သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဘင်္ဂလားဒေရှ့်တနိုင်ငံလုံး အမှောင်ကျ


ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ပင်မဓာတ်အားလိုင်းပြတ်တောက်သွားပြီး တနိုင်ငံလုံးနီးပါး မှောင်အတိကျခဲ့စဉ်။ (နိုဝင်ဘာ ၁၊ ၂၀၁၄)
ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ပင်မဓာတ်အားလိုင်းပြတ်တောက်သွားပြီး တနိုင်ငံလုံးနီးပါး မှောင်အတိကျခဲ့စဉ်။ (နိုဝင်ဘာ ၁၊ ၂၀၁၄)

ဘင်္ဂလားဒေ့ရှ် နိုင်ငံမှာ မဟာဓာတ်အား ပင်မလိုင်းနဲ့ ချိတ်ဆက်ဓာတ်အားသွယ်တန်းပေးတဲ့ ဓာတ်အားလိုင်း ပြတ်တောက်တဲ့အတွက်
တနိုင်ငံလုံးနီးပါး မီးပျက်သွားခဲ့ပါတယ်။ အိန္ဒိယနိုင်ငံကနေလွှတ်ပေးတဲ့ဓာတ်အားကို ဘင်္ဂလားဒေ့ရှ် နိုင်ငံအတွက် သွယ်တန်းယူတဲ့ ဓာတ်အားလိုင်းမှာ
ချို့ယွင်းချက်ရှိခဲ့တဲ့အတွက် မီးပျက်ခဲ့တာဖြစ်ပုံရတယ်လို့ နိုင်ငံပိုင် ဓာတ်အားကုမ္ပဏီတာဝန်ရှိသူတွေက ပြောပါတယ်။

အဲဒီဓာတ်အားလိုင်းကို အားကိုးနေရတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲက အိမ်တွေ၊ စီးပွားရေးလုပ်ငန်းတွေ ဒီကနေ့ စနေနေ့ နေ့လည်ပိုင်းလောက်မှာ မီးမှောင်ကျခဲ့တာပါ။ လူနေထူထပ်တဲ့ နိုင်ငံထဲမှာ မီးအားပြန်ရဖို့ အာဏာပိုင်တွေ ကြိုးစားနေကြပါတယ်။

ဘင်္ဂလားဒေ့ရှ် နိုင်ငံမှာ အဆိုးဆုံး မီးအမှောင်ကျမှု ၂၀၀၇ ခုနှစ်တုန်းက တခါဖြစ်ခဲ့ဖူးပြီး အဲဒီတုန်းက အင်အားပြင်း ဆိုင်ကလုန်းမုန်တိုင်းကြောင့်
မဟာဓာတ်အားပေးလိုင်း ပြတ်တောက်ခဲ့တဲ့အတွက် နာရီတော်တော်ကြာ မီးပျက်ခဲ့ပါတယ်။

XS
SM
MD
LG