သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Omaha မှာ လေဆင်နှာမောင်းကြောင့် နေအိမ် ရာချီပျက်စီး


လေဆင်နှာမောင်း ဝင်ရောက်တိုက်ခတ်ခဲ့လို့ နေအိမ်အများအပြား အမေရိကန်နိုင်ငံ အိုမာဟာမြို့မှာ ပျက်စီးခဲ့ (AP Photo/Margery A. Beck)
လေဆင်နှာမောင်း ဝင်ရောက်တိုက်ခတ်ခဲ့လို့ နေအိမ်အများအပြား အမေရိကန်နိုင်ငံ အိုမာဟာမြို့မှာ ပျက်စီးခဲ့ (AP Photo/Margery A. Beck)

အမေရိကန်ပြည်ထောင်စု အလယ်ပိုင်း Nebraska, Iowa နဲ့ Texas ပြည်နယ်တွေမှာ သောကြာနေ့က လေဆင်နှာမောင်း ဝင်ရောက်တိုက်ခတ်ခဲ့လို့ နေအိမ်အများအပြား ပျက်စီးခဲ့ပါတယ်။ ပျက်စီးမှု အများဆုံးကတော့ လေဆင်နှာမောင်း တခုမက ဝင်တိုက်ခံရတဲ့ Nebraska ပြည်နယ် Omaha မြို့မှာ ဖြစ်ပါတယ်။

Omaha မြို့မှာ နေအိမ် ရာနဲ့ချီ ကြီးကြီးမားမား ပျက်စီးသွားခဲ့ပြီး ပျက်စီးမှုအများဆုံးက မြို့အနောက်ပိုင်းက Elkhorn အရပ်မှာ ဖြစ်တယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။ လေဆင်နှာမောင်း ထွက်သွားပြီးနောက် ပျက်စီးနေတဲ့ နေအိမ်တွေထဲမှာ ပိတ်မိနေသူတွေကို မီးသတ်တတ်ဖွဲ့ဝင်တွေက တအိမ်တက်ဆင်း တံခါးခေါက်ပြီး ကူညီခဲ့ကြပါတယ်။ အခုချိန်ထိတော့ သေဆုံးပျောက်ဆုံးသူ ရှိတယ်လို့ မသိရသေးပါဘူး။

အဲဒီဒေသဘက်မှာ အဓိက လျှပ်စစ်ဓါတ်အား ဖြန့်ဖြူးပေးနေတဲ့ OPPD လုပ်ငန်းရဲ့ အပြောအရ အိမ်ခြေ ၁၀၀၀၀ လောက် လျှပ်စစ်မီးပြတ်တောက်နေပါတယ်။ Omaha လေဆိပ်နားကကိုလည်း လေဆင်နှာမောင်းတခု တိုက်ခတ်ခဲ့လို့ လေဆိပ်ကို ယာယီပိတ်ခဲ့ရပါတယ်။ Omaha မြို့ အရှေ့မြောက်ပိုင်း မိုင် ၃၀ လောက်အကွာမှာရှိတဲ့ Iowa ပြည်နယ်က Minden မြို့မှာလည်း လေဆင်းနှာမောင်းကြောင့် တော်တော်လေး ပျက်စီးခဲ့ပါတယ်။

အမေရိကန်ပြည်ထောင်စု အလယ်ပိုင်းနဲ့ တောင်ပိုင်း ပြည်နယ်တွေ ဖြစ်ကြတဲ့ Iowa၊ Kansas၊ Missouri၊ Oklahoma နဲ့ Texas ပြည်နယ်တွေမှာ အင်မတန်ကြီးတဲ့ မိုးသီးတွေ ကြွေနိုင်သလို အင်အားပြင်း လေဆင်နှာမောင်းတွေ ဒီနေ့ စနေနေ့အထိ တိုက်ခတ်နိုင်တယ်လို့ အမျိုးသား မိုးလေဝသဌာနက သတိပေးချက် ထုတ်ပြန်ထားပါတယ်။ မိုးအကြီးအကျယ်ရွာပြီး မိုးရေချိန်များနိုင်တယ်လို့လည်း သတိပေးထားပါတယ်။

Forum

XS
SM
MD
LG