သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အောက်တိုဘာ ဟာမတ်စ် တိုက်ခိုက်မှု အစ္စရေး စစ်ထောက်လှမ်းရေး အကြီးအကဲ နုတ်ထွက်


Maj. Gen. Aharon Haliva, the Israeli military intelligence chief
Maj. Gen. Aharon Haliva, the Israeli military intelligence chief

အစ္စရေးစစ်ထောက်လှမ်းရေးအကြီးအကဲ ဒီကနေ့ တနင်္လာနေ့ ရာထူးက နှုတ်ထွက်တယ်လို့ ကြေညာပါတယ် ။ ပြီးခဲ့တဲ့ အောက်တိုဘာ ၇ ရက် အစ္စရေးကို ဟာမတ်စ်အကြမ်းဖက်တွေ တိုက်ခိုက်တာကို မတားဆီးနိုင်ခဲ့တဲ့အတွက် သူ ရာထူးက နှုတ်ထွက်တာဖြစ်ပြီး ဒါက ပထမဆုံး အကြီးတန်းအရာရှိတဦး အခုလို နှုတ်ထွက်တာပါ။

တချိန်ထဲမှာပဲ အစ္စရေးတိုက်ခိုက်မှုကြောင့် Rafah ဒေသမှာ ကလေးငယ်တွေအပါအဝင် ၂၂ ဦးသေဆုံးခဲ့သလို Khan Younis မြို့ဆေးရုံမှာ သေဆုံးသူ ရုပ်အလောင်း ၂၀၀ ကျော်တွေ့တယ်လို့ ပါလက်စတိုင်း ကာကွယ်ရေးဌာနက ပြောပါတယ်။ ဒါ့အပြင် ဂျေရုဆလင်မြို့မှာ ဒီကနေ့ လမ်းသွားလမ်းလာတွေကို ကားတစီးက ဝင်တိုက်ခဲ့တဲ့အတွက် ၃ ဦးဒဏ်ရာရခဲ့တဲ့ ပါတယ်။ ဒီဖြစ်ရပ်နဲ့ ဆက်စပ်ပြီးတော့ လူ ၂ ဦးကိုဖမ်းဆီးလိုက်တယ်လို့ အစ္စရေးရဲတပ်ဖွဲ့က ပြောပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ ၇ ရက် ဟားမတ်စ်တိုက်ခိုက်မှုနောက်ပိုင်း အစ္စရေးမြို့ကြီးတွေမှာ မကြာခဏ အခုလိုတိုက်ခိုက်မှုတွေပေါ်ပေါက်နေတာပါ။ အောက်တိုဘာ ၇ ရက်တိုက်ခိုက်မှုမှာ ဓားစာခံ ၁၀၀ ကျော်ကို ဟားမတ်စ်တွေက အခုထိဖမ်းဆီးထားပါတယ်။ အစ္စရေး-ဟားမတ်စ် စစ်ပွဲအတွင်း အခုထိ အမျိုးသမီးတွေနဲ့ ကလေးငယ်အများစု အပါအဝင် ပါလက်စတိုင်း ၃၄၀၀၀ ကျော်သေဆုံးခဲ့တယ်လို့ ကျန်းမာရေးဌာနကပြောပါတယ်။ စစ်ပွဲတွေကြောင့် ဒေသခံ ၈၀ ရာခိုင်နှုန်းလောက်လည်း နေရပ်စွန့်ထွက်ပြေးနေရတာပါ။

စနေနေ့ကတော့ ဂါဇာကမ်းမြောင်ဒေသအတွက် လူသားချင်းစာနာထောက်ထားမှုအကူအညီ ဒေါ်လာ ၉ ဘီလီယံ အပါအဝင် စုစုပေါင်း ၂၆ ဘီလီယံဖိုးရှိတဲ့ အကူအညီပေးရေး အစီအစဉ်တွေကို အမေရိကန် အောက်လွှတ်တော်က အတည်ပြုခဲ့ပြီး သမ္မတ Joe Biden က ချက်ချင်း လက်မှတ်ရေးထိုးဖို့ ကတိပြုခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG