သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အိန္ဒိယကို ကမ္ဘာ့ကုန်ထုတ်လုပ်မှု အချက်အခြာဖြစ်ဖို့ ဝန်ကြီးချုပ် Modi ကတိပြု


အိန္ဒိယဝန်ကြီးချုပ် Modi အထွေထွေရွေးကောက်ပွဲအတွက် မဲဆွယ် (Photo by HIMANSHU SHARMA / AFP)
အိန္ဒိယဝန်ကြီးချုပ် Modi အထွေထွေရွေးကောက်ပွဲအတွက် မဲဆွယ် (Photo by HIMANSHU SHARMA / AFP)

အိန္ဒိယဝန်ကြီးချုပ် Narendra Modi က သူ့ရဲ့ ဟိန္ဒူအမျိုးသားရေးဝါဒီပါတီရဲ့ ရွေးကောက်ပွဲ မဟာဗျုဟာအဖြစ် လူမှုရေးကဏ္ဍမှာ တိုးမြှင့်သုံးစွဲဖို့၊ အခြေခံအဆောက်အအုံတွေ ဖွံ့ဖြိုးတိုးတက်ဖို့နဲ့ တရုတ်နိုင်ငံကနေ ကုမ္ပဏီတွေ ထွက်ခွာနေချိန်မှာ ကမ္ဘာ့ကုန်ထုတ်လုပ်မှု အချက်အခြာနေရာတခု ဖြစ်လာအောင်လုပ်ဖို့ ဒီကနေ့ပဲ ကတိပေး ပြောဆိုလိုက်ပါတယ်။

ဝန်ကြီးချုပ် ၅ နှစ်သက်တမ်း တတိယအကြိမ် တာဝန်ယူနိုင်ဖို့ ကြိုးပမ်းနေတဲ့ ဝန်ကြီးချုပ်နဲ့အတူ BJP ပါတီခေါင်းဆောင်တွေ အထွေထွေရွေးကောက်ပွဲ ကျင်းပဖို့ ရက်ပိုင်းအလိုမှာ အခုလို ကြေညာလိုက်တာပါ။

ဆင်းရဲသားတွေအတွက် သန်းနဲ့ချီတဲ့ အခမဲ့နေအိမ်၊ ကျန်းမာရေးစောင့်ရှောက်မှု၊ မီးဖိုချောင်သုံးဓာတ်ငွေ့နဲ့ ရိက္ခာ အထောက်အပံ့ အပါအဝင် BJP ပါတီ အာဏာရထားတဲ့ ၁၀ နှစ်အတွင်း စတင်ကျင့်သုံးခဲ့တဲ့ လူမှုရေးအစီအစဉ်တွေကို ဝန်ကြီးချုပ်က တိုးချဲ့ဖို့ ကတိပေးခဲ့တာ ဖြစ်ပါတယ်။ ဆင်းရဲသား လယ်သမားတွေကိုလည်း တနှစ်ကို အိန္ဒိယရူပီးငွေ ၆ ထောင် ထောက်ပံ့နေတာပါ။ ဒေါ်လာ ၃.၇ ထီလီယံ ရှိတဲ့ အိန္ဒိယနိုင်ငံ စီးပွားရေးကို ၂၀၂၇ ခုနှစ် နောက်ဆုံးထားပြီး ၅ ထီလီယံအထိ တိုးလာအောင်လုပ်မယ်လို့လည်း ဝန်ကြီးချုပ်က ကတိပေးထားပါတယ်။

အိန္ဒိယနိုင်ငံကို ကမ္ဘာမှာ ဆေးဝါး၊ စွမ်းအင်၊ တပိုင်းလျှပ်ကူးပစ္စည်း ထုတ်လုပ်ရာနဲ့ ခရီးသွားလုပ်ငန်း အချက်အခြာ နေရာတခု ဖြစ်လာဖို့ ရည်မှန်းထားတယ် လို့လည်း ဝန်ကြီးချုပ် Modi က ဒီကနေ့ ရွေးကောက်ပွဲ ရည်မှန်းချက်တွေကို ကြေညာရာမှာ ပြောဆိုခဲ့ပါတယ်။

Forum

XS
SM
MD
LG