သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမျိုးသားတွေ ပြည်ပ အလုပ်ထွက်လုပ်ခွင့် ယာယီဆိုင်းငံ့ထားခြင်းဖြစ်


မလေးရှားနိုင်ငံမှပြန်ရောက်လာသော မြန်မာအလုပ်သမားများ (ဩဂုတ် ၂၀၁၆)
မလေးရှားနိုင်ငံမှပြန်ရောက်လာသော မြန်မာအလုပ်သမားများ (ဩဂုတ် ၂၀၁၆)

အမျိုးသားတွေ ပြည်ပထွက် အလုပ်လုပ်ခွင့်နဲ့ ပတ်သက်ပြီး အလုပ်သမားရေးဌာနဘက်က ပိတ်လိုက်တာဟာ ယာယီသာဖြစ်ပြီး လက်တလောမှာ ပြည်ပက အလုပ်ခေါ်စာတွေကို လက်မခံသေးဘဲ ခေတ္တရပ်နားလိုက်တာလို့ ပြည်ပအလုပ်အကိုင် ဝန်ဆောင်မှုလုပ်ငန်းတွေက ပြောပါတယ်။ လက်တလောမှာ လက်ခံထားပြီးဖြစ်တဲ့ အလုပ်ခေါ်စာတွေကိုတော့ ဆက်ပြီး စေလွှတ်နေမယ်လို့ ပြောပါတယ်။ ဒီအကြောင်း ရန်ကုန်ကသတင်းပေးပို့တဲ့သတင်းကို အခြေခံပြီး ကိုဇော်ဝင်းလှိုင်က တင်ပြပေးမှာပါ။

အမျိုးသားတွေ ပြည်ပထွက်ခွာခွင့် ကိစ္စရပ်တွေကို အချိန်ယူ စိစစ်ဖို့နဲ့ တခြားအခြေအနေတွေအရ ယာယီဆိုင်းငံ့ထားတယ်လို့ မြန်မာ အလုပ်သမားရေးဌာနက ပြောဆိုထားပါတယ်။ အခုလို အမျိုးသားတွေအတွက် ပြည်ပ အလုပ်ခေါ်စာတွေကို လက်မခံသေးတာက ယာယီသာဖြစ်ပြီး လက်ခံပြီးတဲ့ ခေါ်စာတွေအတွက်ကတော့ လုပ်သားစေလွှတ်နေဦးမယ်လို့ ပြည်ပအလုပ်အကိုင် ဝန်ဆောင်မှု လုပ်ငန်းရှင်များအဖွဲ့ချုပ်ရဲ့ အထွေထွေအတွင်းရေးမှူး ဦးမြတ်သူက ဗွီအိုအေကို ပြောပါတယ်။

"တင်ပြီးသား Demand letter တင်ပြီးသား သူတွေကိုတော့ အဲဒါတွေက ယောကျ်ားလေးဆို အဆင်ပြေတယ်။ Demand letter မတင်ရသေးတဲ့သူတွေက (မေလ) ၁ရက်နောက်ပိုင်းမှာ မရတော့တာပေါ့နော်။ လောလောဆယ် ယာယီပိတ်တယ်ဆိုတာ တခြားအကြောင်းတွေ ရှိမှာပါ။ နှစ်နိုင်ငံနဲ့ဆက်စပ်ပြီး ပို့နေရတာဖြစ်တဲ့အတွက် ချက်ချင်းကြီး အဲလိုမျိုးကြီး မနက်ဖြန်ကနေစပြီး တယောက်မှမသွားနဲ့လို့ ပြောလို့မရဘူး။ ဒါပေမဲ့ Demand အသစ်တင်တာကို လက်မခံတာ။ အခုမှစတင်တယ် ဆိုရင်တော့ ယောကျ်ားလေး Demand လက်မခံတာပေါ့။"

အခုလို အမျိုးသားတွေကို ပြည်ပထွက်ခွာခွင့် ယာယီကန့်သတ်တာဟာ အလုပ်အကိုင် နိုင်ငံကူးလက်မှတ် PJ ကိုင်ဆောင်ထားသူတွေ အပါအဝင် အလည်အပတ် နိုင်ငံကူးလက်မှတ် PV ကိုင်ထားသူတွေပါ လက်တလော သက်ရောက်မှု ရှိနိုင်တယ်လို့ ​ပြည်ပအလုပ်အကိုင် အေဂျင်စီတချို့က ပြောပါတယ်။ ဒါပေမဲ့ ဒီကိစ္စက တရားဝင်စာနဲ့ ညွှန်ကြားလာတာမဟုတ်လို့ PV ကိုင်ဆောင်ထားသူတွေအတွက် ချွင်းချက်ရှိတယ်လို့လည်း တချို့ကပြောပါတယ်။

လောလောဆယ်မှာ ထိုင်း၊ မလေးရှား၊ စင်္ကာပူ၊ ဂျပန်တို့အတွက် အလုပ်ခေါ်စာတွေအသစ်တွေကို လက်မခံသေးတာ ဖြစ်ပါတယ်။ ကိုရီးယား လုပ်ငန်းကျွမ်းကျင် စာမေးပွဲ EPS နဲ့ အစိုးရချင်း စာချုပ်စနစ်နဲ့သွားမဲ့ အမျိုးသားတွေကတော့ ဒီရပ်နားမှုမှာ မပါဝင်ဘူးလို့ ကိုရီးယားဘာသာစကား သင်တန်းကျောင်းတချို့က ပြောပါတယ်။ ကိုရီးယားအစိုးရဟာ EPS စနစ်နဲ့ မြန်မာလုပ်သား တစ်သောင်းလောက်ကို အခုနှစ်ထဲမှာ ခေါ်ယူသွားမှာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG