သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်း နိုင်ငံခြားရေးဝန်ကြီး ရာထူးက နုတ်ထွက်ကြောင်း သတင်းထွက်


ထိုင်းနိုင်ငံ မဲဆောက်မြို့ကို ရောက်လာတဲ့ ထိုင်းနိုင်ငံခြားရေးဝန်ကြီး Parnpree Bahiddha-Nukara (ဧပြီ ၁၂၊ ၂၀၂၄)
ထိုင်းနိုင်ငံ မဲဆောက်မြို့ကို ရောက်လာတဲ့ ထိုင်းနိုင်ငံခြားရေးဝန်ကြီး Parnpree Bahiddha-Nukara (ဧပြီ ၁၂၊ ၂၀၂၄)

ထိုင်း နိုင်ငံခြားရေးဝန်ကြီး Parnpree Bahiddha-Nukara ဟာ ရာထူးကနေ ရုတ်တရက် နုတ်ထွက်သွားပြီဖြစ်တယ်လို့ ထိုင်း သတင်းမီဒီယာတွေမှာ ဒီကနေ့ ဖေါ်ပြခဲ့ကြပါတယ်။

အကြောင်းရင်းကို ရှင်းရှင်းလင်းလင်း မသိရပေမဲ့ ထိုင်းအစိုးရအဖွဲ့ အပြောင်းအလဲမှာ Parnpree အနေနဲ့ ဒုတိယဝန်ကြီးချုပ်တာဝန်ကို လက်လွှတ်လိုက်ရပြီးတဲ့နောက် နိုင်ငံခြားရေးဝန်ကြီးရာထူးကနေ နုတ်ထွက်တဲ့သတင်း ထွက်ပေါ်လာခဲ့တာပါ။

ထိုင်းနိုင်ငံခြားရေးဝန်ကြီး နုတ်ထွက်တဲ့သတင်းကို လတ်တလော တရားဝင် ထုတ်ပြန်တာ မတွေ့ရသေးသလို သီးခြားအတည်ပြုလို့တော့ မရသေးပါဘူး။ ထိုင်းအစိုးရ ပြောခွင့်ရကတော့ ဒီသတင်းနဲ့ ပတ်သက်လို့ မှန်မမှန် စုံစမ်းပေးမဲ့အကြောင်း ရိုက်တာသတင်းဌာနကို တုံ့ပြန်ထားပါတယ်။

ဒီကနေ့ ဘုရင့်နန်းတော်က သတင်းထုတ်ပြန်ချက်မှာတော့ ထိုင်းဘုရင်ရဲ့ အတည်ပြု ထောက်ခံချက်ရထားတဲ့ ဝန်ကြီးချုပ် Srettha Thavisin ရဲ့ အစိုးရအဖွဲ့အသစ်မှာ Parnpree ကို နိုင်ငံခြားရေးဝန်ကြီးနေရာမှာပဲ ထားရှိပြီး ဒုတိယဝန်ကြီးချုပ်နေရာမှာ သူ့နာမည် မတွေ့ရပါဘူး။

နိုင်ငံခြားရေးဝန်ကြီး Parnpree ဟာ အိမ်နီးချင်းမြန်မာ့အရေးနဲ့ ပတ်သက်လို့ လူသားချင်း စာနာမှုအကူအညီတွေကို ထိုင်းနိုင်ငံကတဆင့်ပေးတဲ့ အစီအစဉ်မှာ ဦးဆောင်နေသူဖြစ်သလို မြဝတီတိုက်ပွဲ ပြင်းထန်နေတဲ့အခြေအနေနဲ့ ပတ်သက်လို့ မကြာသေးခင် ရက်ပိုင်းအတွင်းကပဲ ထိုင်း-မြန်မာနယ်စပ် မဲဆောက်ကို သွားရောက်ကြည့်ရှုခဲ့တာပါ။

Forum

XS
SM
MD
LG