သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရခိုင်ဒေသ လူမျိုးရေးပဋိပက္ခထပ်ကြုံလာဖွယ် ရိုဟင်ဂျာတက်ကြွလှုပ်ရှားသူသတိပေး


ဗြိတိန်အခြေစိုက် BROUK မြန်မာရိုဟင်ဂျာအဖွဲ့ ဥက္ကဌ ဦးထွန်းခင် (မေ ၂၊ ၂၀၂၄/ဗွီအိုအေ)
ဗြိတိန်အခြေစိုက် BROUK မြန်မာရိုဟင်ဂျာအဖွဲ့ ဥက္ကဌ ဦးထွန်းခင် (မေ ၂၊ ၂၀၂၄/ဗွီအိုအေ)

ရခိုင်ပြည်နယ်တွင်း လူမှုအသိုက်အဝန်းနှစ်ခုကြား အမုန်းတရားတွေပြန့်နှံ့နေပြီး နောက်တကြိမ် လူမျိုးရေးပဋိပက္ခပုံစံဖြစ်လာမှာကို စိုးရိမ်ရတယ်လို့ ရိုဟင်ဂျာအရေက်ကြွလှုပ်ရှားသူတဦးက သတိပေးပါတယ်။ ရိုဟင်ဂျာတွေဟာ ရခိုင်စစ်ရေးပဋိပက္ခအတွင်း နှစ်ဖက်လုံးရဲ့ စစ်သားစုဆောင်းမှုတွေခံနေရပြီး အသက်အန္တရာယ်တွေနဲ့ပါ ရင်ဆိုင်နေရတယ်လို့ ရိုဟင်ဂျာ အရေးနိုင်ငံတကာ မှာ ဦးဆောင်လှုပ်ရှားနေသူ ဗြိတိန်အခြေစိုက် BROUK ြမန်မာရိုဟင်ဂျာအဖွဲ့ ဥက္ကဌ ဦးထွန်းခင်က ပြောတာပါ။ မအင်ကြင်းနိုင်က ဗွီအိုအေစတူရီယိုမှာ တွေ့ဆုံမေးမြန်းထားပါတယ်။

"လွန်ခဲ့တဲ့နှစ် နိုဝင်ဘာလကနေစပြီးတော့ မြန်မာစစ်တပ်နဲ့ Arakan Army- AA နဲ့ စစ်ပွဲတွေဖြစ်နေတယ်။ စစ်ပွဲတွေကြားထဲမှာ ရိုဟင်ဂျာတွေက ကြားညပ်ပြီး အမြဲတမ်းအသတ်ခံလိုက်ရတယ်။​ အထူးသဖြင့် စစ်တပ်ကပေါ့နော် - airstrike လုပ်ခဲ့တာ၊ ဖေဖေါ်ဝါရီမှာ - မင်းပြားမှာ၊ ပြီးတော့စစ်တွေမှာ၊ တခြားမြို့တွေမှာ ရိုဟင်ဂျာအများစုက အသတ်ခံလိုက်ရတယ်။ ဘာဖြစ်လို့လဲဆိုတော့ စစ်တပ်ကနေ စစ်ဖြစ်တဲ့နောက်ပိုင်း ရိုဟင်ဂျာအပါအဝင် ရခိုင်မှာရှိနေတဲ့လူအများစုက ...လွန်ခဲ့တဲ့နိုဝင်ဘာ စစ်ဖြစ်တဲ့နောက်ပိုင်းမှာ ရိုဟင်ဂျာတွေက သွားလာခွင့်တွေ အကန့်အသတ်ရှိနေတော့ ပိုပိုဆိုးလာတယ်။ ဥပမာ - ရခိုင်လူမျိုးစုတွေဆိုရင် သူတို့က သွားလို့ရတယ်။​ အထူးသဖြင့် ရခိုင် AA ကနေ လွတ်မြောက်နယ်မြေတွေမှာ သူတို့က သွားပြီးတိမ်းရှောင်တယ်။ ရိုဟင်ဂျာတွေက သွားလာခွင့်ကန့်သတ်ထားတော့၊ ဆေးကုသခွင့်တွေ ကန့်သတ်ထားတော့ တော်တော်လေးဆိုးဝါးတဲ့အခြေအနေမှာရှိပြီးတော့ ပိတ်မိနေပြီးတော့ အသတ်ခံနေရတယ်၊ IDP ထဲမှာ ဆိုးဝါးတဲ့အခြေအနေတွေ ဖြစ်နေတာပေါ့နော်၊ စစ်တွေမှာဆိုရင်လည်း IDP က တသိန်းနှစ်သောင်းရှိတယ်။ နောက် - အဲဒီနောက်ပိုင်းမှာ မြန်မာအစိုးရက စစ်မှုထမ်းဥပဒေကြေညာတယ်။ ကြေညာတဲ့နောက်ပိုင်းမှာ ချက်ခြင်း ရခိုင်ပြည်နယ် စစ်တွေဒုက္ခသည်စခန်းကနေ ရိုဟင်ဂျာတွေကို စစ်တပ်က စစ်မှုထမ်းဖို့ ၅၀၀ နီးပါးသော ရိုဟင်ဂျာတွေကို အတင်းအဓမ္မဆွဲခေါ်သွားတယ်။ ပြီးတော့ ဘူးသီးတောင်၊ မောင်းတော တခြားမြို့တွေမှာလည်း ၅၀၀ ကျော်ကျော်လောက်ရှိမယ်။ အားလုံးပေါင်းလိုက်တော့ ၁,၀၀၀ ကျော်ကျော်လောက် စစ်မှုထမ်းဖို့ ရိုဟင်ဂျာတွေကို စစ်တပ်ကနေ အတင်းအဓမ္မဆွဲသွားတယ်။ ကျနော်တို့ကို တကယ်တန်းက နိုင်ငံသားအဖြစ် စစ်တပ်က အသိအမှတ်လည်းမပြုဘူး။ အဲဒီကြားထဲမှာလည်း ကျနော်တို့ကို အတင်းအဓမ္မဒီလိုလုပ်တယ်ဆိုတော့ ဒါက စစ်တပ်က တော်တော်လေးကို target ထားပြီးတော့ ရည်ရွယ်ချက်ရှိရှိ အကြံအစည်တခုနဲ့ ရိုဟင်ဂျာတွေကို လူသားဒိုင်းအနေနဲ့လည်းသုံးမယ်၊ နောက်တဘက်မှာကျတော့ ဒီ AA- Arakan Army နဲ့စစ်တိုက်တဲ့နေရာမှာ ရိုဟင်ဂျာတွေကို ရှေ့မှာတင်ခြင်းအားဖြင့် အမုန်းတရားတခု ပြန့်ပွါးအောင်လုပ်နေခြင်းကို ဦးတည်နေတယ်။ အဲဒီကြားထဲမှာ လူမျိုးစုနှစ်ခုကြားထဲမှာ ပြဿနာတခုခု ဖန်တီးဖို့ ရည်ရွယ်ချက်ရှိရှိ လုပ်လာတာပေါ့နော်။

အဲဒီလိုမကသေးဘူး၊ ဆန္ဒပြပွဲတွေ အတင်းအဓမ္မလုပ်ခိုင်းတယ်။ ဘူးသီးတောင်းမှာ၊ စစ်တွေမှာ AA ကိုဆန့်ကျင်တဲ့ဆန္ဒပြပွဲတွေ စစ်တပ်ကလုပ်လာတယ်။ အဲဒီလို စစ်တပ်လုပ်လာတဲ့နောက်ပိုင်းမှာ အခြေအနေကပိုဆိုးပြီးတော့ အခုဆိုရင် AA ကလည်း ကျနော်တို့ရိုဟင်ဂျာတွေကို အတင်းအဓမ္မ လူသားဒိုင်း...စစ်မှုထမ်းဖို့ ဖမ်းဆီးနေတယ်၊ အတင်းအဓမ္မလုပ်နေတယ်။ ပြီးတော့ နှစ်ဘက်စလုံးမှာ ကျနော်တို့က ကြားညပ်ခံနေရတယ်။

ပြီးတော့ ဒီဘက်မှာ စစ်တပ်က airstrike နဲ့စစ်တပ်က အသတ်ခံရတာမကသေးဘူး၊ ရခိုင် AA-Arakan Army ကလည်း ဖမ်းဆီးသတ်ဖြတ်နေတာ ကျနော်တို့မှာ အထောက်အထားတွေ ....သတင်းတွေ ကျနော်တို့အခိုင်အမာရရှိထားတယ်။ အဲဒီအတွက် ကျနော်တို့က ဒီနေရာမှာ, ကြားညပ်ပြီးတော့ ဆိုးဝါးတဲ့အနေအထားတခုကိုရောက်နေတယ်။ အထူးသဖြင့်စစ်တပ်က ရိုဟင်ဂျာနဲ့ရခိုင်လူမျိုးကြားထဲမှာ ပြဿနာတခုကို သေသေချာချာနဲ့စနစ်တကျဖန်တီးနေတာ ကျနော်တို့တွေ့မြင်ရတယ်။

ဒီနေရာမှာ AA အနေနဲ့ပါးနပ်ဖို့ လိုအပ်တယ်။ ဒီအထဲမှာ AA ဘက်ကလည်း အမုန်းတရားတွေ ပြန့်ပွားနေတဲ့အနေအထား -ဘင်္ဂလီ ဆိုပြီးတော့ စတိတ်မဲန့်တွေထုတ်ပြီးတော့ - ကျနော်တို့သည် ဘင်္ဂလီမဟုတ်ဘူး။ အဲဒီလို ကျနော်တို့ identity ကို ဥပမာ စစ်တပ်လိုမျိုးပဲ AA ကလည်း ဘင်္ဂလီ ဆိုပြီးတော့ သုံးနေတာတွေ့ရတော့ ဒီထဲမှာက အမုန်းတရားတွေပိုပြီး ဆိုးလာတဲ့အနေအထားတခုမှာ ကျနော်တွေ့ရတယ်။ ဒါကြောင့် ကျနော်တို့က မြန်မာစစ်တပ်နဲ့ AA ရက္ခိုင့်တပ်တော်ကြားထဲမှာ ကျနော်တို့က ကြားညပ်ပြီးတော့ အခုဆိုရင် ရိုဟင်ဂျာတွေ ရာနဲ့ချီပြီးသေ - အသတ်ခံလိုက်ရတာ ကျနော်တို့ သတင်းရရှိထားတယ်။

တွေ့ဆုံမေးမြန်းမှုအသေးစိတ်ကိုတော့ ဗွီအိုအေ ဝက်ဆိုဒ်စာမျက်နှာနဲ့ ဖေ့ဘုတ်မှာ ကြည့်ရှုနိုင်ပါမယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG