သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နျူကလီးယားဆွေးနွေးပွဲ ရက်တိုးမှု အီရန်ခေါင်းဆောင် ထောက်ခံ


အီရန်ခေါင်းဆောင်Ayatollah Ali Khamenei။
အီရန်ခေါင်းဆောင်Ayatollah Ali Khamenei။

အီရန်နျူကလီးယားအရေး ဆွေးနွေးပွဲတွေ ရပ်ထပ်တိုးတာကို သူထောက်ခံတယ်လို့ အီရန်ခေါင်းဆောင်ကြီး Ayatollah Ali Khamenei က ပြောလိုက်ပါတယ်။ ဒါပေမဲ့ စေ့စပ်ဆွေးနွေးတာ မအောင်မြင်ရင် အနစ်နာရဆုံးက အမေရိကန်ပြည်ထောင်စု ဖြစ်လိမ့်မယ်လို့ ဆိုပါတယ်။

ဆွေးနွေးပွဲတွေကို အခုချိန်ထိ မကန့်ကွက်သေးတဲ့ အကြောင်းပြချက်အတိုင်းပဲ ခုနစ်လ သပ်တမ်း ထပ်တိုးတာကို သူမကန့်ကွက် ဘူးလို့ Khamenei က နိုင်ငံပိုင်ရုပ်သံကနေ ကြာသပတေးနေ့က ထုတ်လွှင့်တဲ့ မိန့်ခွန်းမှာ ပြောသွားပါတယ်။

ဆွေးနွေးပွဲတွေကို နောက်နှစ် ဇွန်လ ၃၀ ရက်နေ့အထိ ထပ်တိုးဖို့ အီရန်နဲ့ ကမ္ဘာ့အင်အားကြီးနိုင်ငံတွေ တနင်္လာနေ့က သဘောတူ ထားကြတာပါ။ အီရန်ရဲ့ နျူကလီးယားအစီအစဉ်ဟာ ငြိမ်းချမ်းတဲ့ ရည်ရွယ်ချက် ဖြစ်တယ် ဆိုတာ သေချာစေပြီး အပြန်အလှန်အား ဖြင့် အီရန်စီးပွားရေးကို ထိခိုက်နေတဲ့ ဒဏ်ခတ် အရေးယူမှုတွေကို လျှော့ပေါ့ပေးရေးဆိုင်ရာ သဘောတူညီချက် တခုရဖို့ နောက်ဆုံးသတ်မှတ်ရက် တနင်္လာနေ့မှာ နှစ်ဘက် သဘောတူညီချက်မရတာကြောင့် ရပ်ထပ်တိုးတာဖြစ်ပါတယ်။

နျူကလီးယား စေ့စပ်ဆွေးနွေးပွဲတွေအတွင်း အီရန်နိုင်ငံ ဒူးထောက် အရှုံးပေးသွားအောင် အမေရိကန်နဲ့ ဥရောပ ကိုလိုနီဝါဒီ အင်အားကြီးနိုင်ငံတွေရဲ့ ကြိုးပမ်းချက်တွေ ကျဆုံးသွားပြီလို့ အစောပိုင်းမှာ Khamenei ကပြောထားပါတယ်။

အီရန်နိုင်ငံဟာ နျူကလီးယားလက်နက်ထုတ်လုပ်ဖို့ လုပ်နေတယ်လို့ အမေရိကန်နဲ့ မဟာမိတ်တွေက သံသယရှိကြတာပါ။ အီရန် နိုင်ငံကတော့ သူ့ရဲ့နျူကလီးယားအစီအစဉ်ဟာ ငြိမ်းချမ်းတဲ့ ရည်ရွယ်ချက်တွေ အတွက်သာဖြစ်ပြီး ဆေးဘက်ဆိုင်ရာသုတေသန နဲ့ စွမ်းအင်ထုတ်လုပ်ဖို့လို အရပ်ဘက် ရည်ရွယ်ချက်တွေအတွက်ဖြစ်တယ်လို့ အခိုင်အမာပြောနေပါတယ်။

XS
SM
MD
LG