သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ယူကရိန်းမှာ စစ်ရေးအရ ပါဝင်မှာမဟုတ်ကြောင်း သမ္မတ အိုဘားမားပြော


သမ္မတ အိုဘားမား အိမ်ဖြူတော်မှာ ယူကရိန်းအရေး မိန့်ခွန်းပြော။ (သြဂုတ် ၂၈၊ ၂၀၁၄)
သမ္မတ အိုဘားမား အိမ်ဖြူတော်မှာ ယူကရိန်းအရေး မိန့်ခွန်းပြော။ (သြဂုတ် ၂၈၊ ၂၀၁၄)

ရုရှားက ထောက်ခံမှုပေးထားတဲ့ ယူကရိန်းနိုင်ငံအတွင်းက အကြမ်းဖက်မှုတွေ တိုးများလာတဲ့ အခြေအနေနဲ့ ပတ်သက်ပြီး အမေရိကန် ပြည်ထောင်စုက စစ်ရေးအရ အရေးယူဆောင်ရွက် သွားဖို့မရှိဘူးလို့ သမ္မတ အိုဘားမားက ပြောဆို လိုက်ပါတယ်။ ဒါပေမဲ့ အမေရိကန် အစိုးရဟာ ဒီဖြစ်ပွားနေတဲ့ အရေးကိစ္စနဲ့ ပတ်သက်ပြီး ဥရောပ မဟာမိတ်တွေနဲ့ အတူတကွ ရပ်တည် သွားမှာ ဖြစ်တယ်လို့ ပြောပါတယ်။

မကြာခင်ကပြုလုပ်ခဲ့တဲ့ ရုရှားရဲ့ စစ်ရေးလှုပ်ရှားမှုအကြောင်း သမ္မတ အိုဘားမားက ကြာသပတေးနေ့ စကားပြောဆိုတဲ့နေရာမှာ ယူကရိန်းနိုင်ငံကို ကျူးကျော်တဲ့ လုပ်ရပ်ဆိုတဲ့ စကားမျိုး သုံးနှုန်း ပြောဆိုသွားခြင်းမရှိပါဘူး။

ရုရှားဟာ ယူကရိန်းနိုင်ငံရဲ့ နယ်မြေပိုင်ဆိုင်မှုနဲ့ ဂုဏ်သိက္ခာကို ထပ်ခါတလဲလဲ ချိုးဖေါက်မှုတွေရှိခဲ့တယ်လို့တော့ သမ္မတကပြောပါတယ်။ နောက်ပြီး ရုရှားအစိုးရဟာ ထပ်တိုးအရေးယူပိတ်ဆို့မှုတွေနဲ့ ရင်ဆိုင်ရလိမ့်မယ်လို့ လည်း သတိပေးပြောဆိုသွားပါတယ်။

ယူကရိန်းအရေးနဲ့ ပတ်သက်ပြီး ဂျာမနီဝန်ကြီးချုပ် Angela Merkel နဲ့ စကားပြောဆိုခဲ့ကြောင်း အိုဘားမားက ပြောပါတယ်။ ခေါင်းဆောင် ၂ ဦးစလုံးဟာ ဒီကိစ္စအပေါ် သံတမန်နည်းလမ်းနဲ့ အဖြေရှာဖို့ ဆုံးဖြတ်ထားချက်ကို ထပ်မံပြောဆိုခဲ့ကြတယ်လို့ အိမ်ဖြူတော်ကပြောပါတယ်။

ယူကရိန်း သမ္မတ Petro Poroshenko က ရုရှားတပ်ဖွဲ့တွေဟာ ယူကရိန်းနိုင်ငံအရှေ့ပိုင်းမှာရှိတဲ့ ဆိပ်ကမ်းမြို့တမြို့ကို သိမ်းပိုက်လိုက်တဲ့ အကြောင်း ပြောဆိုလိုက်ပြီး မကြာခင်မှာ သမ္မတ အိုဘားမား ဟာ သတင်းထောက်တွေနဲ့ တွေ့ဆုံ ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

XS
SM
MD
LG