သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

 ၂ နှစ် ပြတ်တောက်ခဲ့တဲ့ ကန်-တရုတ် စစ်ရေးဆွေးနွေးမှု ပြန်စ


အမေရိကန်နဲ့ တရုတ် စစ်ဘက်ဆိုင်ရာ တာဝန်ရှိသူတွေ ဆွေးနွေးပွဲပြန်စ။
အမေရိကန်နဲ့ တရုတ် စစ်ဘက်ဆိုင်ရာ တာဝန်ရှိသူတွေ ဆွေးနွေးပွဲပြန်စ။

ပစိဖိတ် ဒေသတွင်းမှာ အမေရိကန်နဲ့ တရုတ် စစ်သင်္ဘောတွေနဲ့ စစ်လေယာဉ်တွေ ကြား အန္တရာယ်ရှိတဲ့ မတော်တဆမှုတွေ ဖြစ်ပွါးနိုင်တဲ့ အခြေနေနဲ့ပတ်သက်ပြီး အမေရိကန်-တရုတ် ကာကွယ်ရေးအရာရှိတွေ ဒီသီတင်းပတ်ထဲမှာပဲ ဟာဝိုင်ယီမှာ တွေ့ဆုံဆွေးနွေးကြပါတယ်။

၂ နိုင်ငံ ကာကွယ်ရေး အရာရှိတွေဟာ ၂ နှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် ဗုဒ္ဓဟူးနဲ့ ကြာသပတေးနေ့တွေမှာ တွေ့ဆုံ ဆွေးနွေးတာပါ။ ဒါဟာ တရုတ်က သူ့ပိုင်နက်အဖြစ် ကြေညာထားတဲ့ တိုင်ဝမ်ကို အဲဒီအချိန်က အမေရိကန် အောက်လွှတ်တော် ဥက္ကဌ တာဝန်ယူထားတဲ့ Nancy Pelosi သွားရောက်ခဲ့တဲ့နောက် နှစ်ဘက်ဆက်ဆံရေး ချက်ချင်း ရပ်ဆိုင်းသွားတဲ့ ဆွေးနွေးမှုကို ပြန်လည် စတင်လိုက်တာလည်း ဖြစ်ပါတယ်။

တရုတ်အရာရှိတွေက အမေရိကန်ရဲ့ တိုင်ဝမ်ကို အထောက်အကူပေးမှုဟာ တရုတ်အတွက် အနှောက်အယှက်ဖြစ်ကြောင်း ဝေဖန်ပါတယ်။

အခုဆွေးနွေးပွဲဟာ မကြာခင်နှစ်တွေအတွင်း ဖြစ်ပွားခဲ့တဲ့ လုံခြုံရေးဆိုင်ရာ အန္တရာယ်ရှိတဲ့ မတော်တဆမှုတွေကို စစ်တပ်ရဲ့ ပင်လယ်ပြင်ဒေသတွင်း လိုက်နာရမယ့် စည်းမျဉ်းစည်းကမ်းဆိုင်ရာ အလုပ်အဖွဲ့ MMCA က ဆန်းစစ်သုံးသပ်ခဲ့သလို တရုတ်နဲ့ အမေရိကန်ကြား ရေရှည်တည်တံ့မယ့် အန္တရာယ်ကင်းပြီး ကျွမ်းကျွမ်းကျင်ကျင်နဲ့ ရေကြောင်း စစ်ရေးလုပ်ဆောင်မှုတွေ လုပ်ဆောင်နိုင်မယ့် နည်းလမ်းတွေကို ဆွေးနွေးခဲ့ကြတာဖြစ်ကြောင်း အမေရိကန် အရာရှိတွေက ပြောပါတယ်။

မနှစ်က နိုဝင်ဘာလထဲမှာ အမေရိကန် သမ္မတဂျိုးဘိုင်ဒန်ဟာ တရုတ်သမ္မတ ရှိကျင့်ပင်နဲ့ ဆန်ဖရန်စစ္စကိုက အာရှ- ပစိဖိတ် ဒေသတွင်းနိုင်ငံများ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ APEC အစည်းဝေးမှာ သီးသန့်တွေ့ဆုံခဲ့တာ ဖြစ်ပြီး ဒီဇင်ဘာလထဲမှာတော့ ၂ နိုင်ငံ စစ်တပ်တာဝန်ရှိသူတွေကြား အွန်လိုင်းကနေပဲ ပထမဆုံး တွေ့ဆုံခဲ့တာဖြစ်ပါတယ်။ အခု တွေ့ဆုံပွဲမှာတော့ စစ်တပ်တာဝန်ရှိသူ ၁၈ ဦးစီ လူကိုယ်တိုင် တက်ရောက် ဆွေးနွေးကြတာ ဖြစ်ပါတယ်။

Forum

XS
SM
MD
LG