သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အစ္စရေးကို လေကြောင်းတိုက်ခိုက်မှုအတွက် အီရန်ကို သမ္မတဘိုင်ဒင် ရှုတ်ချ


In this image provided by the White House, President Joe Biden, along with members of his national security team, receive an update on an ongoing airborne attack on Israel from Iran, as they meet in the Situation Room of the White House, Apr. 13, 2024.
In this image provided by the White House, President Joe Biden, along with members of his national security team, receive an update on an ongoing airborne attack on Israel from Iran, as they meet in the Situation Room of the White House, Apr. 13, 2024.

အစ္စရေးအပေါ် အီရန်က လေကြောင်းကနေ အပြင်းအထန် တိုက်ခိုက်ဖို့ ကြိုးစားခဲ့တဲ့အပေါ် အမေရိကန်သမ္မတ Joe Biden က ပြစ်တင်ရှုတ်ချလိုက်ပါတယ်။ အီရန်က ပစ်ခတ်ခဲ့တဲ့ အဝေးထိန်းဒရုန်းတွေ၊ မစ်ဇိုင်းတွေ အားလုံးနီးပါးကို ဒေသတွင်းမှာရှိတဲ့ အမေရိကန် စစ်ဘက်ဆိုင်ရာတွေရဲ့ အကူအညီနဲ့ ကြားဖြတ်ပစ်ချနိုင်ခဲ့တယ်လို့လည်း သမ္မတဘိုင်ဒင်က မနေ့တုန်းက ပြောလိုက်တာပါ။

အရှေ့အလယ်ပိုင်းဒေသက ၆ လကြာ ပဋိပက္ခ ဒေသတွင်း ကျယ်ပြန့်လာမှာ စိုးရိမ်နေချိန်မှာပဲ တိုက်ခိုက်မှုနဲ့ ကြုံခဲ့ရတာ ဖြစ်ပါတယ်။ အစ္စရေးနိုင်ငံ လုံခြုံရေးအတွက် အမေရိကန်က အခိုင်အမာ ထောက်ခံကြောင်း အစ္စရေးဝန်ကြီးချုပ် Benjamin Netanyahu နဲ့ စနေနေ့ညနေပိုင်း ဆက်သွယ်ပြောဆိုရာမှာ ထည့်သွင်းပြောကြားခဲ့တယ်လို့လည်း သမ္မတဘိုင်ဒင်က ပြောကြားခဲ့တာပါ။

အီရန်ရဲ့ တိုက်ခိုက်မှုနဲ့ ပတ်သက်လို့ သံတမန်ရေးအရ တုံ့ပြန်နိုင်အောင် ညှိနှိုင်းဖို့ စီးပွားရေးအင်အားကြီး ၇ နိုင်ငံ G7 ခေါင်းဆောင်တွေ အစည်းအဝေး ကျင်းပမယ်လို့လည်း ပြောပါတယ်။ ဒေသတွင်းက လက်တွဲဖက်တွေနဲ့ ထိတွေ့ဆက်ဆံမှာဖြစ်သလို၊ အစ္စရေးခေါင်းဆောင်တွေနဲ့လည်း အဆက်မပြတ် ထိတွေ့မှုတွေ လုပ်သွားမယ်လို့လည်း ကြေညာချက်ထုတ်ပြန်ရာမှာ ပြောဆိုခဲ့တာပါ။

တိုက်ခိုက်မှုကြောင့် အမေရိကန် တပ်ဖွဲ့တွေ၊ စခန်းတွေ ထိခိုက်မှုမရှိခဲ့ပေမဲ့ ခြိမ်းခြောက်မှု အန္တရာယ်တွေကို သတိထားစောင့်ကြည့်သွားပြီး လိုအပ်သလို တုံ့ပြန်မယ်လို့လည်း သမ္မတဘိုင်ဒင်က သတိပေးခဲ့ပါတယ်။

Forum

XS
SM
MD
LG