သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြေကမ္ဘာကျန်းမာရေး ပလစ်စတစ်သုံးစွဲမှုလျှော့ဖို့ တိုက်တွန်း 


EARTH-DAY/BANGLADESH
EARTH-DAY/BANGLADESH

ဧပြီလ ၂၂ ရက်၊ ဒီကနေ့ဟာ မြေကမ္ဘာနေ့ဖြစ်ပါတယ်။​ ဒီနှစ်ရဲ့ဆောင်ပုဒ်ကတော့ Planet vs. Plastic မြေကမ္ဘာနဲ့ပလတ်စတစ်လို့ အဓိပ္ပါယ်ရပါတယ်။ လူသားတွေနဲ့ မြေကမ္ဘာရဲ့ကျန်းမာရေးအတွက် ပလတ်စတစ်သုံးစွဲမှုလျှော့ချကြဖို့ သဘာဝပတ်ဝန်းကျင်အရေး တက်ကြွလှုပ်ရှားသူတွေက တိုက်တွန်းတောင်းဆိုနေချိန်မှာမြေကမ္ဘာနေ့ကျင်းပကြတာပါ။

သေးငယ်လှတဲ့ပလတ်စတစ်စတွေဟာ လူတွေနိစ္စဓူဝရှူရှိုက်နေကြတဲ့လေထုအပြင် အစားအစာနဲ့ရေတွေထဲကနေလည်း လူ့ခန္ဓာကိုယ်ထဲဝင်ရောက်လာနေကြတာဖြစ်ပါတယ်။ ပင်လယ်သမုဒ္ဒရာတွေထဲ နှစ်စဥ်ဝင်ရောက်လာတဲ့ ပလတ်စတစ်အမှိုက်တွေဟာလည်း တန်ချိန်သန်းနဲ့ချီရှိနေတာပါ။ ဒီကနေ့ခေတ် လူ့အသိုင်းအဝိုင်းထဲမှာ ပလတ်စတစ်နဲ့လွတ်ကင်းတဲ့ နေရာရယ်လို့မရှိသလို ပြန်အသုံးပြုလို့ရတဲ့ပလတ်စတစ်ထုတ်ကုန်က ၉ ရာခိုင်နှုန်းတောင်မရှိဘဲ အများစုက အမှိုက်ပုံတွေထဲမှာ အဆုံးသတ်ပါတယ်။

ပလတ်စတစ်ထုတ်လုပ်မှုလျှော့ချရေး ဝိုင်းဝန်းတိုက်တွန်းနေတာကို ဒီအတိုင်းကြည့်နေမယ်ဆိုရင်တော့ ၂၀၅၀ ပြည့်လွန်နှစ်မှာ ပလတ်စတစ်ထုတ်လုပ်မှုက ၃ ဆထိတိုးလာမယ်လို့လည်း ကျွမ်းကျင်သူတွေက ခန့်မှန်းထားကြပါတယ်။ ဒီသီတင်းပတ်ထဲမှာပဲ နိုင်ငံကိုယ်စားပြုကိုယ်စားလှယ်တွေနဲ့ လေ့လာစောင့်ကြည့်သူထောင်နဲ့ချီတို့ အရှိန်မြင့်လာတဲ့ ပလတ်စတစ်ညစ်ညမ်းမှုအဆုံးသတ်နိုင်ရေး သဘောတူညီမှုသစ်တရပ်ရေးဆွဲနိုင်အောင် ကနေဒါနိုင်ငံမှာ Ottawa မှာတွေ့ဆုံဆွေးနွေးကြမှာဖြစ်ပါတယ်။

ပလတ်စတစ်အမှိုက်တိုက်ဖျက်ရေး မဖြစ်မနေလိုက်နာရမယ့် ပြဌာန်းချက်တခု ချမှတ်နိုင်အောင် ကုလသမဂ္ဂနဲ့ နိုင်ငံတကာ အသိုင်းအဝိုင်းတို့ပူးပေါင်းပြီး နိုင်ငံတကာညှိနှိုင်းဆောင်ရွက်ရေးကော်မတီ INC က ခုလို ဦးဆောင်ဆွေးနွေးကြတာဖြစ်ပါတယ်။ ၂၀၂၅ နှစ်လယ်လောက် ကျရင်တော့ ပလစ်စတစ်ညစ်ညမ်းမှုတိုက်ဖျက်ရေး မဖြစ်မနေလိုက်နာရမယ့်မူဝါဒတရပ် အပြီးသတ် ချမှတ်ကြမှာလည်းဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG