သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Shock စကားလုံးဆိုင်ရာ အီဒီယံအသုံးအနှုန်းများ


People look at the remains of a rocket shell on a street in the town of Kramatorsk, eastern Ukraine, Feb. 10, 2015. T
People look at the remains of a rocket shell on a street in the town of Kramatorsk, eastern Ukraine, Feb. 10, 2015. T

ဒီသတင်းပတ် English Learning: American Idioms and Expressions ကဏ္ဍမှာ အံ့အားသင့်၊တုန်လှုပ်စရာကောင်းတယ်လို့်အဓိပ္ပါယ်ရတဲ့ (Shock) ဝေါဟာရကိုအခြေခံတဲ့ Sticker shock, Shell shock နဲ့ Culture shock တို့ကိုတင်ပြထားပါတယ်။

() Sticker shock

Sticker က ဈေးဆိုင်တွေမှာရောင်းတဲ့ ကုန်ပစ္စည်းတွေပေါ်မှာ ဈေးနှုန်းဘယ်လောက်ဆိုတာကို ဖော်ပြထားတဲ့ (ဈေးနှုန်းကပ်ခွါလေး) ဖြစ်ပါတယ်။ မြန်မာမှာလည်း အခုဆိုရင် sticker ဆိုတဲ့အသုံးကို မြန်မာမှုပြုပြီး သုံးလာကြတာကို တွေ့နေရပါပြီ။ Shock (အံ့သြသင့် တုန်လှုပ်စရာ) ဆိုတော့ စကားစုတခုလုံးရဲ့ တိုက်ရိုက်အဓိပ္ပါယ်ကတော့ ဈေးနှုန်းရေးထားတဲ့ ကပ်ခွါစတစ်ကာ ကအံ့သြသင့်တုန်လှုပ်စရာ ဖြစ်ပါတယ်။ အီဒီယံသွယ်ဝိုက်အဓိပ္ပါယ်ကလဲ သိပ်မကွာလှပါဘူး။ ဈေးနှုန်းက ကိုယ်ထင်ထားတာထက် အဆမတန်ပိုပြီး ကြီးနေတဲ့အတွက် လန့်သွားစေတဲ့သဘော ဖြစ်ပါတယ်။ မြန်မာမှာ ဈေးကလဲ ကြီးလိုက်တာ လန့်စရာကြီးပါလားလို့ ပြောသလိုပေါ့။ ဒီအသုံးနဲ့ပတ်သက်တဲ့ ဥပမာကို လေ့လာကြည့်ရအောင်ပါ။

The new sports car was a sticker shock ! I didn’t realize it would be that expensive !
အဲဒီ ပြိုင်ကားသစ်ရဲ့ ခေါ်ဈေးကလဲ လန့်စရာပါပဲ။ ဒီလောက် ဈေးကြီးလိမ့်မယ်လို့ ကျနော် မထင်ခဲ့မိဘူး။

() Shell shock

Shell (ကျည်ဆန်)၊ shock (အံ့သြသင့် တုန်လှုပ်စရာ) ဆိုတော့ စကားစုတခုလုံးရဲ့ တိုက်ရိုက်အဓိပ္ပါယ်ကတော့ ကျည်ဆန်ကြောင့် အံ့သြသင့် တုန်လှုပ်စရာ ဖြစ်သွားတာပေါ့။ ဒီအသုံးက ပထမကမ္ဘာစစ်က စခဲ့တာလို့ ဆိုပါတယ်။ ထိုစဉ်ကစစ်မြေပြင်တွေမှာ ကျည်ဆန်တွေ၊ အမြှောက်ဆန်တွေသုံးပြီး ရန်သူတွေနဲ့ ရင်ဆိုင်တိုက်ပွဲဝင်ခဲ့ကြတဲ့မြင်ကွင်းတွေကိုပထမကမ္ဘာစစ်၊ ဒုတိယကမ္ဘာစစ် ရုပ်ရှင်တွေမှာ တွေ့ဖူးကြလိမ့်မယ်။ နိုင်ငံက လိုအပ်လို့ စစ်ဖြစ်လို့ မဝင်မနေရ စစ်ဝင်တိုက်ကြရမယ့် ထိုစဉ်က လူငယ်တွေအနေနဲ့ ဘုမသိဘမသိ တကယ်ရင်ဆိုင် တိုက်ပွဲဝင်ကြရ တဲ့အခါ ၊ ပစ်ကြ ခတ်ကြ သေကြ ဒဏ်ရာရကြတာတွေ ကိုယ့်မျက်စိရှေ့မှာ မြင်တွေ့ကြရတဲ့အခါ စိတ်ခြောက်ခြားကြတာကို ဒီအသုံးနဲ့ တင်စားပြောဆိုတာ ဖြစ်ပါတယ်။ အမေရိကန်ပြည်ထောင်စုအနေနဲ့ ကိုရီးယားစစ်၊ ဗီယက်နမ်စစ်၊ အီရတ်စစ်၊ အာဖဂန်စစ် အစရှိတဲ့ စစ်ပွဲတွေက ပြန်လာကြတဲ့ စစ်မှုထမ်းတွေအနေနဲ့ စစ်ရဲ့ အနိဌာရုံကြောင့် စိတ်ရောဂါတွေ ခံစားကြရတာတွေ ရှိပါတယ်။ အခုခေတ်မှာတော့ အဲဒီလို စိတ်ရောဂါ ခံစားကြရတာတွေကို စိတ်ဓါတ်ကျတဲ့ PTSD - Post Traumatic Stress Disorder လို့ ရည်ညွှန်းသုံးလေ့ရှိပါတယ်။ Shell shock ရဲ့ အီဒီယံအဓိပ္ပါယ်ကတော့ စစ်အတွေ့အကြုံကြောင့်စိတ်ခြောက်ခြားထိတ်လန့်မှုကိုဆိုလိုတာ ဖြစ်ပါတယ်။ တနည်း ကျမတို့ မြန်မာမှာတော့ သွေးလန့်တဲ့သဘောလို့ အနီးဆုံး ပြောရမှာပါ။ ဒီအသုံးကိုတိုက်ပွဲအခြေအနေမှာတင်မဟုတ်ပါဘူး၊လူတွေရဲ့ နေ့စဉ်ဘဝမှာလဲ သိပ်ပြီး ထိတ်လန့်ခြောက်ခြားစရာကောင်းတဲ့အတွေ့အကြုံနဲ့ ရင်ဆိုငရတာကို Shell shock လို့ ရည်ညွန်းသုံးနိုင်ပါတယ်။ ဒီအသုံးနဲ့ပတ်သက်တဲ့ ဥပမာကို လေ့လာကြည့်ရအောင်ပါ။

After the shipwreck in the icy waters, the survivors were shell shock.
အေးခဲလှတဲ့ ပင်လယ်ပြင်မှာ သင်္ဘောပျက် အတွေ့အကြုံနဲ့ ခံစားခဲ့ကြရပြီးနောက် အသက်ရှင်ကျန်ရစ်သူတွေအနေနဲ့ တုန်လှုပ်ခြောက်ခြားတဲ့စိတ်ဝေဒနာကို ခံစားကြရတယ်။

(၃) Culture shock

Culture (ယဉ်ကျေးမှု)၊ shock (ထိတ်လန့်တုန်လှုပ်စရာ) ဆိုတော့ စကားစုတခုလုံးရဲ့ တိုက်ရိုက်အဓိပ္ပါယ်ကတော့ ယဉ်ကျေးမှုနဲ့ ပတ်သက်လို့ ထိတ်လန့်တုန်လှုပ်စရာ ဖြစ်ပါတယ်။ ဒီအသုံးရဲ့ အီဒီယံသွယ်ဝိုက်အဓိပ္ပါယ်ကလည်း ရှင်းပါတယ်။ ကမ္ဘာပေါ်မှာ ယဉ်ကျေးမှုအမျိုးမျိုး၊ ဓလေ့အမျိုးမျိုး ရှိရာမှာ အထူးသဖြင့် ဖွံ့ဖြိုးပြီးအနောက်နိုင်ငံတွေရဲ့ ယဉ်ကျေးမှုဓလေ့တွေနဲ့ ရင်းနှီးမှုမရှိတဲ့ ဖွံ့ဖြိုးဆဲနိုင်ငံတွေကလာတဲ့တချို့သူတွေအနေနဲ့ သူတို့ရောက်နေတဲ့ပတ်ဝန်း ကျင်သစ်မှာ၊ အလိုက်အထိုက်နေဖို့အခက်အခဲဖြစ်တာ၊ စိတ်အနှောင့်အယှက်ဖြစ်တာ၊ ကြောက်လန့်ပြီးစိတ်ခြောက်ခြားတာမျိုးစတဲ့ စိတ်ခံစားမှုတွေဖြစ်တာကို Culture shock ဆိုပြီး တင်စားပြောတာ ဖြစ်ပါတယ်။ ဒီအသုံးနဲ့ပတ်သက်တဲ့ဥပမာကို လေ့လာကြည့်ရအောင်ပါ။

The first time Moe Moe came to the US, she got a culture shock !
မိုးမိုးအနေနဲ့ အမေရိကန်ကို ပထမဦးဆုံးအကြိမ် လာတဲ့အချိန်တုံးကယဉ်ကျေးမှုဓလေ့ချင်း မတူတဲ့အတွက်ကြောင့် စိတ်အတော်လေး အနှောက်အယှက် ဖြစ်ခဲ့ရတယ်။

ဒီသတင်းပတ် တင်ပြပေးခဲ့တဲ့ Shock စကားလုံးကို အခြေခံတဲ့ Idiom အသုံးအနှုန်းတွေက Sticker shock, Shell shock နဲ့ Culture shock တို့ ဖြစ်ကြပါတယ်။

XS
SM
MD
LG