သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာနိုင်ငံ မြေမြှုပ်မိုင်း အသုံးပြုမှုတိုးလာကြောင်း လေ့လာသူတွေ တွေ့ရှိ


မြန်မာမှာ မြေမြှုပ်မိုင်း သုံးစွဲမှုတိုးလာ
မြန်မာမှာ မြေမြှုပ်မိုင်း သုံးစွဲမှုတိုးလာ

မြေမြှုပ်မိုင်းအသုံးပြုမှုတွေကို တားဆီးထားပေမဲ့ မြန်မာနိုင်ငံ အပါအဝင် ကမ္ဘာတလွှားမှာ မိုင်းအသုံးပြုမှုတွေ ရှိနေဆဲဖြစ်ပြီး၊ နောက်ထပ် အသုံးပြုတဲ့ နေရာတွေလည်း တိုးလာနေတယ်လို့ အစီရင်ခံစာသစ်က ဖော်ပြလိုက်ပါတယ်။ လက်နက်ကိုင် ပဋိပက္ခတွေ ပေါ်ပေါက်နေတဲ့ မြန်မာ၊ ရုရှား၊ ယူကရိန်းနိုင်ငံတွေမှာ ပြီးခဲ့တဲ့နှစ်ထဲ လူသတ်မိုင်းတွေ အသုံးပြုခဲ့ကြသလို အနည်းဆုံး နောက်ထပ် ၅ နိုင်ငံမှာ လက်နက်ကိုင် အဖွဲ့တွေက အသုံးပြုခဲ့တာ တွေ့ရတယ်လို့လည်း ဒီကနေ့ ထုတ်ပြန်တဲ့ မြေမြှုပ်မိုင်းအသုံးပြုမှု စောင့်ကြည့်ရေးအဖွဲ့ Landmine Monitor ရဲ့ ၂၀၂၃ ခုနှစ် အစီရင်ခံစာမှာ ဖော်ပြခဲ့တာပါ။

အစီရင်ခံစာ ပြုစုတဲ့ ကာလအတွင်း မှတ်တမ်းတွေအရ မြန်မာလက်နက်ကိုင် တပ်ဖွဲ့တွေက လူသတ်မိုင်းတွေ ကျယ်ကျယ်ပြန့်ပြန့် သုံးစွဲခဲ့တာတွေ့ခဲ့ရပြီး ၁၉၉၉ ခုနှစ်မှာ ပထမဆုံးအကြိမ် အစီရင်ခံစာ ထုတ်ပြန်ချိန်ကစ မြန်မာနိုင်ငံမှာ နောက်ထပ် မိုင်းအသုံးပြုမှုတွေကို တွေ့လာရတယ်လို့လည်း ပြောပါတယ်။ အထူးသဖြင့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ စစ်တပ်က အာဏာသိမ်းပြီးနောက် မိုင်းအသုံးပြုမှုတွေ ပိုတွေ့ခဲ့ရပြီး မိုဘိုင်းတယ်လီဖုန်း ဆက်သွယ်ရေး တာဝါတိုင်တွေ၊ သတ္ထုတူးဖော်ရေး၊ စွမ်းအင်ပိုက်လိုင်း အစရှိတဲ့ အခြေခံအဆောက်အအုံတွေကို မိုင်းခွဲတာတွေ ရှိခဲ့တယ်လို့လည်း ဖော်ပြထားတာပါ။

သြဂုတ်လအတွင်း သိမ်းဆည်းရရှိခဲ့တဲ့ မြန်မာစစ်တပ်က ထုတ်လုပ်တဲ့ မိုင်းတွေ၊ လက်နက်ကိုင်အဖွဲ့တွေမှာရှိတဲ့ မိုင်းတွေကို ကြည့်မယ်ဆိုရင် မြန်မာနိုင်ငံမှာ လူသတ်မိုင်းတွေ ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုနေတာ တွေ့နိုင်တယ်လို့လည်း Landmine Monitor အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ တိုင်းရင်းသား ဒေသတွေ အများစု အပါအဝင် မြန်မာနိုင်ငံ နေရာတော်တော်များများက မိုင်းအသုံးပြုမှုတွေကို စစ်တပ်နဲ့ လက်နက်ကိုင် အဖွဲ့တွေ ဒေသခံတွေ လက်ချက်ဖြစ်တာ တွေ့ခဲ့ရပြီး ပြီးခဲ့တဲ့နှစ်အတွင်း သေကျေထိခိုက်မှု ၅၀၀ ကျော်ထက်မနည်း ရှိခဲ့ကြောင်းလည်း ဖော်ပြထားပါတယ်။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG