သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မဏိပူအရေးကြောင့် မလုံမခြုံပိုခံစားလာရတဲ့ အိန္ဒိယရောက် ချင်းဒုက္ခသည်တွေ


“ဟိုဘက်မှာ နေရတာထက်တော့ ဒီမှာ အေးအေးဆေးဆေးနေရတာ ပိုကောင်းပါတယ်။ ဟိုဘက်မှာ နေရတာကတော့ စိတ်လည်းပင်ပန်းတယ်။ ညလည်း မအိပ် နိုင်ဘူး။ အစားအသောက်လည်း ကောင်းကောင်းမစားနိုင်ဘူး။ ကျနော်တို့ နိုင်ငံက စစ်တပ်မရှိရင်တော့ ကောင်းမှာ။” (ဦးတာမှန်း-စစ်ဘေးရှောင်)

အာဏာသိမ်းစစ်တပ်ကို ခုခံတော်လှန်မှု အပြင်းထန်ဆုံးဒေသတွေထဲက တခုဖြစ်တဲ့ ချင်းပြည်နယ်မှာ နေ့စဥ် စစ်ပွဲနဲ့ပဋိပက္ခတွေဖြစ်နေပြီး နေရပ်စွန့်ခွာထွက်ပြေးနေရသူတွေကလည်း တသိန်းကျော် ရှိနေပါတယ်။ အဲဒီထဲမှာ အိမ်နီးချင်း အိန္ဒိယပြည်ဘက်ကို ခိုလှုံကြရသူတွေကလည်း သောင်းနဲ့ချီ ရှိနေတာပါ။ တခါ ချင်းပြည်နယ်နဲ့ထိစပ်နေတဲ့ အိန္ဒိယရဲ့ပြည်နယ်တွေထဲက မဏိပူရပြည်နယ်မှာကလည်း လူမျိုးရေးအဓိကရုဏ်းတွေဖြစ်နေလို့ ချင်း စစ်ဘေးရှောင်တွေအနေနဲ့ တပူပေါ်နှစ်ပူဆင့် ဖြစ်ပြီး မလုံခြုံမှုတွေခံစားနေရတယ်လို့ ပြောပါတယ်။ စစ်အာဏာရှင်တော်လှန်ရေး နှစ်ရှည်လာတာနဲ့အတူ အိန္ဒိယဘက်က စစ်ရှောင်တွေ ကြုံတွေ့နေရတဲ့ အခက်အခဲတွေအကြောင်း မခင်လေးက ဆက်သွယ်မေးမြန်း စုစည်းတင်ပြထားပါတယ်။

XS
SM
MD
LG