သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ယူကရိန်းကင်းလှည့်သင်္ဘောကို ခွဲထွက်ရေးအဖွဲ့တွေ တိုက်ခိုက်


ယူကရိန်းနိုင်ငံ၊ Ilovaysk မြို့အတွင်းက အမြောက်ထိပြီး ပျက်စီးနေတဲ့ ယာဉ်တစီးကို မြင်ရစဉ်။ (သြဂုတ် ၃၁၊ ၂၀၁၄)
ယူကရိန်းနိုင်ငံ၊ Ilovaysk မြို့အတွင်းက အမြောက်ထိပြီး ပျက်စီးနေတဲ့ ယာဉ်တစီးကို မြင်ရစဉ်။ (သြဂုတ် ၃၁၊ ၂၀၁၄)

ရုရှားလိုလားသူ ခွဲထွက်ရေးသမားတွေက Azov ပင်လယ်အတွင်းမှာရှိတဲ့ ယူကရိန်းနိုင်ငံပိုင် နယ်စပ် ကင်းလှည့်သင်္ဘောကို တနင်္ဂနွေနေ့က ပစ်ခတ်ခဲ့ပါတယ်။

အမြောက်နဲ့ ပစ်ခတ်ခဲ့တာဖြစ်ကြောင်းနဲ့ ကင်းလှည့်သင်္ဘော ထိခိုက်ပျက်စီးသွားကြောင်း ယူကရိန်းပြောခွင့်ရသူက ပြောဆိုပါတယ်။ သင်္ဘော ဘယ်လောက်အထိ ပျက်စီးသွားတယ်ဆိုတဲ့ အခြေအနေနဲ့ လူတွေကို ထိခိုက်မှုရှိသေးသလား ဆိုတာကိုတော့ မသိရသေးပါဘူး။

ဒါပေမယ့် အခုဖြစ်ရပ်ဟာ ယူကရိန်းရေတပ်အတွက် ပထမဦးဆုံးအရှုံး ဖြစ်တယ်လို့ ခွဲထွက်ရေးသမားတွေရဲ့ စစ်ဖက်ဆိုင်ရာ ခေါင်းဆောင်ဟောင်းက ပြောဆိုလိုက်ပါတယ်။

Azov ပင်လယ်နယ်စပ်ဟာ ယူကရိန်းနိုင်ငံရဲ့ အရှေ့တောင်ဖက် ကမ်းရိုးတမ်းမှာတည်ရှိပြီး ယူကရိန်းအစိုးရတပ်တွေဟာ အဲဒီနေရာတဝိုက်ကို ခွဲထွက်ရေးသမားတွေထံကနေ ပြန်ပြီး ထိန်းချုပ်နိုင်အောင် ကြိုးပမ်းနေကြရပါတယ်။

ရုရှားသမ္မတ Vladimir Putin က ယူကရိန်းနိုင်ငံ အရှေ့တောင်ပိုင်းက နိုင်ငံပိုင်ဆိုင်မှုအခြေအနေ နဲ့ပတ်သက်ပြီး အမြန်ဆုံး ထိထိရောက်ရောက် ဆွေးနွေးကြဖို့ တောင်းဆိုလိုက်ပါတယ်။

မစ္စတာပူတင်က နိုင်ငံပိုင် ရုပ်သံကနေ တနင်္ဂနွေနေ့ စကားပြောဆိုရာမှာ ဒီဒေသမှာနေထိုင်သူတွေရဲ့ တရားဝင် အကျိုးစီးပွားကို အကာအကွယ် ပေးဖို့အတွက် အဲဒီလိုလုပ်ဖို့ လိုအပ်နေပြီလို့ ပြောဆိုပါတယ်။

XS
SM
MD
LG