သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သြစတြေးလျမှာ ဓားနဲ့တိုက်ခိုက်သူအကြောင်း ရဲတပ်ဖွဲ့သတင်းထုတ်ပြန်


သြစတြေလျးနိုင်ငံ ဆစ်ဒနီမြို့ ဈေးဝယ်စင်တာမှာ သေဆုံးသွားသူများအား ဆုတောင်းပေးကြ
သြစတြေလျးနိုင်ငံ ဆစ်ဒနီမြို့ ဈေးဝယ်စင်တာမှာ သေဆုံးသွားသူများအား ဆုတောင်းပေးကြ

သြစတြေလျးနိုင်ငံ ဆစ်ဒနီမြို့မှာ မနေ့ စနေနေ့က လူ ၆ ယောက်ကို သေစေလောက်တဲ့အထိ တိုက်ခိုက်ခဲ့တဲ့သူဟာ အသက် ၄၀ အရွယ် Joel Cauchi ဖြစ်တယ်လို့ New South Wales ပြည်နယ်ရဲတပ်ဖွဲ့က ပြောလိုက်ပါတယ်။ ဆစ်ဒနီမြို့ အရှေ့ဘက် ဆင်ခြေဖုံးက Bondi အရပ်က Westfield ဈေးဝယ်စင်တာမှာ မနေ့နေ့လည်ပိုင်းက တိုက်ခိုက်မှုကြောင့် လူ ၆ ယောက်သေဆုံးခဲ့ပြီး၊ ရဲအရာရှိတဦးက ပစ်ခတ်ဖမ်းဆီးခဲ့လို့ အဆိုပါ ဓါးနဲ့တိုက်ခိုက်သူလည်း သေဆုံးသွားခဲ့ပါတယ်။

Cauchi ဟာ တိတိကျကျဖော်ပြလို့ မရနိုင်တဲ့ စိတ်ကျန်းမာရေးဆိုင်ရာ ပြဿနာကို ခံစားနေရပြီး၊ ဒီတိုက်ခိုက်မှုဟာ အကြမ်းဖက်ဝါဒနဲ့ ဆက်စပ်မှု မရှိဘူးလို့ စုံစမ်းစစ်ဆေးသူတွေဘက်က တွေ့ရှိခဲ့ရတယ်လို့ New South Wales ပြည်နယ် လက်ထောက်ရဲချုပ် Anthony Cooke က ဒီနေ့ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲအတွင်း ပြောကြားလိုက်ပါတယ်။

ဒီတိုက်ခိုက်မှုကြောင့် ၉ လအရွယ် ကလေးတဦးအပါအဝင် နောက်ထပ် ၁၂ ယောက် ဒဏ်ရာရသွားခဲ့ပြီး၊ သေဆုံးသူ ၆ ယောက်ထဲက ၂ ယောက်က ပြည်ပနိုင်ငံတွေကလာတဲ့သူတွေဖြစ်ပြီး၊ သြစတြေးလျနိုင်ငံမှာ မိသားစု ဆွေမျိုးမရှိကြသူတွေ ဖြစ်တယ်လို့ ပြည်နယ်လက်ထောက် ရဲချုပ်က ပြောပါတယ်။

Forum

XS
SM
MD
LG