သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဗီယက်နမ်လွှတ်တော်ဥက္ကဋ္ဌ ရာထူးကနေ နှုတ်ထွက်


ဗီယက်နမ်လွှတ်တော်ဥက္ကဋ္ဌ Vuong Dinh Hue
ဗီယက်နမ်လွှတ်တော်ဥက္ကဋ္ဌ Vuong Dinh Hue

ဗီယက်နမ်လွှတ်တော်ဥက္ကဋ္ဌဟာ ရာထူးကနေ နှုတ်ထွက်သွားတယ်လို့ လက်ရှိအာဏာရ Communist Party ပါတီက ကြေညာပါတယ်။ စည်းကမ်းချိုးဖောက်မှုနဲ့ အားနည်းချက်တွေ ရှိတာကြောင့် အမျိုးသားလွှတ်တော်ဥက္ကဌ တာဝန်ကနေ နှုတ်ထွက်ဖို့ Vuong Dinh Hue က တောင်းခံပြီး သူ့သဘောနဲ့သူ နှုတ်ထွက်သွားခဲ့တာလို့ ဧပြီလ ၂၆ ရက်၊ သောကြာနေ့မှာ ပြုလုပ်တဲ့ ကွန်မြူနစ်ပါတီ ဗဟိုကော်မီတီစည်းဝေးပွဲအပြီး ဗဟိုကော်မီတီက ကြေညာချက် ထုတ်ပြန်ခဲ့တာပါ။

Hue ရဲ့ ဥပဒေချိုးဖောက်တဲ့ လုပ်ရပ်တွေက ပါတီ၊ နိုင်ငံတော်တို့ရဲ့ ဂုဏ်သိက္ခာအပြင် သူ့ရဲ့ ကိုယ်ကျင့်တရားကိုပါ ထိခိုက်ပျက်ဆီးစေခဲ့တယ်လို့ ပါတီ ဗဟိုကော်မီတီရဲ့ စုံစမ်းစစ်ဆေးမှုတွေမှာ တွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။

သူ အခုလို ရာထူးက နှုတ်ထွက်တဲ့ကိစ္စဟာ သူ့ရဲ့ လက်ထောက်တဦးဖြစ်တဲ့ လွှတ်တော်ဥက္ကဌရုံးရဲ့ ဒုတိယအကြီးအကဲ Pham Thi Ha ကို အာဏာအလွဲသုံးစား လုပ်မှုနဲ့ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က ဖမ်းဆီးခံရကိစ္စနဲ့ ဆက်စပ်မှုရှိတယ်လို့ ဆိုပါတယ်။

တနေ့မှာ တိုင်းပြည်ခေါင်းဆောင် ဖြစ်မယ်သူလို့ တစ်ပေးခံထားရပေမဲ့ အိမ်ခြံမြေလုပ်ငန်းတခု အဂတိလိုက်စားမှုနဲ့ ပတ်သက်လို့ စုံစမ်း စစ်ဆေးခံနေရချိန်မှာ နှုတ်ထွက်သွားတာ ဖြစ်ပါတယ်။ လေ့လာသူ တချို့ကတော့ ဗီယက်နမ် ကွန်မြူနစ်ပါတီအတွင်းက အာဏာယှဉ်ပြိုင်မှုတွေကြောင့် သူ အခုလို နှုတ်ထွက်ပေးလိုက်ရာတာလို့ သုံးသပ်ကြပါတယ်။

Forum

XS
SM
MD
LG