သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တောင်ကိုရီးယားပြည်ပသံရုံးတချို့ တိုက်ခိုက်ခံရနိုင်ခြေ သတိပေးချက်ထုတ်


တောင် မြောက် ကိုရီးယားနှစ်နိုင်ငံနယ်စပ်တနေရာမြင်ကွင်း (နိုဝင်ဘာ ၂၁၊ ၂၀၂၃)
တောင် မြောက် ကိုရီးယားနှစ်နိုင်ငံနယ်စပ်တနေရာမြင်ကွင်း (နိုဝင်ဘာ ၂၁၊ ၂၀၂၃)

ပြည်ပမှာရှိနေတဲ့ တောင်ကိုရီးယားအစိုးရတာဝန်ရှိသူတွေ နိုင်ငံသားတွေကို မြောက်ကိုရီးယားက တိုက်ခိုက်ဖို့ ကြံစည်နေတယ်လို့ တောင်ကိုရီယား ထောက်လှမ်းရေးအေဂျင်စီက ဒီနေ့ ပြောကြားလိုက်ပါတယ်။

ကမ္ဘောဒီးယား၊ လာအိုနဲ့ ဗီယက်နမ်နိုင်ငံတွေမှာရှိတဲ့ တောင်ကိုရီးယားသံရုံးတွေအပြင် တရုတ်နဲ့ ရုရှားက ကောင်စစ်ဝန်ရုံးတွေမှာ အကြမ်းဖက် တိုက်ခိုက်နိုင်တဲ့ အန္တရာယ် သတိပေးမှုအဆင့်ကို တောင်ကိုရီးယားနိုင်ငံခြားရေးဌာနက ကြာသပတေးနေ့က မြှင့်တင်ခဲ့ပြီးနောက်မှာ ထောက်လှမ်းရေးဌာန NIS က ဒီနေ့ပြောလိုက်တာပါ။

အရှေ့တောင်အာရှနိုင်ငံတွေ၊ တရုတ်နဲ့ အရှေ့အလယ်ပိုင်းဒေသတွေမှာရှိတဲ့ တောင်ကိုရီးယားသံရုံးတွေအပေါ် ထောက်လှမ်းဖို့ မြောက်ကိုရီယားက ထောက်လှမ်းရေးတွေ စေလွှတ်ထားကြောင်းနဲ့ အဲဒီသူတွေဟာ တောင်ကိုရီးယားနိုင်ငံသားတွေကို အကြမ်းဖက် ပစ်မှတ်တွေအဖြစ် ထားနိုင်ဖို့ လိုက်လံရှာဖွေနေတယ်ဆိုတဲ့ ထောက်လှမ်းရေးသတင်းတွေရထားတယ်လို့ NIS က ဒီနေ့ပြောပါတယ်။

ကိုဗစ်ကပ်ရောဂါကာလက တခြားနိုင်ငံတွေမှာ မြောက်ကိုရီးယားသံဝန်ထမ်းတွေ သောင်တင်နေပြီး နောက်ပိုင်း နိုင်ငံ မပြန်တော့ဘဲ ဘက်ပြောင်းခိုလှုံသူ အများအပြား ရှိခဲ့တာနဲ့ ဆက်စပ်ပုံရတယ်လို့ တောင်ကိုရီးယားထောက်လှမ်းရေး NIS ကပြောပါတယ်။

ဒီလိုမြောက်ကိုရီးယား သံဝန်ထမ်းတွေ အများအပြား တခြားနိုင်ငံတွေမှာ ဘက်ပြောင်းသွားတဲ့အပေါ် မကျေနပ်လို့ တောင်ကိုရီယား သံရုံးဝန်ထမ်းတွေအပေါ် လက်တုံ့ပြန် တိုက်ခိုက်ဖို့ ကြံစည်ကောင်း ကြံစည်နေနိုင်တယ်လို့ NIS က AFP သတင်းဌာကို ပြောကြားပါတယ်။

မြောက်ကိုရီးယားနဲ့ သံတမန်ဆက်ဆံရေးရှိနေတဲ့ တရုတ်၊ ရုရှား၊ ကမ္ဘောဒီးယား၊ လာအိုနဲ့ ဗီယက်နမ်နိုင်ငံတွေက တောင်ကိုရီယားသံရုံးတွေမှာ အကြမ်းဖက်တိုက်ခိုက်မှုအတွက် သတိထားနေရမယ့်အဆင့်ကနေ နိုးနိုးကြားကြား ဖြစ်နေရမယ့်အဆင့်ကို တောင်ကိုရီးယားနိုင်ငံခြားရေးဌာနက တိုးမြှင့်ထားပါတယ်။ အကြမ်းဖက်တိုက်ခိုက်မှုနဲ့ပတ်သက်လို့ အဆင့် ၄ ဆင့်သတ်မှတ်ထားတဲ့ထဲက ဒုတိယအမြင့်ဆုံးအဆင့်ကို တိုးမြှင့်လိုက်တာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG