သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တုတ်ကွေးရောဂါ အန္တရာယ် WHO သတိပေး


တုတ်ကွေးရောဂါစစ်ဆေး။
တုတ်ကွေးရောဂါစစ်ဆေး။

ကမ္ဘာကြီးဟာ တုပ်ကွေးရောဂါအန္တရာယ်ကို ရင်ဆိုင်ဖို့ ဘယ်တုန်းကနဲ့မှ မတူအောင် ကောင်းကောင်းပြင်ဆင်ထားပေမဲ့ ကပ်ရောဂါ ဖြစ်နိုင်ခြေကို ရင်ဆိုင်ဖို့တော့ အလွန်အမင်း အားနည်းနေတုန်းပဲလို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က သောကြာနေ့မှာ ပြောလိုက် ပါတယ်။

နောက်တကြိမ် ကပ်ရောဂါ ဘယ်နေရာကနေပေါ်လာမယ်၊ ဘယ်ဗိုင်းရပ်စ်ပိုးဖြစ်မယ် ဆိုတာတွေ အပါအဝင် တုပ်ကွေးရောဂါနဲ့ ပတ်သက်ပြီး ဘာကိုမှ မခန့်မှန်းနိုင်ဘူးလို့ တုပ်ကွေးရောဂါဆိုင်ရာ စာမျက်နှာ ခုနစ်မျက်နှာပါ အစီရင်ခံစာမှာ ကုလသမဂ္ဂ ကျန်းမာရေးအေဂျင်စီက ပြောထားတာပါ။

တုပ်ကွေးဗိုင်းရပ်စ်အမျိုးမျိုး ပေါင်းစပ် ပြန့်နှံ့နေပြီး လူနဲ့တိရစ္ဆာန်အကြား မျိုးရိုးဗီဇပိုင်း ဆိုင်ရာ အပြန်အလှန် ဖလှယ်တာတွေ ရှိနေပါတယ်။ အဲဒီလို အခြေအနေတွေကို အနီးကပ် လေ့လာစောင့်ကြည့်သွားရမယ်လို့ WHO က သတိပေးပါတယ်။

၂၀၁၄ ခုနှစ်အတွင်း WHO ရဲ့ ကမ္ဘာလုံးဆိုင်ရာ တုပ်ကွေးရောဂါ စောင့်ကြည့်ရေးနဲ့ တုန့်ပြန်လုပ်ဆောင်ရေးစနစ်ကနေ နိုင်ငံပေါင်း ၁၁၂ နိုင်ငံက ဓာတ်ခွဲခမ်းပေါင်း ၁၄၂ ခုမှာ စမ်းသပ်မှုပေါင်း ၁.၉ သန်းကျော်ကို လုပ်ခဲ့ပါတယ်။

တုပ်ကွေး ကပ်ရောဂါဟာ လက်ရှိသိထားသမျှ ကူးစက်ရောဂါတွေထဲမှာ တကမ္ဘာလုံး ပြန့်နှံ့ကူးစက်နိုင်ဆုံး ရောဂါဖြစ်တာကြောင့် နိုင်ငံတိုင်းဟာ အကောင်းဆုံး ကြိုတင်ပြင်ဆင်ထားသင့်တယ်လို့ WHO က အစိုးရတွေကို အကြံပေးထားပါတယ်။

XS
SM
MD
LG