီး ပြောဆိုထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG