သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကုလငြိမ်းချမ်းရေး အစောင့်တပ်ဖွဲ့ဝင် ၄၃ ဦး ဆီးရီးယား နယ်စပ်မှာ ဖမ်းဆီးခံရ


ကုလသမဂ္ဂ ငြိမ်းချမ်းရေးတပ်ဖွဲ့များ ဝင်ရောက်လာစဉ်။ (သြဂုတ် ၂၈၊ ၂၀၁၄)
ကုလသမဂ္ဂ ငြိမ်းချမ်းရေးတပ်ဖွဲ့များ ဝင်ရောက်လာစဉ်။ (သြဂုတ် ၂၈၊ ၂၀၁၄)

ကုလသမဂ္ဂငြိမ်းချမ်းရေးတပ်ဖွဲ့ဝင် ၄၃ ယောက်ဟာ အစ္စရေးနဲ့ ဆီးရီးယားနိုင်ငံ နယ်စပ်မှာ လက်နက်ကိုင်အဖွဲ့တဖွဲ့က ဖမ်းဆီးသွားတာကိုခံခဲ့ရပြီး၊ နောက်တခြား ၈၁ ယောက်ဟာ ဆိုရင်လည်း နယ်စပ်ဖြတ်ကျော်တဲ့ နေရာအနီး သူတို့ရောက်နေတဲ့ နေရာကနေ မထွက်ခွာနိုင်ပဲ ဖြစ်နေတယ်လို့ ကုလသမဂ္ဂ က ကြာသာပတေးနေ့မှာ ပြောဆိုပါတယ်။

Aslamist al-Nusra Front လို့ခေါ်တဲ့ စစ်သွေးကြွအဖွဲ့ဟာ ဗုဒ္ဓဟူးနေ့မှာ နယ်စပ်စခန်းကို ဝင်ရောက် စီးနင်း တိုက်ခိုက် ခဲ့ပါတယ်။ ဒါပေမဲ့ ကုလသမဂ္ဂ ငြိမ်းချမ်းရေးတပ်ဖွဲ့ဝင်တွေကို ဖမ်းဆီးသွားတဲ့အဖွဲ့ဟာ ဘယ်အဖွဲ့လည်းဆိုတာ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။

ဖမ်းဆီးခံလိုက်ရတဲ့ ကုလငြိမ်းချမ်းရေးတပ်ဖွဲ့တွေ ပြန်လည်လွတ်မြောက်ဖို့အရေးနဲ့၊ တခြားတပ်ဖွဲ့ဝင်တွေ လွတ်လပ်စွာ သွားလာနိုင်စေဖို့အတွက် လုပ်ဆောင်နိုင်တဲ့ နည်းလမ်းမှန်သမျှနဲ့ ကြိုးပမ်းသွားမှာ ဖြစ်တယ်လို့ ကုလသမဂ္ဂက ကြေညာချက် ထုတ်ပြန်ပါတယ်။

ဆီးရီးယားနိုင်ငံအတွင်း သူပုန်တပ်ဖွဲ့တွေ အစ္စလာမ်မစ် အစွန်းရောက် စစ်သွေးကြွတွေ နဲ့ အစိုးရတပ်တွေကြား ဖြစ်ပွားနေတဲ့ ပြင်းထန်တဲ့ တိုက်ပွဲတွေဟာ မကြာခနဆိုသလိုရောက်လာတတ်ပြီး မော်တာကျည်ဆန်တွေဟာ ဂိုလာမ် ကုန်းမြင့်ဘက်ခြမ်း အစ္စရေးထိန်းချုပ်ထားတဲ့ နယ်စပ်မှာရှိတဲ့ ကုလသမဂ္ဂ စခန်းတွေနားအထိကျလာတတ်ပါတယ်။

XS
SM
MD
LG