သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အွန်လိုင်းရာဇဝတ်မှုနဲ့ မသင်္ကာသူ တရုတ်နိုင်ငံသား ၁၃၀ ကျော် ကမ္ဘောဒီးယား နေရပ်ပြန်ပို့


ကမ္ဘောဒီးယားနိုင်ငံရှိ အွန်လိုင်းလောင်းကစားရုံ (ဓါတ်ပုံ - AP)
ကမ္ဘောဒီးယားနိုင်ငံရှိ အွန်လိုင်းလောင်းကစားရုံ (ဓါတ်ပုံ - AP)

အွန်လိုင်းရာဇဝတ်ဂိုဏ်းတွေနဲ့ ပတ်သက်သူတွေအဖြစ် မသင်္ကာသူ တရုတ်နိုင်ငံသား ၁၃၀ ကျော်ကို ကမ္ဘောဒီးယားနိုင်ငံကနေ နေရပ်ပြန်ပို့လိုက်ကြောင်း တရုတ်နိုင်ငံပိုင်သတင်းက ဒီနေ့ပဲ ဖော်ပြပါတယ်။ အွန်လိုင်းရာဇဝတ်ဂိုဏ်းတွေနဲ့ ပတ်သက်မှုအတွက် နေရပ်ပြန်ပို့ခံရတဲ့ တရုတ်နိုင်ငံသား ၁၃၅ ယောက်ဟာ Hubei ပြည်နယ် Wuhan မြို့ကို လေယာဉ် ၂ စင်းနဲ့ ဒီကနေ့မနက်မှာပဲ ပြန်ရောက်လာခဲ့ကြောင်းလည်း CCTV သတင်းက ဖော်ပြခဲ့တာပါ။

အခုနောက်ဆုံးအသုတ်နဲ့ပါ ဆိုရင်တော့ ကမ္ဘောဒီးယားကနေ ပြန်ပို့တဲ့သူ ၆၈၀ ရှိသွားပြီလို့လည်း တရုတ်အစိုးရ အများပြည်သူ လုံခြုံရေး ဝန်ကြီးဌာနက ပြောပါတယ်။ အွန်လိုင်းလူလိမ်ဂိုဏ်းတွေ၊ လောင်းကစားလုပ်ငန်းတွေကို နယ်စပ်ဖြတ်ကျော် နှိမ်နင်းမှုတွေကို တရုတ်နဲ့ ကမ္ဘောဒီးယား ၂ နိုင်ငံကြား အနီးကပ်ပူးပေါင်း ဆောင်ရွက်နေတယ်လို့လည်း ကြေညာချက်မှာ ဖော်ပြခဲ့တာပါ။

ပထမဆုံးအသုတ်ကိုတော့ ဧပြီလ ၁၂ ရက်နေ့က ပြန်ပို့ခဲ့ပါတယ်။ မြန်မာ၊ ကမ္ဘောဒီးယား စတဲ့ နိုင်ငံတွေမှာ အလုပ်အကိုင် ကောင်းကောင်းရမယ်ဆိုပြီး လူငယ်တွေကို အွန်လိုင်းကနေ လိမ်လည်ဖြားယောင်းနေတဲ့ ရာဇဝတ်ဂိုဏ်းတွေကို တရုတ်နိုင်ငံက ဒေသတွင်း နိုင်ငံတွေနဲ့ ပူးပေါင်းပြီး မကြာသေးခင်ကစ နှိမ်နင်းမှုတွေ စတင်ခဲ့တာပါ။

ရာဇဝတ်ဂိုဏ်းတွေနဲ့ ပတ်သက်သူတွေအဖြစ် သက်ဆိုင်ရာနိုင်ငံတွေကနေ တရုတ်နိုင်ငံကို ပြန်ပို့ခံရတဲ့ မသင်္ကာသူ ၁ သောင်းကျော် ရှိတယ်လို့လည်း တရုတ်အစိုးရ အများပြည်သူ လုံခြုံရေး ဝန်ကြီးဌာနက ပြောပါတယ်။

Forum

XS
SM
MD
LG