သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာကို လေယာဥ်ဆီတင်ပို့မှု ပိတ်ပင်ရေး ဒေသတွင်းနိုင်ငံတွေ ပူးပေါင်းဖို့ လိုအပ်


ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်း
ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်း

အပြစ်မဲ့တဲ့ အရပ်သားပြည်သူတွေအပေါ် စစ်ကောင်စီရဲ့ ဖိနှိပ်တိုက်ခိုက်မှုတွေကို အထိရောက်ဆုံးတားဆီးရေး လေယာဥ်ဆီတွေ တင်ပို့ရောင်းချမှု တားမြစ်ချက်မှာ မြန်မာ့အိမ်နီးချင်းတွေနဲ့ ဒေသတွင်းနိုင်ငံတွေ ပူးပေါင်းပါ၀င်ဖို့ လိုအပ်နေကြောင်း သံအမတ်ကြီး ဦးကျော်မိုးထွန်းက ဗွီအိုအေကို ပြောပါတယ်။

စစ်ကိုင်းတိုင်းအပါအ၀င် တိုင်းရင်းသားနယ်မြေတွေမှာ အရပ်သားတွေအပေါ် စစ်ကောင်စီက ရက်ရက်စက်စက် သတ်ဖြတ်နေတဲ့ စွပ်စွဲချက် အစီရင်ခံစာတွေနဲ့ ပတ်သက်လို့ ကုလသမဂ္ဂက ဘာတွေဆောင်ရွက်နေသလဲ။ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းကို Zoom ကနေ မအင်ကြင်းနိုင် ဆက်သွယ်မေးမြန်းထားပါတယ်။

မအင်ကြင်းနိုင် ။ ။ ဒါကတော့ ကုလသမဂ္ဂဌာနချုပ်မှာ သောကြာနေ့က ပြုလုပ်ခဲ့တဲ့ နိုင်ငံတကာအမျိုးသမီးများ အခမ်းအနားမှာ ကုလသမဂ္ဂ လက်ထောက်အတွင်းရေးမှူးချုပ် Amina Mohamed က မြန်မာ၊ ဂါဇာ၊ ဆူဒန်အပါအဝင် ပဋိပက္ခတွေ ဖြစ်နေတဲ့ နိုင်ငံတွေမှာ ရက်စက်ကြမ်းကြုတ်မှုတွေ ရင်ဆိုင်နေရတဲ့ အရပ်သားပြည်သူတွေနဲ့ ပတ်သက်လို့ ထုတ်ဖော်ပြောဆိုကြဖို့ နိုင်ငံတကာအသိုင်းအဝိုင်းကို တိုက်တွန်းသွားတာပါ။ ဒါကြောင့် မြန်မာနိုင်ငံအရေးနဲ့ ပတ်သက်လို့ ကုလသမဂ္ဂမှာ ဘာတွေဆောင်ရွက်နေကြသလဲ၊ ဘယ်လိုအခြေအနေတွေ ရှိနေပါသလဲ။ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းကို မေးမြန်းထားပါတယ်။

ကုလသမဂ္ဂမှာ သံအမတ်ကြီးအပါအဝင် နောက်မြန်မာနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံနဲ့ ပတ်သက်တဲ့ ကုလသမဂ္ဂရဲ့ အထူးကိုယ်စားလှယ်တွေ၊ Tom Andrews တို့တွေက အမြဲတမ်းပြောနေ၊ သတိပေးနေတာက မြန်မာနိုင်ငံအတွင်းမှာ စစ်ကောင်စီဘက်က သူတို့တွေရဲ့ အရှုံးတွေ တဖြည်းဖြည်းများလာလေ ပြည်သူတွေပေါ် ပိုပြီးရက်စက်မယ့် အတိုင်းအတာ ကြီးမားလာဖို့ ရှိတယ်ဆိုတာကို ထောက်ပြထားတော့ ကုလသမဂ္ဂဘက်က ပိုပြီးထိထိရောက်ရောက် ဆောင်ရွက်နိုင်မည့် အခြေအနေကော ဘယ်လို ရှိပါသလဲရှင့်။

ဦးကျော်မိုးထွန်း ။ ။ ဒီလိုမေးခွန်းတွေကြားတိုင်း ဘာပဲပြောပြော ကျနော်တို့တွေက တကယ့်ကို စိတ်မသက်မသာ ဖြစ်ရတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဟို စပြီးတော့ ၂၀၂၁ ဧပြီ၊ မေ အထူးသဖြင့် အဲဒီအချိန်ကတည်းက ကျနော်တို့ကနေ R2P - Responsibility to Protect, No Fly Zone တို့ ကျယ်ကျယ်လောင်လောင်၊ ကျနော်တို့ပြည်သူတွေ မြေပြင်မှာ တကယ့်ကို ကျယ်ကျယ်လောင်လောင် တောင်းဆိုခဲ့တယ်။ အဲဒီတောင်းဆိုခဲ့တာတွေလည်း နိုင်ငံတကာကသိအောင် ကျနော်တို့ ဆက်လုပ်ခဲ့တယ်။ နိုင်ငံတကာက သိတယ် ကြားတယ် မြင်တယ်။ အထူးသဖြင့် ဒီလိုမျိုး R2P နဲ့ ပတ်သက်တဲ့ အဖွဲ့အစည်းတွေဆိုရင် ကျနော်နဲ့ ဒီမှာ တွေ့ဆုံတဲ့အခါတွေမှာ အထူးသဖြင့် အရင်က တာဝန်ယူခဲ့တဲ့ ဥပမာ Australia နိုင်ငံခြားရေးဝန်ကြီးနဲ့ ဒီလိုမျိုး တာဝန်ယူခဲ့တဲ့လူတွေ ပြန်ပြောတာတွေ ရှိတယ်။ သူတို့ စိတ်မကောင်းဘူး။ နိုင်ငံတကာအနေနဲ့ ကုလသမဂ္ဂအနေနဲ့ ဒီလိုမျိုး ပြည်သူတွေက တောင်းဆိုနေသော်လည်း ဘာမှ လုပ်နိုင်ခြင်းမရှိသေးတဲ့အရာကို အရမ်းစိတ်ပျက်မိတယ်ဆိုပြီး ပြောတာတွေ ရှိတယ်။ ဒါကြောင့် အခုထိ ကျနော်တို့တွေ မြန်မာနိုင်ငံတွင်းမှာ ပြည်သူတွေအနေနဲ့ ရက်ရက်စက်စက် သတ်ဖြတ်မှုတွေ ကြုံနေရတာ၊ နောက်ပြီးတော့ ဆိုးဝါးတဲ့ ခံစားမှုတွေ ကြုံနေရတာကို ရပ်တန်ကရပ်နိုင်ဖို့ ကာကွယ်ပေးနိုင်ဖို့အတွက်ကို ကျနော်တို့ တောင်းဆိုနေပါတယ်။

တောက်လျှောက် ဒီလိုမျိုး အချက်အလက်တွေ - ဥပမာ ပြီးခဲ့တဲ့ ရက်ပိုင်းတွင်းက မီဒီယာတွေမှာ တွေ့ရတဲ့ တော်လှန်ရေးရဲဘော် ၂ ယောက်ကို မီးရှို့သတ်ဖြတ်တဲ့ သတင်းတွေ။ အခုရက်ပိုင်းအတွင်း တချို့နေရာတွေမှာ တွေ့နေရတဲ့ တကယ့်ရက်ရက်စက်စက် လူတွေကို အပိုင်းပိုင်းဖြတ်ပြီး သတ်ဖြတ်ထားတဲ့ပုံတွေ။ တကယ့်ကို လူမဆန်တဲ့ War Crimes ကို အပြည့် ကျူးလွန်နေတာတွေကို မြင်တွေ့နေရတယ်။ ဒီလိုမြင်တွေ့နေတာတွေကို Thomas Andrews က မြန်မာနိုင်ငံဆိုင်ရာ အထူးအစီရင်ခံစာ တင်သွင်းသူလည်း တောက်လျှောက်ပြောဆိုနေတယ်။ အဲဒီလိုပဲ OHCHR (Office of the United Nations High Commissioner for Human Rights) လူ့အခွင့်ရေး မဟာမင်းကြီးဆိုလည်း တောက်လျှောက် လူ့အခွင့်ရေးကောင်စီ အစည်းအဝေးကျင်းပချိန်မှာ မြန်မာနိုင်ငံနဲ့ ပတ်သက်တဲ့ Interactive dialogue တို့မှာ တောက်လျှောက်ပြောနေတာတွေ ရှိတယ်။ အားလုံးသိတဲ့အတိုင်း UN System မှာဆိုရင် လူ့အခွင့်အရေးကောင်စီတို့ ဘာတို့ဆိုရင် ဆုံးဖြတ်ချက်တွေ ချမှတ်နိုင်တယ်။ သူတို့မှာ ချလိုက်တဲ့ ဆုံးဖြတ်ချက်တွေက Legally binding မရှိဘူး။ Morally binding ပဲ ရှိတယ်။ တောင်းဆိုတာပဲ ရှိတယ်။ မလုပ်ရင် ဘာ Action ယူမလဲဆိုတာ မရှိဘူး။ ဒါတွေနဲ့ ဆက်စပ်ပြီးတော့ ပြောရရင် လုံခြုံရေးကောင်စီကိုပဲ ဦးတည်ရမှာပဲ ရှိတယ်။

ထိရောက်တဲ့ အရေးယူမှုတွေ လုပ်နိုင်ရင်လည်း အနည်းဆုံး သက်သာနိုင်မယ့် အနေအထားမျိုး ရှိတယ်။ ဥပမာ - စစ်တပ်က လေယာဥ်တွေကို အသုံးပြုပြီးတော့ ဗုံးကျဲနေတာတွေ ရပ်တန့်ဖို့အတွက် Jet Fuel နဲ့ ပတ်သက်ပြီး တတ်နိုင်သမျှ စစ်တပ်ကို မစီးဆင်းအောင် ဝိုင်းလုပ်ဖို့လိုတယ်။ ဒါကြောင့် တချို့နိုင်ငံတွေလည်း ဒါနဲ့ပတ်သက်လို့ Target sanction တွေ ချထားတာတွေ ရှိတယ်။ ဒါပေမဲ့ အိမ်နီးချင်းနိုင်ငံတွေ၊ ဒေသတွင်း နိုင်ငံတွေရဲ့ ထိရောက်စွာ ပူးပေါင်းဆောင်ရွက်မှုတော့ လိုတဲ့အတွက်ကြောင့် အဲဒီအတွက်ကိုလည်း အားလုံးက ဝိုင်းဝန်ထောက်ပြပြီးတော့ လူဆန်ကြဖို့ Moral Obligation အရ ကျနော်တို့ ပြည်သူတွေကို ကယ်တင်ပေးကြဖို့ ဆိုတာကိုလည်း ထောက်ပြနိုင်လေ ပိုကောင်းလေမယ်လို့ ကျနော် မြင်ပါတယ်။

မေး ။ ။ စောစောက သံအမတ်ကြီး ပြောသွားတဲ့အထဲမှာ R2P နဲ့ သက်ဆိုင်တဲ့ ပုဂ္ဂိုလ်တွေ ကုလသမဂ္ဂမှာ သံအမတ်ကြီး တွေ့ဆုံတာတွေ၊ ပြောဆိုဆွေးနွေးတာတွေ ရှိတဲ့အခါကြတော့ သူတို့ဘက်က အဓိက မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး ကိုင်တွယ်ဖို့က အဓိက ဘာအချက်တွေ စိန်ခေါ်မှုတွေ ရှိနေတာလဲရှင့်။

ဖြေ ။ ။ ဒီလိုမျိုး Action-oriented, Sanction-oriented ပါတဲ့ ဆုံးဖြတ်ချက်တခုကို လုံခြုံရေးကောင်စီက ချဖို့ဆိုရင် အခုနပြောခဲ့တဲ့ အမြဲတမ်းအဖွဲ့ဝင် ၅ နိုင်ငံက ဗီတို မသုံးဖို့ လိုတယ်။ ဒါကြောင့် အခုကတော့ အားလုံးသိတဲ့အတိုင်း အမြဲတမ်းအဖွဲ့ဝင် ၅ နိုင်ငံထဲမှာ စစ်တပ်နဲ့ ဆက်ဆံနေတဲ့ အမြဲတမ်းအဖွဲ့ဝင်တွေလည်း ရှိတဲ့အတွက် အဲဒီအပေါ် ချင့်ချိန်ပြီးတော့ တချို့ ကျနော်တို့ အားပေးတဲ့ ပံ့ပိုးလိုတဲ့ နိုင်ငံတွေကတော့ ချင့်ချိန်ပြီးတော့ ဆောင်ရွက်နေတာကိုတော့ အကြမ်းမျဥ်း နားလည်ထားတာမျိုး ရှိပါတယ်။ ဒါကြောင့် အဓိကတော့ အခုနပြောတဲ့ ဗီတိုရဲ့ အားနည်းချက်တခုက ကျနော်တို့ပေါ်လည်း လာရိုက်ခတ်နေတဲ့ အနေအထားမျိုး ရှိတယ်လို့ မြင်ပါတယ်။ ဒါကြောင့် ကျနော်တို့က ဒါကို တဘက်ကလည်း လုပ်နေတယ်။ တဘက်ကလည်း individual နိုင်ငံတွေအနေနဲ့ တတ်နိုင်တဲ့ဘက်က Jet Fuel လေယာဥ်ဆီ မတင်သွင်းရေးကို မဖြစ်အောင်။ စစ်တပ်ကို လက်နက်ရောင်းနေတာတွေ မဖြစ်နိုင်ဘူး။ တတ်နိုင်သရွေ့ ဝိုင်းဝန်ပြီးတော့ ကြိုးစားဆောင်ရွက်ပေးကြဖို့ဆိုတာကိုတော့ ကျနော်တို့ကတော့ တောက်လျှောက် မေတ္တာရပ်ခံနေပါတယ်။ ဘာကြောင့် အိမ်နီးချင်းနိုင်ငံတွေ၊ ဒေသတွင်း နိုင်ငံတွေက ထိရောက်စွာ ပူးပေါင်းဆောင်ရွက်ဖို့ လိုတယ်လို့ ပြောတဲ့အချက်မှာ - လေယာဉ်ဆီတို့ ဘာတို့က အခုထိဝင်နေတယ်ဆိုတာမျိုး ကျနော်တို့ ကြားသိနေရတယ်။ ဒါကြောင့် အဲဒီလိုဝင်နေတာတွေကို ဝိုင်းဝန်တဲ့ဆိုတာ တချို့နိုင်ငံတွေလည်း ပြောပါ။ သူတို့အနေနဲ့ မြန်မာပြည်သူတွေကို မထိခိုက်အောင် ဆောင်ရွက်နေတာ ဖြစ်တာကြောင့် တချို့ဟာတွေ ပြည်သူတွေကို ထိခိုက်တဲ့ဟာတွေ ရှိတယ်ဆိုရင်လည်း စစ်တပ်ကိုသွားတဲ့ လမ်းကြောင်းတွေကို ပိတ်အောင် ပူးပေါင်းဆောင်ရွက်မယ်ဆိုတဲ့ ပြောကြားချက်တွေ ရှိသော်လည်း တချို့အရာတွေမှာ ကျနော်တို့က တိကျတဲ့ အချက်အလက်တွေနဲ့ ဒီထက်ပိုပြီး ထောက်ပံ့ပေးနိုင်လေ - ဥပမာ ဘယ်နိုင်ငံကနေ ဘယ်ကုမ္ပဏီကနေ ဆီရောင်းလိုက်တယ်၊ အဲဒီဆီက တခါတလေ တိုက်ရိုက်သွားတာ မဟုတ်ဘဲ၊ ကြားခံနိုင်ငံ တနိုင်ငံကို သွားတယ်။ အဲဒီကြားခံနိုင်ငံ ကုမ္ပဏီကနေ စစ်တပ်နဲ့ ရင်းနှီးတဲ့ နောက်တနိုင်ငံကိုလည်း သွားရင်သွားမယ်။ ဒါမှမဟုတ် စစ်တပ်ကိုသွားတဲ့ဟာမျိုး ရှိနိုင်မယ်။ အဲဒီလိုဟာတွေ အချက်အလက်တွေ သိရတယ်ဆိုရင် ဝိုင်းဝန်းပံ့ပိုးပေးဖို့ ဆိုတာကိုလည်း ပြောပါတယ်။ ဒါကြောင့် အဲဒီလိုမျိုး အချက်အလက်တွေ မည်သူမဆို သတင်းမီဒီယာတွေမှာလည်း တချို့ Information တွေ စုံစုံလင်လင် ရှိတဲ့အတွက်ကြောင့် အဲဒီလိုမျိုး သတင်းမီဒီယာတွေ ရှိရင်လည်း ကျနော်တို့ NUG ကို ပံ့ပိုးပေးဖို့ မေတ္တာရပ်ခံပါတယ်။

မေး ။ ။ အခု ထိုင်းလွှတ်တော်မှာ ပြုလုပ်တဲ့ မြန်မာ့အရေး ဆွေးနွေးပွဲမှာ သံအမတ်ကြီးကိုယ်တိုင်လည်း အဖွင့်မိန့်ခွန်း ပြောကြားခဲ့တယ်။ တဘက်မှာလည်း ထိုင်းအစိုးရဘက်က မြန်မာစစ်ကောင်စီနဲ့လည်း ဆက်ဆံနေရတဲ့အခါမှာ အခုလို မြန်မာ့အရေး လွှတ်တော်လုပ်တဲ့ နေရာမှာ မြန်မာစစ်ကောင်စီဘက်က ကန့်ကွက်တဲ့အတွက် ထိုင်းနိုင်ငံခြားရေးဝန်ကြီးက သူ ပြောမယ့် အစီအစဉ်ကို ရုတ်သိမ်းခဲ့ရတယ်။ ဖျက်သိမ်းခဲ့တယ်ဆိုတဲ့ အနေအထားမျိုး ရှိတယ်ဆိုတဲ့အခါမှာ သံအမတ်ကြီးတို့ဘက်က အခု ထိုင်းအစိုးရသစ်နဲ့ ဆက်ဆံသွားမယ့် အနေအထားကို ဘယ်လိုပုံစံမျိုးနဲ့ ဆက်ပြီးတော့ ဆောင်ရွက်သွားဖို့ ရှိလဲ။

ဖြေ ။ ။ ကျေးဇူးပါ။ ပြီးခဲ့တဲ့ စနေ၊ တနင်္ဂနွေ မတ်လ ၂ ရက်၊ ၃ ရက်ကလုပ်တဲ့ Seminar မှာ ကျနော်တို့လည်း တက်ရောက်ပြီးတော့ ကျနော့်အနေနဲ့ အထူးသဖြင့် ၂ နိုင်ငံဆက်ဆံရေး ကိစ္စကို အကြမ်းဖျဉ်း ပြောကြားခဲ့တယ်။ မြန်မာနိုင်ငံမှာ ဖြစ်ပျက်နေတဲ့ အခြေအနေတွေကိုလည်း တင်ပြခဲ့တယ်။ အထူးသဖြင့်တော့ နိုင်ငံတကာ အသိုင်းအဝိုင်းရဲ့ အခန်းကဏ္ဍ အရေးကြီးမှု။ ကျနော်တို့ မြန်မာနိုင်ငံအတွက် အရေးကြီးမှုကို ပြောတဲ့အခါမှာ အာဆီယံနဲ့ အိမ်နီးချင်းနိုင်ငံတွေရဲ့ အခန်းကဏ္ဍကလည်း အရေးကြီးတယ်ဆိုတာကို ထောက်ပြခဲ့တယ်။ နောက်ပြီးတော့ ကျနော်တို့ အနာဂတ် ဘယ်လိုနိုင်ငံမျိုးကို သွားလိုလဲဆိုတာကို အားလုံးသိပြီးတဲ့အတွက်ကြောင့် အသေးစိတ်တော့ မပြောတော့ဘဲ၊ ဖက်ဒရယ် ဒီမိုကရေစီနိုင်ငံ တည်ထောင်နိုင်ဖို့ စစ်အာဏာရှင် ချုပ်ငြိမ်းဖို့ ဆိုတဲ့ဟာကို သွားနေတာတွေကို အနာဂတ်မြန်မာနိုင်ငံ ဖြစ်စေချင်တဲ့ဟာတွေကို ပြောခဲ့တယ်။ အဲဒီလိုပဲ နိုင်ငံတကာအသိုင်းအဝိုင်းကနေ ဘာတွေမျှော်လင့်ပါတယ်ဆိုတာ - ကျနော် အရှေ့မှာလည်း ပြောသွားခဲ့တယ်။ စစ်တပ်ကို ငွေရေးကြေးရေး စီးဆင်းမှု မလုပ်ဖို့၊ စစ်တပ်ကို လက်နက်စီးဆင်းမှု မလုပ်ဖို့တို့ကို ပြောခဲ့တယ်။ အထူးသဖြင့် ထိုင်းနဲ့ ပတ်သက်ရင်တော့ လက်ရှိကူညီတဲ့ဟာတွေကို ကျေးဇူးတင်ကြောင်း ပြောခဲ့တယ်။ Humanitarian Assistance ကိုလည်း အရှေ့မှာ ပြောခဲ့သလို ကူညီဖို့။ အထူးသဖြင့် ဒီလိုစစ်တပ်ကနေ အဓမ္မ စစ်သားစုဆောင်းမယ့်ဟာ၊ လုပ်ဆောင်နေတာကြောင့် ကျနော်တို့ပြည်သူတွေ၊ အထူးသဖြင့် လူငယ်တွေအနေနဲ့ မိဘတွေအနေနဲ့ အရမ်းထိတ်လန့်နေတဲ့ အနေအထားမျိုး၊ ဒီလိုအနေအထားမျိုးတွေကနေ ရှောင်ရှားနိုင်အောင် မြန်မာနိုင်ငံကလာတဲ့ လူတွေကို တတ်နိုင်သမျှ လုံခြုံမှုပေးဖို့ တတ်နိုင်သမျှ သူတို့ရဲ့ အနာဂတ် Predictable ဖြစ်ဖို့နဲ့ Bright ဖြစ်ဖို့အတွက်ကို အားလုံးဝိုင်းဝန်း ထိုင်းအနေနဲ့ ကူညီပေးဖို့ဆိုတဲ့ အချက်အလက်တွေကိုလည်း တောင်းဆိုတယ်လို့ပဲ ပြောရမှာပါ။ အဲဒီဥစ္စာတွေကို ထည့်သွင်းပြောကြားခဲ့တာ ရှိတယ်။ ဒါကြောင့် ကျနော်တို့က အဲဒီ Platform ကနေ ၂ နိုင်ငံ ဆက်ဆံရေးတို့ကို ပိုပြီးတော့ တိုးမြှင့်လုပ်ဆောင်သွားနိုင်မယ်လို့လည်း ပြောနိုင်တယ်။ ဒါကြောင့် ကျနော်တို့ကတော့ ထိုင်းလက်ရှိ အစိုးရနဲ့ ပါလီမန်နဲ့ ကျနော်တို့က နွေးနွေးထွေးထွေး ဆက်ဆံတဲ့ဟာ ရှိသလို၊ လက်ရှိ ထိုင်းအစိုးရနဲ့ NUG အနေနဲ့ အချိန်မရွေး ဆက်ဆံသွားနိုင်ဖို့အတွက်ကို အသင့်လည်း လုပ်ထားတယ်။ ရှိနေတဲ့ လမ်းကြောင်းတွေကနေ ဆက်လက်ပြီးတော့ ဆောင်ရွက်သွားဖို့ကိုလည်း ကျနော်တို့ အမြဲတမ်း

မေး ။ ။


ဘာဖြစ်လို့လဲဆိုတော့ လုံခြုံရေးကောင်စီက ချမှတ်တဲ့ ဆုံးဖြတ်ချက်တွေဆို Legally binding ဖြစ်တဲ့အတွက်ကြောင့် ဒါကို အဖွဲ့ဝင်နိုင်ငံတွေက မဖြစ်မနေ လိုက်နာရမှာ ဖြစ်တယ်။

အခုထိတော့ လုံခြုံရေးကောင်စီမှာ မြန်မာနိုင်ငံနဲ့ ပတ်သက်လို့ ဆုံးဖြတ်ချက်အဆိုတစ်ခု ၂၀၂၂ ဒီဇင်ဘာက ချခဲ့တာတော့ ရှိတယ်။ ဒါပေမဲ့ အဲဒီဆုံးဖြတ်ချက်အဆိုက သွားမပါတဲ့ ဆုံးဖြတ်ချက်အဆိုမျိုး ဖြစ်နေတယ်။ စစ်တပ်က လိုက်ပါလုပ်ဆောင်ခြင်း၊ လိုက်နာဆောင်ရွက်ခြင်း မရှိဘူးဆိုတာကို သူတို့သိတယ်။ အဲဒါကို အရေးယူဖို့ဆိုတဲ့ အချက်အလက်တွေ မပါတဲ့အတွက်ကြောင့် စစ်တပ်က ပိုပိုပြီးတော့ လူမဆန်တာတွေ၊ ရက်စက်အကြမ်းဖက်မှုတွေကို သိသိသာသာ လုပ်ဆောင်လာခဲ့တယ်။ ဥပမာ ကျနော်က အကြမ်းအားဖြင့် ယှဥ်ပြရရင် ၂၀၂၂ ဒီဇင်ဘာတုန်းက ကျနော်တို့ပြည်သူတွေကို ရက်ရက်စက်စက် သတ်ဖြတ်ခဲ့တဲ့ လူအရေအတွက်က နှစ်ထောင်ကျော်လောက်ပဲ ရှိတယ်။ အခုဆိုရင် ၂၀၂၄ မတ်လထဲမှာဆို လေးထောင်ခြောက်ရာကျော် ရှိပြီ။ ဒီအရေအတွက်ကလည်း အကြမ်းဖျဥ်းအားဖြင့် Verified လုပ်ထားတဲ့ အရေအတွက်ပဲ ရှိသေးတယ်။ အခြား Verified မလုပ်နိုင်သေးတဲ့ အရေအတွက်တွေကလည်း အများကြီးရှိသေးတယ်။ ဒါကြောင့်မို့ ပြည်သူတွေရဲ့ အသက်က အရမ်းကို တန်းဖိုးရှိပါတယ်။ ဒီအသက်တွေက နေ့စဥ်တဓု၀ ဆုံးရှုံးနေရတယ်ဆိုတာကို - ဆုံးရှုံးတာ ရိုးရိုးဆုံးရှုံးတာ မဟုတ်ဘဲနဲ့ ရက်ရက်စက်စက် လူမဆန်စွာ သတ်ဖြတ်ခံရမှုနဲ့ ဆုံးရှုံးနေရတာ ဖြစ်တဲ့အတွက်ကြောင့် နိုင်ငံတကာအသိုင်းအဝိုင်းကို ကြားအောင်လို့ ကျနော်တို့ ဆက်လက်တော့ တိုက်တွန်းနေပါတယ်။ နောက်ပြီးတော့ အရေးယူဆောင်ရွက်ဖို့လည်း ဆက်လက်တိုက်တွန်းနေပါတယ်။ ဒါပေမဲ့ အခုထိတော့ နောက် Resolution တခု တင်နိုင်ဖို့အတွက်ကို ကြိုးစားနေတာ ရှိတယ်။ အကောင်အထည် ပေါ်လာခြင်းတော့ မရှိသေးပါဘူး။ ကျနော်တို့အနေနဲ့တော့ ဒါကိုတော့ ဆက်လက်ပြီးတော့ တိုက်တွန်းသွားဖို့ ရှိပါတယ်။ အမြဲတမ်း Reiterated ထပ်လောင်းထပ်လောင်းပြီး ပြောနေတာတွေ ရှိပါတယ်။ ဒါကြောင့် ထိုင်းနဲ့ ဆက်ဆံရေးကို ဘက်ပေါင်းစုံကနေ ပိုပြီးတော့ ကောင်းလာအောင်၊ အထူးသဖြင့် အခုလို တက်လာတဲ့ ပြည်သူက ရွေးချယ်တဲ့ အစိုးရတက်လာတဲ့ အနေအထားမှာတော့ ပိုပြီးတော့ ပြည်သူတွေကို နားလည်မယ့် ပြည်သူတွေကို ကူညီတဲ့ ထိုင်းရဲ့မူဝါဒ ဖြစ်လာမယ်လို့ ကျနော်တို့က အပြည့်ယုံကြည်ပါတယ်။

Forum

XS
SM
MD
LG