သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန်နဲ့ ဥရောပလေကြောင်းတွေ အစ္စရေးလ်ကို ပျံသန်းမှုရပ်


အခုသီတင်းပတ် အစောပိုင်းတုန်းက အစ္စရေးလ်နိုင်ငံရဲ့ အဓိကလေဆိပ်အနီး ဂါဇာဘက်က ပစ်လိုက်တဲ့ ဒုံးကျည်တွေ ကျခဲ့တဲ့အတွက် အစ္စရေးလ်ကို ပျံသန်းကြမယ့် အမေရိကန်ပြည်ထောင်စုနဲ့ ဥရောပတိုက်က လေယာဉ်ခရီးစဉ်တွေ ဗုဒ္ဓဟူးနေ့မှာ ထပ်မံ ပယ်ဖျက်လိုက်ကြပါတယ်။

အစ္စရေးလ်နဲ့ Hamas အဖွဲ့တို့အကြား တိုက်ပွဲတွေ ဆက်လက် ဖြစ်ပွားနေတာကြောင့် အန္တရာယ်များနိုင်တဲ့ အခြေအနေတွေ ဖြစ်ပေါ်နေတဲ့အတွက် အမေရိကန် ပြည်ထောင်စုက Delta, American နဲ့ United စတဲ့ လေကြောင်းလိုင်း ခရီးစဉ်တွေ အစ္စရေးလ်နိုင်ငံ Tel Aviv က Ben Gurion နိုင်ငံတကာလေဆိပ်ကို မပျံသန်းကြဖို့ အမေရိကန် လေကြောင်းအုပ်ချုပ်ရေးဌာနက နောက်ထပ် ၂၄ နာရီ သက်တမ်းတိုးလိုက်ကြောင်း ကြေညာချက် ထုတ်ပြန်လိုက်တာပါ။

Hamas အဖွဲ့ထံမှာ Ben Gurion လေဆိပ်အထိ ရောက်အောင်ပစ်နိုင်တဲ့ ဒုံးကျည်တွေရှိနေကြောင်း အမေရိကန် နိုင်ငံခြားရေးဌာန ပြောခွင့်ရအမျိုးသမီး Marie Harf က ဗုဒ္ဓဟူးနေ့မှာ အတည်ပြု ပြောကြားလိုက်ပါတယ်။ ဒါပေမဲ့ အဲဒီဒုံးကျည်တွေ ဘယ်လောက်အထိ ပစ်မှတ်ကို တိတိကျကျ ပစ်နိုင်ခြင်း ရှိ မရှိ ဆိုတာတော့ မသေချာပါဘူး။

အစ္စရေးလ်အစိုးရအနေနဲ့ Ben Gurion လေဆိပ်အစား Ovda လေဆိပ်ကို အစားထိုး ဖွင့်ပေးထားမယ်လို့ ဗုဒ္ဓဟူးနေ့ နှောင်းပိုင်းမှာ အစ္စရေးလ် ပို့ဆောင်ရေးဝန်ကြီး Yisreal Katz က ပြောပါတယ်။ Ovda လေဆိပ်က Negev သဲကန္တာရ အတွင်းမှာရှိပြီး စစ်တပ်လေယာဉ်တွေအတွက်ပဲ အသုံးများတာ ဖြစ်ပါတယ်။

ဒါပေမဲ့ အရပ်ဖက်လေယာဉ်တွေ အတက်အဆင်း လုပ်လို့ရနိုင်အောင် အစ္စရေးလ် အစိုးရဘက်က ဆောင်ရွက်ပေးရမှာ ဖြစ်ပါတယ်။ ဒါပေမဲ့ အဲဒီ Ovda လေဆိပ်ဟာ Tel Aviv၊ ဂျေရုဆလင် စတဲ့ မြို့ကြီးတွေနဲ့ အရမ်းဝေးလွန်းတဲ့ နေရာမှာ ရှိနေတယ်လို့ ဥရောပလေကြောင်းလိုင်းတွေက ပြောပါတယ်။

Lufthansa၊ Air France၊ KLM၊ Alitalia၊ Scandinavian၊ Polish လေကြောင်းလိုင်း lot တို့လည်း အစ္စရေးလ်ကို ပျံသန်းမယ့် အစီအစဉ်တွေ ပယ်ဖျက်လိုက်ကြပြီး ဖြစ်ပါတယ်။

XS
SM
MD
LG