သုံးရလွယ်ကူစေသည့် Link များ

အိန္ဒိယအပူလှိုင်းကြောင့် လူ ၁၀၀၀ ကျော် သေဆုံး


အိန္ဒိယနိုင်ငံမှာ အပူလှိုင်း ဖြတ်သန်းမှုဒဏ်ကြောင့် အခုထိ လူ ၁ ထောင် သေးဆုံးခဲ့ပါတယ်။ လာမယ့်ရက်ပိုင်းအတွင်းမှာလည်း ဒီအခြေအနေဆိုးအတိုင်း ဆက်ဖြစ်နိုင်တယ်လို့ မိုးလေဝသ ပညာရှင်တွေက ခန့်မှန်းနေပါတယ်။

သေဆုံးသူအများစုဟာ အိန္ဒိယတောင်ပိုင်း Andhra Pradesh နဲ့ Telangana ပြည်နယ်တွေမှာဖြစ်ပြီး၊ ဒီလကုန်အထိ အဲဒီဒေသမှာ အပူချိန် ၄၀ Degrees Celsius ကျော်နိုင်တယ်လို့ မိုးလေဝသဌာနက ခန့်မှန်းထားပါတယ်။ အပူလှိုင်းဖြတ်သန်းမှုကြောင့် ပြီးခဲ့တဲ့သီတင်းပတ်အတွင်း နေ့အပူချိန်ဟာ ၄၈ Degrees Celsius အထိ ရှိနေတာကြောင့် သေဆုံးသူ ပိုများခဲ့ရတာပါ။

ဆေးရုံတွေမှာဆိုရင်လည်း အပူလျှပ်ပြီး ရောက်လာကြတဲ့ လူနာအများအပြားကို တွေ့ကြရပြီး၊ သက်ဆိုင်ရာ တာဝန်ရှိသူတွေကတော့ တတ်နိုင်သမျှ လူတွေ အိမ်ထဲကအိမ်ပြင် မထွက်ကြဖို့၊ အထူးသဖြင့် နေ့စဉ် အပူဆုံး အချိန်တွေမှာ အပြင်ထွက်တာမျိုး ရှောင်ကြဉ်ကြဖို့လည်း သတိပေးနေကြပါတယ်။ အိန္ဒိယနိုင်ငံမှာ မေလနဲ့ ဇွန်လတွေဟာ အပူဆုံးလတွေဖြစ်ပြီး မုတ်သုန်မိုး မကျခင်အထိ အပူချိန် ၄၂ ကနေ ၄၇ Degrees Celsius ကြား ရှိပါတယ်။

XS
SM
MD
LG