သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သမ္မတရွေးကောက်ပွဲ အနိုင်ရ အင်ဒိုနီးရှား ဗိုလ်ချုပ်ဟောင်း Prabowo အပေါ် စွဲချက် တရားရုံးပယ်ချ


FILE - Then-Indonesian President-elect Prabowo Subianto is seen during talks with Japanese officials at the Defense Ministry in Tokyo, April 3, 2024.
FILE - Then-Indonesian President-elect Prabowo Subianto is seen during talks with Japanese officials at the Defense Ministry in Tokyo, April 3, 2024.

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁၄ ရက်က လုပ်ခဲ့တဲ့ အင်ဒိုနီးရှား သမ္မတရွေးကောက်ပွဲမှာ ဒုသမ္မတအဖြစ်အနိုင်ရခဲ့တဲ့ သမ္မတ Joko Widodo ရဲ့ သားကြီးဖြစ်သူကို ပါဝင်ယှဉ်ပြိုင်ခွင့်ပေးခဲ့တဲ့အပေါ် တရားစွဲဆိုမှုကို အင်ဒိုနီးရှား ဖွဲ့စည်းပုံတရားရုံးက ဒီကနေ့ ပယ်ချလိုက်ပါတယ်။

သမ္မတအဖြစ် ရွေးကောက်ခံရတဲ့ ကာကွယ်ရေးဝန်ကြီး Prabowo Subianto က ဒုသမ္မတနေရာမှာ Joko Widodo ရဲ့ သားကို ထားရှိနိုင်ဖို့ ရွေးကောက်ပွဲ စည်းမျဉ်းတွေကို လိုသလိုပြောင်းလဲခဲ့တာဟာ တရားမျှတမှုမရှိဘူးဆိုပြီး စွပ်စွဲထားတာပါ။

ဒီတရားစွဲဆိုမှုကို အတိုက်အခံခေါင်းဆောင်ဖြစ်တဲ့ ဂျာကာတာအုပ်ချုပ်ရေးမှူးဟောင်း Anies Baswedan က ဦးဆောင်ခဲ့တာဖြစ်ပါတယ်။ တချိန်တည်းမှာလည်း ရွေးကောက်ခံသမ္မတရဲ့ မဲဆွယ်စည်းရုံးရေးမှာ သမ္မတ Joko Widodo က ပါဝင် ပတ်သက်မှုတွေရှိခဲ့တယ်ဆိုတဲ့ စွတ်စွဲချက်တွေလည်း ထွက်ပေါ်ခဲ့ပါတယ်။

ဒါပေမယ့် တရားရုံးက သူ့ရဲ့ တိုင်တန်းချက်ကို ပယ်ချခဲ့ပြီး ပါတီဝင် သို့မဟုတ် နိုင်ငံတော်ရဲ့ စွက်ဖက်တယ်ဆိုတဲ့စွပ်စွဲချက်မှာ သက်သေ မခိုင်လုံဘူးလို့ ဆိုပါတယ်။

သမ္မတလောင်းနဲ့ ဒုသမ္မတလောင်းတွေအတွက် အသက်အရွယ်သတ်မှတ်ချက်တွေကို လျှော့ချပေးတဲ့ ဥပဒေကို ပြီးတဲ့ အောက်တိုဘာလတုန်းက ထုတ်ပြန်ပြီးနောက် သမ္မတဟောင်း Joko Widodo ရဲ့ ယောက္ခမဖြစ်သူ တရားသူကြီးချုပ် Anwar Usman ကိုလည်း ဝေဖန်မှုတွေ ရှိခဲ့ပါတယ်။

လက်ရှိသမ္မတနေရာ ရွေးကောက်ခံရတဲ့ Prabowo Subianto ဟာ အင်ဒိုနီးရှားနိုင်ငံကို အာဏာရှင်အုပ်ချုပ်ရေးနဲ့ နှစ် ၃၀လောက် အုပ်ချုပ်ခဲ့တဲ့ ကွယ်လွန်သူ သမ္မတဟောင်း ဆူဟာတိုရဲ့ သားမက်ဖြစ်ပြီး ၁၉၉၀ ပြည့်နှစ်တွေအတွင်းက ဆူဟာတိုရဲ့ အနီးကပ် ဗိုလ်မှူးကြီး တဦးအဖြစ် တာဝန်ယူခဲ့တဲ့အပြင် အတိုက်အခံတွေကို ဖိနှိပ်တဲ့ လူ့အခွင့်အရေးချိုးဖေါက်မှုတွေ ကျုးလွန်ခဲ့တယ်ဆိုပြီး စွပ်စွဲ ခံခဲ့ရဖူးသူလည်း ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG