သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန်အောက်လွှတ်တော် ပြည်ပအကူအညီပေးရေး ဥပဒေကြမ်း ယူကရိန်း ကြိုဆို


၂၀၂၄ ဖေဖေါ်ဝါရီလပိုင်းက ယူကရိန်းသမ္မတ အမေရိကန်လွှတ်တော်အမတ်များနှင့် တွေ့ဆုံကြစဉ် (ပုံဟောင်း)
၂၀၂၄ ဖေဖေါ်ဝါရီလပိုင်းက ယူကရိန်းသမ္မတ အမေရိကန်လွှတ်တော်အမတ်များနှင့် တွေ့ဆုံကြစဉ် (ပုံဟောင်း)

ယူကရိန်းနိုင်ငံအတွက် အရေးတကြီးလိုအပ်နေတဲ့ အကူအညီတွေပေးနိုင်ဖို့ အမေရိကန်အောက်လွှတ်တော်က သဘောတူဆုံးဖြတ်လိုက်တဲ့ ဥပဒေမူကြမ်းကို ယူကရိန်းအပါအ၀င် အနောက်နိုင်ငံ ခေါင်းဆောင်တွေက ကြိုဆိုလိုက်ပါတယ်။ ဒါပေမဲ့ ရုရှားအစိုးရကတော့ ဒီဥပဒေမူကြမ်းဟာ ယူကရိန်းကို ပိုပြီးပျက်စီးစေဖို့ပဲ ဖြစ်တယ်လို့ သတိပေးလိုက်ပါတယ်။

ရုရှားကျူးကျော်မှုကို တွန်းလှန်နေတဲ့ ယူကရိန်းအတွက် နောက်ထပ်ကူညီဖို့ ဘတ်ဂျက်ငွေအတွက် အောက်လွှတ်တော်မှာ ဒီမိုကရက်နဲ့ ရီပတ်ဘလင်ကန်ပါတီ နှစ်ရပ်ကြား လပေါင်းများစွာ အကြိတ်အနယ် ဆွေးနွေးခဲ့ကြပြီးနောက် အခု ဒေါ်လာ ၆၁ ဘီလီယံပေးဖို့ အတည်ပြုနိုင်ခဲ့တာပါ။

အမေရိကန်ရဲ့ အကူအညီ ရန်ပုံငွေမပါရင်၊ ရုရှားကို စစ်ရေးအရ ရှုံးလိမ့်မယ်လို့ သတိပေးခဲ့တဲ့ ယူကရိန်းသမ္မတကလည်း အမေရိကန် အောက်လွှတ်တော်အမတ်တွေကို ချီးကျူးခဲ့ပါတယ်။ အခုလို အမေရိကန်က ယူကရိန်းအတွက် အကူအညီပေးဖို့ အတည်ပြုနိုင်တဲ့ကိစ္စကို ကြိုတင်မျှော်လင့်ပြီသာဖြစ်ပြီး ယူကရိန်းအပေါ် ရုရှားတိုက်ခိုက်မှုတွေ ပိုပြီးပြင်းထန်လာမယ့် အခြေအနေကို ရုရှားအစိုးရ ပြောရေးဆိုခွင့်ရှိသူက သတိပေးတုံ့ပြန်ထားပါတယ်။

Forum

XS
SM
MD
LG