သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဧရာမလို့ဆိုတဲ့ ပဲ့ထိန်းဒုံး မြောက်ကိုရီးယားစမ်းသပ်


၂၀၂၄ ဧပြီလ ၂၀ နေ့မှာ စမ်းသပ်ပစ်လွှတ်တဲ့ မြောက်ကိုရီးယား၏ ဧရာမလက်နက်ထိပ်ဖူးပါ ပဲ့ထိန်းဒုံးကို တောင်ကိုရီးယားပြည်သူများ TV ကနေ ကြည့်နေကြ
၂၀၂၄ ဧပြီလ ၂၀ နေ့မှာ စမ်းသပ်ပစ်လွှတ်တဲ့ မြောက်ကိုရီးယား၏ ဧရာမလက်နက်ထိပ်ဖူးပါ ပဲ့ထိန်းဒုံးကို တောင်ကိုရီးယားပြည်သူများ TV ကနေ ကြည့်နေကြ

ဧရာမလက်နက်ထိပ်ဖူး ပါတယ်လို့ဆိုတဲ့ Cruise missile ပဲ့ထိန်းဒုံးတခုနဲ့ လေယာဉ်ဖျက်ဒုံးကျည်တခုကို နိုင်ငံအနောက်ဘက် ကမ်းရိုးတမ်းဒေသမှာ စမ်းသပ်ပစ်လွှတ်ခဲ့တယ်လို့ မြောက်ကိုရီးယားက ပြောကြားပါတယ်။

Hwasal-1 Ra-3 မဟာဗျူဟာမြောက် ပဲ့ထိန်းဒုံးကျည်နဲ့ Pyoljji-1-2 အမျိုးအစား လေယာဉ်ပစ် ဒုံးကျည်တို့ကို ဧပြီ ၁၉ သောကြာနေ့က စမ်းသပ် ပစ်လွှတ်ခဲ့ကြောင်း မြောက်ကိုရီးယားအစိုးရပိုင်သတင်းဌာက ကြေညာပါတယ်။ ရည်မှန်းချက်အတိုင်း ပြည့်အောင် စမ်းသပ်နိုင်ခဲ့တယ်လို့လည်း ဆိုပေမဲ့ ဘယ်လို ရည်မှန်းချက်လဲဆိုတောတော့ မပြောပါဘူး။

ဒုံးကျည် ၂ ခုကို ပစ်လွှတ်နေတဲ့ ဓာတ်ပုံတွေကိုလည်း မြောက်ကိုရီးယားအစိုးရပိုင် KCNA သတင်းက ထုတ်ပြန်ထားပါတယ်။

အလားတူ စမ်းသပ်ပစ်လွှတ်မှုတွေ မြောက်ကိုရီးယားက ဖေဖော်ဝါရီလ ၂ ရက်နေ့မှာ ပြုလုပ်ခဲ့ပေမယ့် ဒုံးကျည်တွေရဲ့ အမျိုးအမည်တွေကို ထုတ်ဖော် ပြောဆိုခြင်းမရှိဘဲ နည်းပညာ တိုးတက်လာမှုကို သိရှိနိုင်အောင် လုပ်ဆောင်ခဲ့ခြင်းဖြစ်တယ်လို့ ပြောပါတယ်။

မနေ့ ဧပြီလ ၁၉ ရက်နေ့က ပြုလုပ်တဲ့ စမ်းသပ်မှုဟာ မြောက်ကိုရီးယားစစ်တပ်ရဲ့ ပုံမှန်လုပ်ရိုးလုပ်စဉ် ကိစ္စတခုသာဖြစ်ပြီး လတ်တလော ဖြစ်ပေါ်နေတဲ့ နိုင်ငံရေးအခြေအနေတွေကြောင့် မဟုတ်ဘူးလို့ အစိုးရပိုင် KCNA သတင်းဌာနက ပြောပါတယ်။

အမေရိကန်ပြည်မကြီးနဲ့ ပစိဖိတ်ဒေသထဲက အမေရိကန်ပိုင်နက်တွေအပေါ် ပစ်မှတ်ထားနိုင်တယ်လို့ဆိုတဲ့ လက်နက်တွေအပါအဝင် မြောက်ကိုရီးယားခေါင်းဆောင် Kim Jong Un က လက်နက်အသစ်တွေကို စမ်းသပ်နေတာနဲ့အတူ ကိုရီးယားကျွန်းဆွယ်မှာ အခုနှစ်ပိုင်းအတွေအတွင်း တင်းမာမှုတွေ အမြင့်ဆုံးအနေအထားကို ရောက်နေပါတယ်။

Forum

XS
SM
MD
LG