သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နိုင်ငံခြားခရီးသွားသတိ အမေရိကန်ထုတ်ပြန်


သြစတြေးလျနိုင်ငံ၊ ချောကလက်ကဖေးဆိုင်အတွင်း ၁၆ နာရီကြာ ဓားစာခံဖမ်းဆီးတဲ့ အကြမ်းဖက်မှုနဲ့ သေဆုံးသူတွေအတွက် အောက်မေ့ဖွယ် ပန်းစည်းများနဲ့အတူ လူထုကို တွေ့မြင်ရစဉ်။
သြစတြေးလျနိုင်ငံ၊ ချောကလက်ကဖေးဆိုင်အတွင်း ၁၆ နာရီကြာ ဓားစာခံဖမ်းဆီးတဲ့ အကြမ်းဖက်မှုနဲ့ သေဆုံးသူတွေအတွက် အောက်မေ့ဖွယ် ပန်းစည်းများနဲ့အတူ လူထုကို တွေ့မြင်ရစဉ်။

နိုင်ငံရပ်ခြားကို ခရီးသွားကြမယ့် အမေရိကန်နိုင်ငံသားတွေအနေနဲ့ သတိဝီရိယနဲ့ သွားလာကြဖို့ အမေရိကန်နိုင်ငံခြားရေးဌာနက သတိပေးချက် ထုတ်ပြန်လိုက်ပါတယ်။

မကြာသေးခင်က သြစတြေးလျနိုင်ငံမှာဖြစ်သွားတဲ့ ဓားစာခံဖမ်းဆီးမှုဟာ လူပုဂ္ဂိုလ်တဦးချင်းစီရဲ့ လုံခြုံရေးအတွက် အထူးသတိထားကြဖို့ အမေရိကန်နိုင်ငံသားတွေကို သတိပေးလိုက်သလိုဖြစ်နေကြောင်း သောကြာနေ့က ထုတ်ပြန်တဲ့ သတိပေးချက်ထဲမှာ ဖော်ပြထားပါတယ်။

အတိတ်ကဖြစ်ခဲ့တဲ့ တိုက်ခိုက်မှုတွေကို ကြည့်ခြင်းအားဖြင့် အကြမ်းဖက်သမားတွေဟာ အမေရိကန်အစိုးရပိုင် အဆောက်အဦးတွေကိုသာ ပစ်မှတ်ထား တိုက်ခိုက်ခြင်း မဟုတ်ဘဲ ဟိုတယ်တွေ၊ ဈေးတွေ၊ ဘာသာရေးအဆောက်အဦးတွေကိုပါ ပစ်မှတ်ထား တိုက်ခိုက်လာတာကိုတွေ့ရကြောင်း နိုင်ငံခြားရေး ဌာန ကြေညာချက်မှာ ဖော်ပြထားပါတယ်။ အထူးသဖြင့် အခုလို အားလပ်ရက် ခရီးသွားချိန်မှာ အထူးသတိထားကြဖို့ ပြောထားပါတယ်။

ဒီခရီးသွားသတိပေးချက်ဟာ ရှေ့နှစ် မတ်လ ၁၉ ရက်နေ့မှာ သက်တမ်းကုန်ဆုံးမှာ ဖြစ်ပါတယ်။

XS
SM
MD
LG